သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ်ဆေး၊ ဘဲ​မွေးမြူ​ရေးခြံများနှင့် ကြက်​မွေးမြူ​ရေးခြံများသို့သွားရောက်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မအူပင်ခရိူင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
01-Dec-2024
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစု​ပေါင်း၍ အိမ်၊ လမ်း၊ ရွာ၊ ​ကျောင်းသန့်ရှင်း​စေ​ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစို​ပြေ​စေ​ရေးနှင့် သန့်ရှင်းသာယာလှပ​စေ​ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပ​ရေး၊ ဘုရား​စေတီပုထိုးများ၊ ဘုန်း​တော်ကြီး​ကျောင်းများ၊ စာသင်​ကျောင်းများ၊ ​ဆေးရုံများနှင့် လမ်း​ဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ​ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်း က တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
30-Nov-2024
ပုသိမ်မြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ
၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းပြေးခုန်ပစ် ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဆုများချီးမြှင့်ခဲ့သည်။


Read More...
29-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ အခမ်းအနား တက်ရောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးတို့သည် မြန်အောင်မြို့၊ အောင်ဇေယျအားကစားခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှု အသင်းတို့မှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ဆက်လက်တက်ရောက်ခဲ့ကြသည်။


Read More...
28-Nov-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား ပို့ဆောင်နှုတ်ဆက်
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့မှ ဘောလုံး(အမျိုးသား၊ အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား၊ အမျိုးသမီး)၊ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) အားကစားအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့မှ နေပြည်တော်သို့ထွက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် ပုသိမ်မြို့၊ ရွှေရုပ်တုအဝိုင်းရှေ့တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


Read More...
28-Nov-2024