သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး တိုင်းလုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၉.၈.၂၀၁၈)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးတာဝန်ရှိ ဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး တိုင်းလုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ပုသိမ်မြို့နယ်နှင့်ကန်ကြီးထောင့်မြို့နယ်တို့တွင်


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇.၈.၂၀၁၈)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးတာဝန်ရှိ ဌာနဆိုင်ရာများ၊ သတင်းမီဒီယာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဝါတွင်းဆွမ်းလောင်းပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃၁.၇.၂၀၁၈)ရက်နေ့၊ (၀၃၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ဝိသာခါ (ဒေါ်လှရင်)တန်ဆောင်း၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဝါတွင်းဆွမ်းလောင်းပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပုသိမ်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၂၂၇)ကျောင်းမှ ဝါဆိုဝါကပ်တော်မူသော သံဃာတော်အပါး (၂၃၀၀)တို့အား အရုဏ်ဆွမ်း လောင်းလှူခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့်မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာန နာယကဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၄.၇.၂၀၁၈)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းရှိ သံဃာတော်များနှင့် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် (၁၈၇)ကျောင်းနှင့် သီလရှင်စာသင်တိုက်တို့အား သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျောင်းကုန်းမြို့နယ်၊ အရှေ့ကျွဲလမ်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် သမဝါယမထက်ဧရာ ဓာတ်မြေသြဇာ (အရော )စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ကျောင်းကုန်းမြို့နယ်၊ အရှေ့ကျွဲလမ်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် သမဝါယမထက်ဧရာ ဓာတ်မြေသြဇာ (အရော )စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အခမ်းအနားအား ဖွင့်လှစ်ကာ စက်ရုံအတွင်း ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။


Read More...
21-Aug-2018