သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောငိးဝဂျိုင်ကျေးရွာတို့အား ဆက်သွယ်ထားသည့် သံတွဲ - ဂွ လမ်းပိုင်းပေါ်ရှိ ဂွချောင်းအား ဖြတ်ကူးတည်ဆောက်ထားသည့် ကျောက်ချွန်ဂွချောင်းတံတား ဖွင့်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၁.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောငိးဝဂျိုင်ကျေးရွာတို့အား ဆက်သွယ်ထားသည့် သံတွဲ - ဂွ လမ်းပိုင်းပေါ်ရှိ ဂွချောင်းအား ဖြတ်ကူးတည်ဆောက်ထားသည့် ကျောက်ချွန်ဂွချောင်းတံတား ဖွင့်ပွဲအခမ်းအနားကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။


Read More...
03-Jan-2019
ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းကျေးရွာအုပ်စု၊ အင်းရဲကျွန်းသမိုင်းအကျဉ်း
ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းကျေးရွာအုပ်စု၊ အင်းရဲကျွန်းကျေးရွာတွင် လွန်ခဲ့သော နှစ်ပေါင်း(၁၅၀)ခန့်က ဖူကျော်လှ၊ ဖီသဲမှုံ မိသားစုသည် ကညင်ဆိုင်ကျေးရွာမှ အင်းရဲကျွန်းသို့ စတင်ပြောင်းရွှေ့အခြေချ နေထိုင်ကြပါသည်။ ကျွန်းသည် မြစ်ကျိုးအင်းဖြစ်ပြီး သားငါးများ ပေါများ၍ လူဦးရေအနည်းငယ်သာရှိပါသည်။ ထိုစဉ်က ကျွန်းပေါ်တွင် ဖျံများ၊ တောဝက်များ နေထိုင်သည်ဟု ကျွန်းပေါ်တွင်ရှိသော သက်ကြီးစကားသက်ငယ်ကြား မှတ်သားခဲ့ရပါသည်။


Read More...
11-Dec-2018
အိမ်မဲမြို့နယ်အတွင်းရှိ ထင်ရှားသော သမိုင်းဝင်နေရာများ
ထင်ရှားသည့်သမိုင်းဝင်အမည် - အိမ်မဲဘုရင့်နောင်ဖောင်ဖျက်သမိုင်း တည်ရှိသည့်နေရာ - ဒေါင့်ကြီးလေးကျေးရွာ၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ အိမ်မဲမြို့နယ်


Read More...
11-Dec-2018
ဓနုဖြူမြို့၊အမှတ်(၁၅)ရပ်ကွက်အတွင်းထင်ရှားသောသမိုင်းဝင်နေရာများ
ထင်ရှားသည့်သမိုင်းဝင်အမည် - စစ်သူကြီးမဟာဗန္ဓုလ( သတိုးသုဓမ္မမဟာဗန္ဓုလ) တည်ရှိသည့်နေရာ - အမှတ်(၁၅)ရပ်ကွက်၊ဓနုဖြူမြို့


Read More...
11-Dec-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၉.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေ ဟိုတယ်ဇုန်တွင် ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာစေရေး၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးတက်ရရှိစေရေး၊ သန့်ရှင်းသာယာလှပသည့် ချောင်းသာကမ်းခြေဟိုတယ်ဇုန်အား ပြည်ပခရီးသွားများ ပိုမိုသိရှိစေရေးကို ရည်ရွယ်ကျင်းပသည့် ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ခဲ့ပါသည်။


Read More...
11-Dec-2018