သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဘောလုံးအားကစားနည်းသည် လူကြီး ၊ လူငယ် ၊အမျိုးသား ၊ အမျိုးသမီးမရွေး ကမ္ဘာနှင့်အဝှမ်း စိတ်ပါဝင်စားပြီး အားပေးချီးမြှင့်မှု အများဆုံးဖြစ်သည့် အားကစားနည်းတစ်ရပ်ဖြစ်ပါကြောင်း


Read More...
14-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတက်ရောက်
၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။


Read More...
14-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ၊ ရတနာသုခသာသနာ့ဗိမာန်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၊  ဓာတုကင်းလွတ်ပေါ်ဆန်း (၂၅၀)ဧက စိုက်ပျိုးခြင်းသရုပ်ပြပွဲတက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ဓာတုကင်းလွတ်ပေါ်ဆန်း (၂၅၀)ဧက စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက နွားရေတိုက် ကျေးရွာ၊ တောင်သူဦးမြင့်ဆွေ၏ စိုက်ဧက(၅)ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ တက်ရောက်အားပေးခဲ့သည်။


Read More...
14-Aug-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး (၂၀၂၅)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အမျိုးသမီး ရေးရာအဖွဲ့များ၊ ကိုယ်ဝန်ဆောင်များနှင့် မိခင်များနှင့်ရ ကလေးငယ်များတက်ရောက်ခဲ့ကြသည်။


Read More...
13-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့၊ ဖောင်ဆိပ်ကျေးရွာကမ်းပါးပြိုကျမှုအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတမြို့၊အိပ်ပျက်ကျေး ရွာအုပ်စုရှိကျေးရွာများကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ အမျိုးသားသဘာဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဆောင်ရွက်ပြီး Geotextile ကမ်းထိန်းတမံ အလျား ၅၀၀၀ ပေ အောက်ဘက်ရှိ ၂၀၂၅_၂၀၂၆ ဘဏ္ဍာနှစ်တွင်ယာယီကမ်းထိန်း ဆောင်ရွက်ထားသော RD-5000 မှ RD-5500 ကြားရှိ ပေ(၂၀ဝ)ခန့်သည် ယခုလ ၁၁ရက်နေ့မွန်းလွဲပိုင်း မြစ်ရေကျဆင်းချိန်တွင် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ အဆိုပါ ဖြစ်ပွားခဲ့ရာနေရာသို့ ယမန်နေ့ညနေပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
12-Aug-2025