သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“သက်ကြီးပုဂ္ဂိုလ်များ၏ဘဝပိုမိုသာယာစိုပြည်စေရေး၊ စိုးရိမ်သောက များကင်းဝေးစေရေးအတွက် မိသားစုတွင် တန်ဖိုးရှိစွာဖြင့် ဦးဆောင်ပါဝင်နိုင်စေရေး ရည်ရွယ်ပြီး ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့၏ ဆောင်ပုဒ်ကို “ ဘဝချမ်းသာ အခွင့်အရေးများရရှိရေး သက်ကြီးသူများဦးဆောင်ပါဝင်ပေး" “ Older Persons Driving Local and Global Action: Our Aspirations, Our Well - Being, Our Rights " ထားရှိပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ ရင့်ကျက်တည်ငြိမ်သော သဘောထားအမြင်၊ တွေ့ကြုံခဲ့ရသော အတွေ့အကြုံကောင်းများကိုအခြေခံပြီး ချမ်းသာသုခပြည့်ဝစေလိုသော စေတနာဖြင့် ဆောင်ရွက် ပေးနိုင်သော လုပ်ပိုင်ခွင့်များ ဖန်တီးဆောင်ရွက်ပေးကာ မိမိမိသားစုဝင်များနှင့် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွက် ဦးဆောင်ဦးရွက်ပြုနိုင်စေရေး ရည်ရွယ်ချမှတ်ခဲ့သည့် ဆောင်ပုဒ်ဖြစ်၍ လက်တွေအကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေး အစိုးရဌာနဆိုင်ရာများ အပါအဝင် လူငယ်လူရွယ်များအားလုံးကို တိုက်တွန်းပြောကြားလိုပါကြောင်း


Read More...
01-Oct-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပါသည်။


Read More...
01-Oct-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။


Read More...
01-Oct-2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့်လုပ်ငန်းများအတွက် တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေရှင်းလင်းတင်ပြခြင်းအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ် သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့်လုပ်ငန်းများအတွက် တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့်ချထားပေးသည့် အဆောက်အဦများကို တာဝန်ယူဆောက်လုပ်ရာတွင် ဆောက်လုပ်သည့်ကုမ္ပဏီများ အနေဖြင့် အရည်အသွေး အကောင်းဆုံးဖြစ်စေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် လိုပါကြောင်း


Read More...
30-Sep-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့၊ တံတားအထူးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Read More...
30-Sep-2025