သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးအခြေခံ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၁၀၀ ဘဏ္ဍာရေးပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုခြင်း
ဧရာဝတီတိုင်းဒေသကြီးသည် မိမိတို့မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကအချက်အချာကျသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် အခြေခံအကျဆုံးဖြစ်သော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အားကောင်းမောင်းသန် ဖြစ်ထွန်းလာစေရန် အလွန်အရေးကြီးလှပါသည်။


Read More...
15-Jul-2026
ရေဘေးအန္တရာယ်နှင့်အတူ မြွေအန္တရာယ်ကိုလည်း အထူးသတိပြုကြပါရန်
လက်ရှိ ရေတက်/ရေကြီးနေတဲ့ အချိန်ကာလမှာ မိမိတို့ရဲ့ နေအိမ်၊ ခြံဝင်းအတွင်းနဲ့ ရေမြုပ်နေတဲ့ လမ်းမတွေပေါ်မှာ ရေစီးနဲ့အတူ မျောပါလာတတ်တဲ့ မြွေအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ နှိုးဆော်ချင်ပါတယ်။ #ရေစပ်စပ်နေရာများနှင့်အမှိုက်ပုံများ ရေလွတ်ရာကို တက်လာတတ်တဲ့ မြွေတွေ ခိုအောင်းနေနိုင်တာမို့ သတိထားကြည့်ရှုပါ။ #ညဘက်အပြင်ထွက်လျှင် ဓာတ်မီး သို့မဟုတ် ဖုန်းမီး အမြဲဆောင်ပါ၊ အမှောင်ထဲ လမ်းမလျှောက်ပါနဲ့။ #ကလေးငယ်များကိုသတိထားပါ ကလေးငယ်တွေ ရေဆော့တဲ့အခါ ရေထဲမှာ မြွေပါလာနိုင်ခြေရှိလို့ လူကြီးမိဘတွေ မျက်ခြေမပြတ် စောင့်ကြည့်ပေးကြပါ။


Read More...
14-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေး အခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးအခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


Read More...
14-Jul-2026
ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား ကျေးလက်ဖွံ့ဖြိုးရေးဘက်စုံထူးချွန်ဆု ဒုတိယဆုချီးမြှင့်
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့၊ နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့နှင့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့” အခမ်းအနားတွင် “ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန”မှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်သည့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်စီးပွား မြင့်မားရေးလုပ်ငန်းများနှင့် ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူကိုယ်တိုင် စီမံခန့်ခွဲသောနည်းလမ်း၊ ပြည်သူပူးပေါင်းပါဝင်သောနည်းလမ်းတို့ဖြင့် ထူးချွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသဖြင့် “ကျေးလက်ဖွံ့ဖြိုးရေး ဘက်စုံထူးချွန် ဒုတိယဆု”ကို ရရှိခဲ့ပြီး၊ “မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ”အား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပြည်သူကိုယ်တိုင် စီမံခန့်ခွဲသော ကျေးရွာစီမံကိန်း တစ်ခုဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအား ထူးချွန်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသဖြင့် “မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကျေးရွာဒုတိယဆု” တို့ကို အသီးသီးရရှိခဲ့ပါသည်။


Read More...
14-Jul-2026
မိဘပြည်သူများသို့အသိပေးပန်ကြားချက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မိုးအဆက်မပျက်ရွာသွန်းမူကြောင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်- ရှောပြာ-ချောင်းသာလမ်းတွင် ရေကျော်မူဖြစ်ပွားသည့်အတွက် လမ်းများခေတ္တပိတ်ထားရပါသည်။ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ည ၁၁ နာရီအချိန်ခန့်တွင် လမ်းများပြန်လည်ပွင့်သွားပြီဖြစ်ပါကြောင်းနှင့် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း ပြန်လည်အသုံးပြု၍ရပြီဖြစ်ပါကြောင်း မိဘပြည်သူများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။


Read More...
14-Jul-2026