သတင်းများ
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ COVID-19 ရောဂါကာကွယ်ကုသရေး ဆိုင်ရာပစ္စည်းများ၊ အလှူငွေများပေးအပ်ခြင်းနှင့် COVID-19 ရောဂါကုသဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၂)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအတွင်း ရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ Ngwe Saung Business Center တွင် COVID-19 ရောဂါအတည်ပြုလူနာများအား ကုသပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌမှ COVID-19 ရောဂါကုသရေးစင်တာတွင် အသုံးပြုရန်အတွက် ရောဂါကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေ(၁၂၆၀၀၀ဝိ/)ကျပ်အား ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေးခဲ့ပါသည်။
ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည်(၁၁၄၅)နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ အဝင်စစ်ဆေးဂိတ်သို့ရောက်ရှိပြီး ချောင်းသာမြို့သို့ဝင်ရောက်လာသည့်သူများအား COVID-19 ရောဂါ စစ်ဆေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ချောင်းသာမြို့၊ရွာမ(အခမဲ့) ပညာဒါနကျောင်းနှင့်တိုက်နယ်ဆေးရုံတွင် COVID-19 ရောဂါအတည်ပြုလူနာများကို ကုသပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ COVID-19 ရောဂါ ကာကွယ် ကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေ (၈၄၀၀၀ဝိ/)ကျပ်အား ချောင်းသာမြို့အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကနှင့်အဖွဲ့သည် (၁၃၅၀)နာရီအချိန်တွင် ပုသိမ်တက္ကသိုလ်၊ နန္ဒဆောင်၌ COVID-19 ရောဂါအတည်ပြုလူနာများ ထားရှိကုသရန်အတွက် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုသဆောင်အတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
12-Jul-2021
COVID-19 ရောဂါကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေများပေးအပ်ခြင်းနှင့် COVID-19 ရောဂါကုသဆောင်များအား လှည့်ကြည့်ရှုစစ်ဆေးခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၀)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအတွင်း ရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၊ ကင်ဆာကုသဆောင်တွင် COVID-19 ရောဂါအတည်ပြုလူနာများ ကုသပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ဆေးရုံးကြီး အစည်းအဝေးခန်းမတွင် ကောင်စီဥက္ကဋ္ဌအဖွဲ့ဝင်များမှ COVID-19 ရောဂါကာကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေကျပ်(၄၅) သိန်းအား ဆေးရုံအုပ်ကြီးဒေါက်တာကျော်ဇင်နှင့် တာဝန်ရှိသူများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုသိမ်မြို့၊ တိုင်းရင်းဆေးရုံတွင် COVID-19 ရောဂါ အတည်ပြုလူနာများကို ကုသပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ပုသိမ်တက္ကသိုလ်၊ နန္ဒဆောင်တွင် COVID-19 ရောဂါ အတည်ပြုလူနာများ ထားရှိ ကုသရန်အတွက် ပြင်ဆင်ဆောင်ရွက်ရန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများအား အဆောင်သန့်ရှင်းရေး၊ လိုအပ်သောပစ္စည်းများအား ဖြည့်တင်းရေး ပူးပေါင်းကူညီဆောင်ရွက်ကြရန် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Read More...
10-Jul-2021
ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအစည်းအဝေး (၇/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၈)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး (၇/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီး မြေ/စစ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကော်မတီဝင်များမှ ယခင်အစည်းအဝေး၌ တင်ပြခဲ့သော အမှုတွဲ(၁၀)တွဲအား အတည်ပြုဆုံးဖြတ်ပြီး ယခုအစည်းအဝေးတွင် အမှုတွဲ(၄)တွဲအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
08-Jul-2021
Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၇/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၆)ရက်နေ့ ၊ (၁၀၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၇/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ (COVID-19) ရောဂါကူးစက်ပြန့်ပွားမှု များပြားလာခြင်းကြောင့် (COVID-19) ရောဂါထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သံသယလူနာများထားရှိရန်အတွက် Quarantine Center များ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ (COVID-19)ရောဂါအတည်ပြုလူနာများအား ကုသပေးနေမှုအခြေအနေများအား တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခဲ့ကြရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
06-Jul-2021
ပုသိမ်မြို့၊ အထက(၁)၊ ရတနာတန်ဆောင်ခန်းမတွင် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ၊ (၃)ရက်နေ့၌ ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့အထိမ်အမှတ်” အကြိုလှုပ်ရှားမှုအခမ်းအနား ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် ပုသိမ်မြို့၊ အထက(၁)၊ ရတနာ တန်ဆောင်ခန်းမ၌ တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ဦးဆောင်ကျင်းပသည့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ၊ (၃)ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့အထိမ်အမှတ်” အကြိုလှုပ်ရှားမှု အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်(၅) ရဲမှူးကြီး တင်ဇော်ထွန်းနှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးအုန်းမြင့်မှ မြန်မာအမျိုးသမီးများနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသူများ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပြီး ကောင်စီဥက္ကဋ္ဌနှင့် အခမ်းအနားသို့တက်ရောက်လာသူ များမှ ခန်းမတွင်ခင်းကျင်းပြသထားသည့် အမျိုးသမီးများ၏ လက်မှုပညာနှင့်အစားအစာပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
02-Sep-2021