သတင်းများ

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဆိတ်နို့ကုန်းတာထိပ်သို့ရောက်ရှိ၍ ဒေသခံပြည်သူများ ဆက်သွယ်ရေးကွန်ယက်များ မပြတ်တောက်စေရေး၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံများအတွက် လိုအပ်သည့် စက်သုံးဆီများ ဖြည့်ဆည်း‌ပေးနိုင်ရေး၊ ဖုန်းနှင့် လျှပ်စစ်ပစ္စည်းများ အလွယ်တကူအားသွင်းနိုင်ရေးအတွက် ဆိုလာစနစ်နှင့် မီးစက်များမောင်းနှင်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

Read More...
02-Aug-2026
လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာမိုင် ၂၅/၃ ၌ တာကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူ များအား ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများကို ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ယမန်နေ့အထိ ရပ်ကွက်/ကျေး ရွာအုပ်စု(၁၀)ခုတွင် အိမ်ခြေ (၁၇၃၄)အိမ်၊ အိမ် ထောင်စု(၁၇၆၄)၊ လူဦးရေ ကျား/မစုစုပေါင်း (၈၃၈၂)ဦး ရေဘေးသင့်ခဲ့ကြောင်းနှင့်ကျေးရွာ အုပ်စု(၆) အုပ်စုတွင် တောင်သူပေါင်း (၂၅၉၃)ဦး ၏ မိုးစပါးစိုက်ဧက(၆၃၇၁)ဧက ရေနစ်မြုပ်လျက်ရှိကြောင်းသိရသည်။

Read More...
02-Aug-2026
လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးသို့ လာရောက်ကူညီကြသော လူမူရေးအသင်းအဖွဲ့များမှ မော်တော်ယဉ်များ၊ စက်လှေများအသုံးပြုရန်အတွက် စက်သုံးဆီများကို အောက်ပါဆီဆိုင်များတွင် ဝယ်ယူနိုင်ပါကြောင်းအသိပေးအပ်ပါသည်။

01-Aug-2026
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ငဝန်တာကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်သို့ လှည့်လည်ကြည့်ရှု၍ ရေဘေးရှောင်ပြည်သူများအား သွားရောက်ထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သည် ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးအေးကျော်နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ စာရေးကွင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ ဇူလိုင်လ (၃၀) ရက်နေ့၌ ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့၊ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၉ ရွာရှိ အိမ်ခြေ ၁၇၃၄ လုံး၊ အိမ်ထောင်စု ၁၇၆၄ စုမှ လူဦးရေ ၈၃၈၂ ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ဆန်ရိက္ခာဖိုးငွေ ကျပ် ၄၁.၉၁၀ သန်းနှင့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ကြက်ဥနှင့် ရေသန့်စသည့် အခြေခံစားသောက်ကုန်များအတွက် တန်ဖိုးငွေ ကျပ် ၄၁.၆၅၁ သန်းကျော် ၊ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၈၃.၅၆၁ သန်းကျော်အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာများအားလည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

Read More...
01-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်ရေကာတာကျိုးပေါက်မှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ လေးမျက်နှာမြို့နယ်၊ ငဝန်ရေကာတာကျိုးပေါက်မှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေဘေးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုပေးခဲ့သည်။

Read More...
01-Aug-2026