သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်ချက်များဖြည့်ဆည်းပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ကာ ရေဘေးသင့်ခဲ့ရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဆန်ရိက္ခာအ‌ခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ပြီး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


Read More...
03-Aug-2026
အသိပေးနှိုးဆော်အပ်ပါသည်
လတ်တလော ကြုံတွေ့နေရသော ရေဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေကြသည့် ဘေးသင့်ပြည်သူများအား ကူညီရန် အကြောင်းပြ၍ လမ်းမများပေါ်တွင် မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူခံနေသည့် ဖြစ်စဉ်များ တွေ့ရှိနေရပါသည်။ မိမိတို့၏ စေတနာနှင့် သဒ္ဓါတရားဖြူစင်စွာ လှူဒါန်းလိုက်သော ငွေကြေးနှင့် ထောက်ပံ့ပစ္စည်းများသည် ဘေးသင့်ပြည်သူများထံ အမှန်တကယ်မရောက်ရှိဘဲ လိမ်လည်သူများ၏ လက်ဝယ်သို့ ရောက်ရှိသွားပါက အလှူ၏ ထိရောက်မှု လျော့နည်းသွားမည် ဖြစ်ပါသည်။


Read More...
03-Aug-2026
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်ရေကာတာကျိုးပေါက်သည့်နေရာပြုပြင်နေမှုကိုသွားရောက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဦးစီး၍ ငဝန်တာကျိုးပေါက်နေသည့်နေရာပြုပြင်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒုတိယဝန်ကြီးက "လက်ရှိ ကမ်းရင်းတာ(တာဟောင်း)အား ရေတိုက်စားပြိုကျမှုမှ ကာကွယ်နိုင်ရန်အတွက် တာခြေထောက်ခြင်းလုပ်ငန်းများအဖြစ် Geo Bag ကမ်းထိန်းအိတ်များချခြင်း၊ မျောတုတ်တန်းကာ၍ သဲအိတ်ဖြည့်ခြင်းလုပ်ငန်းများ‌၊ ကမ်းရင်းတာ(တာဟောင်း) ၁၂၀ ပေ ရေဝင်ပေါက်အား ဘေးနှစ်ဖက် မျောတုတ်တန်းများရိုက်၍ သဲအိတ်များထည့်ကာ ရေစီးကြောင်းအရှိန်လျော့ချရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ပန်းတာအား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်သော တိုင်းတာမှုလုပ်ငန်းများနှင့် ပစ္စည်းစုဆောင်းခြင်းလုပ်ငန်း‌ဆောင်ရွက်နေမှုများ၊ ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန်အတွက် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်း လုပ်ငန်းများကို စက်ယန္တယားများရောက်ရှိပါက ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေစီးကြောင်းအရှိန်လျော့ချရေးနှင့် ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန်အတွက် Geo Bag များ၊ ကျောက်ဖြည့်သံခြင်းချခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် သဲနှင့် ကျောက်များကို ရနိုင်သည့် အနီးဆုံးနေရာများမှ သယ်ယူဆောင်ရွက်နိုင်ရေးနှင့် စက်ယန္တယားများ အမြန်ဆုံးရောက်ရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


Read More...
02-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာ၊ ဦးဘစိုဓမ္မာရုံသို့ ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီီး ဆန်ရိက္ခာ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ စတုမုခစေတီတော်ကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာ၊ ဦးဘစိုဓမ္မာရုံသို့ ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီီး ဆန်ရိက္ခာ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ စတုမုခစေတီတော်ကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
02-Aug-2026
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာဓမ္မာရုံသို့ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အားပေးစကားများပြောကြားပြီးဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။


Read More...
02-Aug-2026