သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ခုနှစ်၊ (RS to CS) မျိုးစေ့ထုတ် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာ၊ တောင်သူ ဦးရဲရင့်အောင်၏ စိုက်ဧက(၅)ဧက တွင် ပြုလုပ်သည့် ၂၀၂၆-၂၀၂၇ခုနှစ်၊ (RS to CS) မျိုးစေ့ထုတ် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က တောင်သူများကို လျာထား စိုက်ဧကများ ပြည့်မီရေးအပြင် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံအမယ်သစ်များ စိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်တိုးရန် လုပ်ဆောင်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း(၄)မျိုးကို အခြေခံ၍ ဆောင်ရွက်ရေး ကိစ္စရပ်များကိုဆွေးနွေးပြောကြားခဲ့ပြီး စပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးကာ ကောက်စိုက်လုံမေများ၊ ဖျော်ဖြေရေးအကအဖွဲ့များကို ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။


Read More...
05-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဒေသတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးမှု အထောက်အကူပြု ထုတ်ကုန်ပြပွဲ၊ နည်းပညာပြပွဲနှင့် Rice Export Zone စီမံချက် မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှု စခန်း၌ ဒေသတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးမှု အထောက်အကူပြု ထုတ်ကုန်ပြပွဲ၊ နည်းပညာပြပွဲနှင့် Rice Export Zone စီမံချက် မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ စိုက်ပျိုးစရိတ်ချေးငွေနှင့် သွင်းအားစုများ ပေးအပ်ခဲ့သည်။


Read More...
05-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ ပါဝင်မှုနှင့်စွမ်းဆောင် နိုင်မှုများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကိုတည်ဆောက်ရာတွင် အရေးကြီးသည့်အကြောင်းအရင်းတစ်ရပ်ဖြစ်ပါကြောင်း


Read More...
03-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့ နေလည်ပိုင်းက ဧရာဝတီစာကြည့်တိုက်သို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများ စာပေလာရောက်ဖတ်ရှုနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့ နေလည်ပိုင်းက ဧရာဝတီစာကြည့်တိုက်သို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများ စာပေလာရောက်ဖတ်ရှုနေမှုများကို ကြည့်ရှုအားပေးပြီး သုတ၊ ရသစာအုပ်များ စုံလင်စွာထားရှိစေရေး၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဆောင်းပါးများ စုံလင်စွာထားရှိစေရေး၊ စာဖတ်သူများပိုမို စိတ်ပါဝင်စားစွာလာရောက်ဖတ်ရှုနိုင်ရေးပြင်ဆင်ထားရှိစေရေး၊ စာအုပ်များပျက်စီးမှုများမဖြစ်ပေါ်ရေးနှင့် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များကို မှာကြားခဲ့သည်။


Read More...
03-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။


Read More...
03-Jul-2026