သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် လေးမျက်နှာမြို့နယ် ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် ၂၅/၃ ၌ တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်နေသည့် လေးမျက်နှာမြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးသင့်ပြည်သူများ၊ ကျွဲ၊ နွားတိရစ္ဆာန်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှုကာ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Read More...
31-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်ရေကာတာကျိုးပေါက်မှုနှင့်စပ်လျဉ်း၍ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သခွတ်ချောင်းကျေးရွာအုပ်စု ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာကျိုးပေါက်မှုနှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
Read More...
31-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် (၂၂) ကြိမ်မြောက် ဝါတွင်းကာလ အရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲသို့ တက်ရောက်၍ အရုဏ်ဆွမ်းများဆက်ကပ်လောင်းလှူ
Read More...
(၂၂) ကြိမ်မြောက် ဝါတွင်းအရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့နံနက်(၄) နာရီအချိန်က ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဝိသာခါ ဓမ္မာရုံတွင် ကျင်းပခဲ့ရာ အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာဆိုင်ရာများ တက်ရောက်၍ အရုဏ်ဆွမ်းများ လောင်းလှူခဲ့ကြသည်။
Read More...
31-Jul-2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကြီး၏ လမ်းညွန်မူဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ မရပ်မနားလုပ်ဆောင်နေ
Read More...
၃၁.၇.၂၀၂၆ ရက်နေ့၊ ၀၇ ၀၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနှင့် ညောင်ပင်ဝဲကျေးရွာရှိ အိမ်ထောင်စုများအား ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
Read More...
31-Jul-2026
ပုသိမ်မြို့၌ (၇၄) ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သီလရှင်ဝတ်စုံ လှူဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်း၌ ယနေ့နံနက် ပိုင်းက ၁၃၈၈ ခုနှစ်၊ (၇၄)ကြိမ်မြောက် ပုသိမ်မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် သီလရှင်ဝတ်စုံလှူဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။
Read More...
30-Jul-2026