သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီး စားဆီကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယ)နေ့တက်ရောက်ပြီး စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး စီမံကိန်းတာဝန်ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုးကွင်းဆက်တစ်လျောက် အားပေးမြှင့်တင်ရန်ရည်ရွယ်၍ “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့”ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ(ဒုတိယ)နေ့ ကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ခရိုင်(၈)ခုအား မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ ကော်ဖီသီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး စီမံကိန်းတာဝန်ပေးအပ်သည်။
Read More...
27-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း (၃/၂၀၂၆)ဖွင့်ပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သည် ဇူလိူင် ၂၃ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်း အန္တရာယ်ကို သိရှိ နားလည်ပြီး စနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် ထိရောက်အောင်မြင်စေရန်၊ ဘေးကင်းလုံခြုံ စိတ်ချရသော စားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ သင်တန်းသား (၂၀၀)ဦးအား ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၃ ရက်ကြာဖွင့်လှစ်ခဲ့သည့် လက်မှတ်ရ ပိုးသတ်ဆေး သုံးစွဲသူများ သင်တန်း(၃/၂၀၂၆)ဖွင့်ပွဲအခမ်းအနားတက်ရောက်၍ အမှာစကားများ ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
Read More...
26-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီး စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်“ ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့” ခေါင်းစဉ်ဖြင့်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး လာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုးကွင်းဆက်တစ်လျောက် အားပေးမြှင့်တင်ရန်ရည်ရွယ်၍ “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့”ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တောင်သူများက ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
Read More...
26-Jul-2026
အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာနှင့် တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အားကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ပြုလုပ်သည့် ပုသိမ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာနှင့် တိုက်နယ် ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် Chaung Tha FC အသင်းနှင့် Family Six FCအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Read More...
25-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ချောင်းသာမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ချောင်းသာမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသည့်လူနာများအား အားပေးစကားများ ပြောကြားခဲ့ပြီး ခွဲစိတ်ခန်းများ၊ ဆေးသိုလှောင်ရုံများ ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
25-Jul-2026