သတင်းများ


ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၇)ရက်နေ့၊ နံနက် (၀၈၃၀)နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ပုသိမ်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးအား သွားရောက်ကြည့်ရှု့ခဲ့ပါသည်။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများအရှိန်အဟုန်မပျက် စေရေးအတွက် (၁၁၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလင်းထိုက်နှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများလိုက်ပါလျက် ရေကြည်မြို့ နယ်၊ အင်းလျာကုန်း-သံဒင်း-နတ်စင်ငူ-ဇရပ်လှ ကျေးလက်လမ်း (၉မိုင်၂ဖာလုံ)ရှိပြီး ZW Co.,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ (ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့်) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ၁ မိုင် ၁ဖာလုံ၊ လမ်းအကျယ် ၁၂ပေ၊ လမ်းထုထည် ၇ လက်မ၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆင်ကူးသံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရေကြည်မြို့ ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံတွင် ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ကြည့်ရှုအားပေးခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးလင်းက မြို့နယ်အတွင်းရှိ ပြည်သူ လူထု(၃၅၇၀)ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ပါကြောင်းနှင့်ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ရေကြည်မြို့၊ မြို့နယ်ပညာရေးမှူးရုံးတွင် ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း အုပ်ကြီးများ၏ စွမ်းရည်မြှင့်သင်တန်းသို့ သွားရောက်ကြည့်ရှု့အားပေးခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးသန်းမောင်က သင်တန်းဖွင့်လှစ်ပို့ချနေမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများသည် နိုင်ငံရေးပယောဂများကြောင့် အလုပ်ခွင်နှင့် ကင်းကွာလျက်ရှိနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေရကြောင်း၊ မွန်မြတ်လှသည့် အာစရိယဂုဏ်ကို ထိန်းသိမ်းလျက် ယခုကဲ့သို့ စွမ်းရည်မြင့်သင်တန်းဖွင့်လှစ်ပြီး မိမိတို့တပည့် သားသမီးများအတွက် ကြိုးစား ဆောင်ရွက်နေသည်ကိုတွေ့ရှိရသည့်အတွက်ဝမ်းသာမိပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ပေါင်းစပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
17-Mar-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ငွေဆောင်မြို့၊ ချောင်းသာမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၆)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တိုင်းလျှပ်စစ်အင်ဂျင်နီယာ၊ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ငွေဆောင်/ ချောင်းသာမြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးတို့အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ဆန်ကုန်သည်များအသင်းနှင့်တွေ့ဆုံဆွေးနွေးခြင်း
ပြည်သူလူထုစားဝတ်နေမှုအခက်အခဲမရှိစေရေး၊ ကုန်စည်စီးဆင်းမှုသွက်လက်မှန်ကန်စေရေးနှင့် အခြေခံစားသောက်ကုန်စျေးနှုန်း တည်ငြိမ်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၅)ရက်နေ့၊ နေ့လယ်(၁၄၃၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆန်ကုန်သည်များအသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီဝင်များ၊ ကောင်စီ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ဆန်ကုန်သည်များအသင်းမှတာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး ဆန်ကုန်သည်များမှ စပါးစျေးနှုန်းမျှော်မှန်းသည်ထက်လျော့ကျသည့်အတွက် နိုင်ငံတော်မှ စပါးဝယ်ယူပေးနိုင်ရေးတင်ပြခဲ့ပြီး ဘဏ်စနစ်ကြောင့် ငွေကြေးစီးဆင်းမှုနှေးကွေးမှုအပေါ် လျင်မြန်စေရေးတင်ပြခဲ့ရာ တိုင်းကောင်စီဥက္ကဋ္ဌမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဆောင်ရွက်ရမည့်အစီအမံများအား အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
16-Mar-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
          ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၁၅)ရက်နေ့၊ နေ့လယ်(၁၃၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များအား Covid-19 ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို အားပေးကြည့်ရှု့
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲရိပ်သာခန်းမ၌ ၂၀၂၁ခုနှစ်၊မတ်လ (၁၄)ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူနှင့်ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့မှ တပ်ဖွဲ့ဝင်(၂၂၄)ဦး၊ စာရေးဝန်ထမ်း(၁၁)ဦး၊ မိသားစုဝင်(၁၅)ဦး၊ စုစုပေါင်း(၂၅၀)ဦးတို့အား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄)စစ်မြေပြင် ဆေးတပ်ရင်းမှပါရကူများ၊ ဆရာဝန်များက Convid-19 ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း ပြုလုပ်ခဲ့ပါတယ်။ ရှေးဦးစွာ Covid-19 ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံရာတွင် သိရှိလိုက်နာ ရှောင်ကြင်ရမည့်အချက်များအား မဆရ(၄)မှဗိုလ်ကြီး စိုးသက်ဦးမှ ရှင်းလင်းပြောကြားခဲ့ပြီး ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ပါတယ်။ အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲမှူးကြီးတင်ဇော်ထွန်းနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ပါကြောင်း သတင်းရရှိပါတယ်။


Read More...
14-Mar-2021