သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင် ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းခြင်းအခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက အခမ်းအနားအား “ ကရုဏာအလင်း” သီချင်းဖြင့်သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပထမနှစ်(Semester 1) ဖြေဆိုအောင်မြင်၍ သူနာပြုသင်တန်းသား၊ သင်တန်းသူများကို သူနာပြုအဆောင်အယောင် ဂျူတီကုတ်နှင့် ဦးဆောင်များ အပ်နှင်းပွဲဖြစ်ပါကြောင်း၊ ပြည်သူလူထုကိုအရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် သူနာပြုများသည် အလွန်အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်နေပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်း (၃)ကျောင်းတွင် သူနာပြုအတတ်ပညာများ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး သင်တန်းဆင်း သူနာပြု ဆရာ၊  ဆရာမများသည် ယခုအချိန်တွင် နေရာဒေသသီးသီးတွင် တာဝန်ကျေပွန်စွာဖြင့် ပြည်သူ့ အကျိုးကိုထမ်းဆောင်နေကြပြီဖြစ်ပါကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းများပြီးဆုံးပါက မိမိတို့တာတန်ကျရာဆေးရုံများနှင့် နေရာဒေသအသီးသီးသို့ တာဝန်များဝင်ရောက်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသားများကိုစဉ်ဆက်မပြတ်မွေးထုတ်၍ ပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါမှာလည်း နေရာဒေသမရွေးကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း”တိုက်တွန်းအမှာစကားများပြောကြားသည်။ ဆက်လက်၍ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။


Read More...
22-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအား ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့၊ မြစိမ်းရောင်သာသနာ့နယ်မြေတွင် ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်စိုက်ပျိုးခဲ့ကြသည်။


Read More...
22-Jun-2024
ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် နယုန်လပြည့်မဟာသမယအခါတော်နေ့ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းအတွင်း နယုန်လပြည့် မဟာသမယအခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။


Read More...
21-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအားတက်ရောက်
၂၀၂၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။


Read More...
20-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပတ်စဉ်(၃၉) သူနာပြု-သားဖွား(ဒီပလိုမာ) ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် အပတ်စဉ်(၃၉) သူနာပြု-သားဖွား(ဒီပလိုမာ) ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ 


Read More...
20-Jun-2024