သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လျှောက်ထားသူ တောင်သူများကိုယ်စား တောင်သူ (၆)ဦးမှ တွေ့ဆုံတင်ပြမှုအပေါ် လက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ လပွတ္တာမြို့နယ်၊ ဘုရင့်နောင် ဧည့်ရိပ်သာတွင် ရွှေကျွန်းသာ ဒေသအတွင်း စိစစ်ဆောင်ရွက်နေဆဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လျှောက်ထားသူ တောင်သူများကိုယ်စား တောင်သူ (၆)ဦးမှ တွေ့ဆုံတင်ပြမှုအပေါ် လက်ခံတွေ့ဆုံပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်နေကြောင်း တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပါသည်။


Read More...
15-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာဒေသ မြေလွတ်မြေလပ် မြေရိုင်းလုပ်ပိုင်ခွင့်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော တောင်သူလယ်သမားများနှင့်အတူ လပွတ္တာမြို့နယ်၊ ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်သော လပွတ္တာမြို့နယ်၊ ရွှေကျွန်းသာဒေသ မြေလွတ်မြေလပ် မြေရိုင်းလုပ်ပိုင်ခွင့်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဒီကနေ့ အခမ်းအနားသည်


Read More...
15-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မိုးရာသီစာအုပ်ပြပွဲ၊ စာအုပ်စျေးရောင်းပွဲတော် ဖွင့်ပွဲနှင့် ပြည်သူ့စကားဝိုင်း (Public Talk)အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မိုးရာသီစာအုပ်ပြပွဲ၊ စာအုပ်စျေးရောင်းပွဲတော် ဖွင့်ပွဲနှင့် ပြည်သူ့စကားဝိုင်း (Public Talk)အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မိုးရာသီစာအုပ်ပြပွဲ၊ စာအုပ်စျေးရောင်းပွဲတော်အား ဖွင့်လှစ်ခဲ့ပြီး စာအုပ်စျေးရောင်းပွဲတော် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။


Read More...
15-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ NGO/INGO များနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...
15-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတမြို့၊ ရွှေကူရေကင်းစခန်း၊ အမှတ် (၁၁)၌ ဟင်္သာတ - ကမ်းနာတာ တာမိုင် (၈/၄)မှ (၁၀/၄)အတွင်း တာတမံပြုပြင်ပြီးစီးမှု အခြေအနေနှင့် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ ငဝန်တာ တာမိုင် (၃၉/၀) မှ (၇၅/၇)အတွင်း တာမြှင့်တင်ပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဟင်္သာတမြို့၊ ရွှေကူရေကင်းစခန်း၊ အမှတ် (၁၁)၌ ဟင်္သာတ - ကမ်းနာတာ တာမိုင် (၈/၄)မှ (၁၀/၄)အတွင်း တာတမံပြုပြင်ပြီးစီးမှု အခြေအနေနှင့် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ ငဝန်တာ တာမိုင် (၃၉/၀) မှ (၇၅/၇)အတွင်း တာမြှင့်တင်ပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုခဲ့ပြီး ဆည်မြောင်းဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
06-Jul-2018