သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒီဇင်ဘာလ (ပထမအပတ်)စုပေါင်းလမ်းလျှောက်ပွဲအား ပါဝင်ဆင်နွှဲ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁.၁၂.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒီဇင်ဘာလ (ပထမအပတ်)စုပေါင်းလမ်းလျှောက်ပွဲအား ပါဝင်ဆင်နွှဲခဲ့ပါသည်။


Read More...
03-Jan-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် Ayeyarwady Region Investment Fair 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃၀.၁၁.၂၀၁၈)ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် Ayeyarwady Region Investment Fair 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထားသော ဆိုင်ခန်းများအား လှည့်ည်ကြည့်ရှု့ခဲ့ပါသည်။


Read More...
03-Jan-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒေးဒရဲမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စုတွင် နန္ဒာအောင်မြေပရဟိတအသင်းမှ လှူဒါန်းငွေကျပ် (၆၄၄)သိန်းဖြင့် ဆောက်လုပ်ထားသည့် အဝပြန်ကျေးရွာရှိ သုခနန္ဒာတံတား၊ ချမ်းမြေ့သာယာလမ်းနှင့် ချမ်းမြေ့သာယာတံတား စစ်မြစ်တန်းကျေးရွာရှိ အေးမြသာယာတံတား၊ ထိုင်ကူမြစ်တန်းကျေးရွာရှိ အောင်သုခတံတားတို့အား ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာပါက ကျေးလက်ဒေသများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြို့နယ်/ခရိုင်/တိုင်းဒေသကြီးအထိ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နိုင်ငတော်အဆင့်အထိ ဖွံ့ဖြိုးမှုအသီးအပွင့်များ ခံစားကြရမည် ဖြစ်ပါသည်။


Read More...
03-Jan-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့ပါသည်။


Read More...
03-Jan-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် Junction Square Pathein ပန္နက်တင် မင်္ဂလာ အခမ်းအနားနှင့် အဋ္ဌမအကြိမ် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၂.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ပုသိမ်မြို့၊ မြကျွန်းသာ အိမ်ရာဝန်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် Junction Square Pathein ပန္နက်တင် မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...
03-Jan-2019