သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာ တောင်သူဦးထွန်းလှိုင်၏ စိုက်ဧက(၅)ဧကတွင်ပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းအား ကောက်စိုက်လုံမေများဖြင့် စပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာ တောင်သူဦးထွန်းလှိုင်၏ စိုက်ဧက(၅)ဧကတွင်ပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းအား ကောက်စိုက်လုံမေများဖြင့် စပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် စိုက်ဧများပြည့်မီရေးတို့ကို မှာကြားခဲ့ပြီး ကောက်စိုက်လုံမေများကို စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်‌ငွေများ ပေးအပ်ခဲ့သည်။


Read More...
15-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေကြည်မြို့နယ်၊ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငဝန်ရေကာတာ တာမိုင်၅၅/၃အနီး ကညင်ငူကျေးရွာတွင်ပြုလုပ်သည့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှပြုလုပ်သည့် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်တာတမံများကို ပြုပြင်ရန်နှင့် ပြင်ဆင်ထိန်းသိမ်းရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တာတမံများကို တောင့်တင်းကြံ့ခိုင်မှုရှိအောင် ပြုပြင်ဆောင်ရွက်မှုများနှင့်အတူ ရေရှည် တည်တံ့ပြီး ထိခိုက်မှုမရှိအောင် ထိန်းသိမ်းဖို့လည်း အရေးကြီးပါကြောင်း


Read More...
15-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဘဲလ်လာ ကြိမ်ထည်ပစ္စည်း အလှဆင်လုပ်ငန်းနှင့် ယမထာနှင့် ရွှေကြိမ်လုံး ကြိမ်၊ ကြိမ်ချောထည်၊ ကြိမ်အူလုံး၊ နန်းပင်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းအားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ ဆရာစံရပ်ကွက်၊ ပိုင်ရှင် ဦးမြင့်ဦး၏ MSME လုပ်ငန်းဖြစ်သည့် ဘဲလ်လာ ကြိမ်ထည်ပစ္စည်း အလှဆင်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှု၊ ပြည်တွင်းပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှု၊ ရေကြည်မြို့နယ်အတွင်း ကြိမ်စိုက်ခင်းများ စမ်းသပ်စိုက်ပျိုးနေမှုအခြေနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်ကြမ်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ကြိမ်စိုက်ခင်းများကို တိုးချဲ့စိုက်ပျိုးကြရန်နှင့် MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


Read More...
15-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဇလွန်မြို့နယ် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ ဧရာဝတီဟင်္သာတတာမိုင် (၂၅/၂)ဆန်တန်းရပ်ကွက်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှပြုလုပ်သည့် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေး ကာကွယ်ရေးအတွက် ရေကာတာများနှင့် တာတမံများကို ခိုင်မာစွာတည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများကို နှစ်စဉ်ဆောင်ရွက်သကဲ့သို့ ဒေသတွင်းတွင်ရှိသည့် မြစ်များ၊ ချောင်းများ မြောင်းများ၌ ရွှံနွံပိ ရွှံ့နွံပိတ်ဆို့တိမ်ကောမှုများ မရှိအောင်၊ အမှိုက်သရိုက်များနှင့် ရေစီးရေလာ အဟန့်အတားမဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်သည့်အခါ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ အင်အားသာမက ဒေသခံပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်မှသာ လျင်လျင်မြန်မြန်နှင့်အောင်မြင်စေမည် ဖြစ်ပါကြောင်း” ပြောကြားသည်။


Read More...
15-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအားဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများကပ်လှူပူဇော်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးတို့သည် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။


Read More...
15-Jul-2026