သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါစီမံကိန်း ဆောင်ရွက်သော တောင်သူများအား မြို့နယ်အတွင်း ဝယ်ယူကြိတ်ခွဲ ဆောင်ရွက်နေသူများမှ မျိုးစေ့ချကိရိယာ(Drum Seeder )ပေးအပ်ပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ခုနှစ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါစီမံကိန်း ဆောင်ရွက်သော တောင်သူများအား မြို့နယ်အတွင်း ဝယ်ယူကြိတ်ခွဲ ဆောင်ရွက်နေသူများမှ မျိုးစေ့ချကိရိယာ(Drum Seeder )ပေးအပ်ပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး မျိုးစေ့ကိရိယာ(Drum Seeder )နှင့် သွင်းအားစုများပေးအပ်ခဲ့သည်။


Read More...
20-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၁) ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပူဇော်ပွဲသို့ တက်ရောက်၍ အရုဏ်ဆွမ်းများဆက်ကပ်လောင်းလှူ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၂၁)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူပူဇော်ပွဲကို ယနေ့နံနက်(၄)နာရီအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါဓမ္မာရုံတွင် ကျင်းပခဲ့ရာ အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများတက်ရောက်၍ အရုဏ်ဆွမ်းများ လောင်းလှူခဲ့ကြသည်။ 


Read More...
19-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် စိုက်ပျိုး မွေးမြူရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်   စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။ 


Read More...
19-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပရိသတ်များသည်  ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ် နောက်ဆုံးနေ့ပွဲစဉ်အဖြစ်  နေပြည်တော်ကောင်စီနယ်မြေကိုယ်စားပြုအသင်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို  တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


Read More...
18-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြောင်းမြမြို့၊ Happy ဖူဆယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။


Read More...
18-Jul-2025