သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ဧရာသီရိသုခခန်းမတွင်ပြုလုပ်သည့် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သမဝါယမလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
Read More...
20-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်၌ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)က ကြီးမှူးကျင်းပသော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက် ဖူးမြော်ကြည်ညိုကြသည်။
Read More...
20-Jun-2026
ပြည်သူများမှ အခွန်အခများပေးဆောင်မူအပေါ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင်ကျေးဇူးတင်မိပါကြောင်း၊ အခွန်အခငွေကြေးများအား ပြည်သူတွေရဲ့ လိုအပ်နေသောနေရာများအားမှန်ကန်မြန်ဆန်ထိရောက်စွာ အကျိုးပြုလုပ်ဆောင်သွားမည်
Read More...
ဧရာ၀တီတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွက် ပေးချေရန်ဖြစ်သည့် အခွန်အကောက်ရငွေများမှ အခွန်ဝေစုများလွှဲပြောင်းပေးခြင်းအစီအစဉ်အရ စုစုပေါင်းကျပ်သန်း(၄၅၅၉.၅၈၈) အား တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေး၀န်ကြီးထံသို့ ဇွန်လ ၁၆ ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
Read More...
20-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြောင်းမြမြို့တွင် ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်း ကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
Read More...
18-Jun-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသင်တန်းကျောင်း(မြောင်းမြ)၏ အပတ်စဉ်(၆) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားများတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြောင်းမြမြို့သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “သူနာပြုအတတ်ပညာသည် နိုင်ငံတော်နှင့် လုပ်သားပြည်သူများအတွက် အားကိုးအားထားရသည့်အပြင် မိမိတို့အတွက် ကုသိုလ်လဲရဝမ်းလဲဝသည့် အလုပ်ဖြစ်၍ သူနာပြုအလုပ်ကို ဂုဏ်ယူစွာဖြင့် လုပ်ကိုင်ရင်း ပြည်သူကို အလုပ်အကျွေးပြုကြရန်လိုပါကြောင်း
Read More...
17-Jun-2026