သတင်းများ
(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား တတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအလုပ်ရုံဆွေးနွေးပွဲနှင့် ပိတ်ပွဲအခမ်းအနားနှင့်ဆုချီမြှင့်ပွဲကျင်းပ
Read More...
(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား တတိယနေ့အဖြစ် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်လျက်ရှိရာ ယနေ့ညနေပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်နိုင်မည့် ရေမြေသဘာဝရွေးချယ်ခြင်း၊အထွက်မျိုးကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊မျိုးကောင်း၊မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊သွင်းအားစုများထည့်သွင်းအသုံးပြုခြင်း၊ထုံးထည့်သွင်းခြင်း၊ တစ်သီးမှနှစ်သီး၊ နှစ်သီးမှ သုံးသီးစိုက်သို့ ပြောင်းလဲစိုက်ပျိုးရေး အစရှိသည့် ခေါင်းစဉ် အသီးသီးဖြင့် စကားဝိုင်းအလိုက် ဆွေးနွေးမှုရလဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ မွေးမြုူရေးလုပ်ငန်းများနှင့်ပတ်သတ်၍ စကားဝိုင်းအလိုက် ဆွေးနွေးမှုရလဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဗဟိုဌာန (မြောင်းမြ) မှ တာဝန်ခံမှ ပေါ်ဆန်းစပါး အရည်အသွေးတိုးတက်စေရေးနှင့် သဘာဝမြေသြဇာများအသုံးပြုစေရေးသုတေသနပြုလုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း အသေးစိတ်ရှင်းလင်းတင်ပြမှုအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လာမည့်စိုက်ပျိုးရာသီတွင် မိုးစပါး၊ နွေစပါး လက်ရှိအထွက်နှုန်းထက် တစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရန်အတွက် တောင်သူများ၊ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများမှအဆင့်ဆင့်မှကြပ်မက်ဆောင်ရွက်ရန်လိုကြောင်း၊ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးရေးကိုလည်းအောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရအတွက်လည်း သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မွေးမြူရေးတောင်သူများအနေဖြင့် အဆင့်မြင့်နည်းပညာသုံးမွေးမြူရေးစနစ်ကိုလည်း စနစ်တကျမွေးမြူ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လည်းလိုပါကြောင်း၊ ဒေသထွက်ကုန်ကြမ်းများမှ တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တောင်သူလယ်သမားနေ့ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ပြုလုပ်ရာ တောင်သူလယ်သမားနေ့ပြခန်းများတွင်နှစ်သိမ့်ဆုရရှိသည့်ခရိုင်များအားသက်ဆိုင်ရာတာဝန်ရှိသူများမှလည်းကောင်း၊ အထူးဆုရရှိသည့် ခရိုင်များများအား တိုင်းရင်းသားရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်သယံဇာတရေးရာဝန်ကြီးတို့မှလည်းကောင်း၊ တတိယဆုရရှိသည့် ကျုံပျော်ခရိုင်အား စီးပွားရေးရာဝန်ကြီးမှ လည်းကောင်း၊ ဒုတိယဆုရှိသည့် ပုသိမ်ခရိုင်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ ပထမဆုရရှိသည့် မြောင်းမြခရိုင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်မှလည်းကောင်းဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ကိုအခြေခံ၍ ကုန်ချောထုတ်လုပ်နိုင်သည့် စက်ရုံအလုပ်ရုံများထွက်ပေါ်လာစေရေး ကြိုးစားဆောင်ရွက်စေရေးနှင့်တောင်သူများအတွက် အမှန်တကယ်အကျိုးရှိသည့်ဆွေးနွေးပွဲဖြစ်ပါကြောင်းနှင့် ရလဒ်များအပေါ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးကြိုးစားဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှအားထားရသည့် စံပြတိုင်းဒေသကြီးဖြစ်စေရေးကြိုးစားဆောင်ရွက်ကြရန်၊ တောင်သူများ၏လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရေး၊ တစ်ဦးချင်းဝင်ငွေတိုးတက်ရရှိစေရေးမိမိတို့ဒေသ ၊တိုင်းဒေသကြီးနှင့်နိုင်ငံအကျိုးအတွက် တိုးတက်အောင်ဆောင်ရွက်နိုင်စေရေးကြိုးပမ်းဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြောင်းသိရသည်။
Read More...
04-Mar-2023
သာပေါင်းမြို့နယ်၊ ဘုရားကြီးကျေးရွာရှိအကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲနှင့်ရွှေထီးတော် ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များ အသစ်တင်လှူပူဇော်ခြင်းနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊သာပေါင်းမြို့နယ်၊ ဘုရားကြီးကျေးရွာရှိအကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲနှင့်ရွှေထီးတော်၊ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များ အသစ်တင်လှူပူဇော်ခြင်းနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊အလှူရှင် မိသားစုများနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကိုဆက်လက် နာယူကြည်ညိုကြသည်။
ယင်းနောက် ဘုရားဒါယိကာ၊ဒါယိကာမများက သက်တော်ထင်ရှားမြတ်စွာဘုရားအား ရည်မှန်း၍ အကျော်ဇေယျပဿထစေတီတော်မြတ်ကြီးအား လှူဒါန်းပူဇော်သောအားဖြင့် စိန်ဖူးတော်၊ငှက်မြတ်နားတော်တို့ကို ဆရာတော်၊သံဃာတော်များအား ဆက်ကပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊အလှူရှင်မိသာားစုများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ရတုပိုဒ်စုံဖြင့် သီကျူးပူဇော်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ် အရှင်သူမြတ်က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးအမှူးပြုသောဆရာတော်သံဃာတော်များမှဦးဆောင်၍ ဘုရားဒါယိကာ၊ဒါယိကာမများက စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များကို ဒေဝါဝင်း၊ရာဇာဝင်းများ ခြံရံလျက်ပင့်ဆောင်ကာ လက်ျာရစ် လှည့်လည်အပူဇော်ခံပြီး မင်္ဂလာမဏ္ဍပ်သို့ပင့်ဆောင်ခဲ့ပြီးနောက် ရွှေထီးတော်တင်လှူမည့် ဘုရားဒါယိကာများက ငြမ်းအထက်သို့နေရာယူပြီး စိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များကို ပန်းရထားဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက် အခမ်းအနားမှူးက “ဇိတံ မေ”ဟုတိုင်တည်ပေးသောအခါ ပရိသတ်များက “အောင်ပြီ အောင်ပြီ အောင်ပြီ”ဟု သုံးကြိမ်သံပြိုင်ဟစ်ကြွေးခဲ့ပြီး မဟာမင်္ဂလာ အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။
ဆက်လက်၍ အခမ်းအနား တတိယပိုင်းအဖြစ် ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူခြင်းကို ပြုလုပ်ရာ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အနေကဇာတင်မည့်နေရာသို့ ပင့်ဆောင်ခဲ့ပြီး ဥပါသကာများက တံခွန်၊ကုက္ကား၊မုလေးပွားများ ဆက်ကပ်ခဲ့ကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များတို့က ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။ယင်းနောက် အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Read More...
04-Mar-2023
(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
Read More...
(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တောင်သူလယ်သမားနေ့ အခမ်းအနားတွင် သီးနှံအမျိုးမျိုး၌ ပန်းတိုင်အထွက်နှုန်းရရှိသည့်တောင်သူများ၊မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ အောင်မြင်နေသည့်တောင်သူများက အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား တစ်ဆင့်ပြန်လည်မျှဝေဆွေးနွေးခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း၊ မိုးစပါး၊ နွေစပါး အပါအဝင်စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အဆင့်လိုက်ရည်မှန်းချက်ထားဆောင်ရွက်မည်ဖြစ်ရာလိုအပ်ချက်များကိုပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန်လိုပါကြောင်း၊ တောင်သူများကလည်း တောင်သူများ၏ လက်တွေ့စိုက်ပျိုးနေမှု၊ ဌာနဆိုင်ရာများကလည်း ပံ့ပိုးဆောင်ရွက်ပေးရမည့် အရာများအား မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို ဆွေးနွေး အဖြေရှာရန်လိုပါကြောင်း၊ လာမည့်စိုက်ပျိုးရာသီတွင် မိုးစပါး၊ နွေစပါး လက်ရှိအထွက်နှုန်းထက်တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရန်အတွက် စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အဆင့်ဆင့်မှကြပ်မက်ဆောင်ရွက်ရန်လိုကြောင်း၊ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးရေးကိုလည်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရအတွက်ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊ မွေးမြူရေးတောင်သူများအနေဖြင့် မိရိုးဖလာမွေးမြူရေးစနစ်မှ အဆင့်မြင့်နည်းပညာသုံးမွေးမြူရေးစနစ်ကိုလည်း စနစ်တကျမွေးမြူ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လည်းလိုပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူးမှ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်ခေါင်းစဉ်များအလိုက်အကျယ်တဝင့်ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေမြူရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများအား မြေသြဇာထုတ်လုပ်အသုံးပြုနိုင်ရေး၊ ငါးမွေးမြူရေးလုပ်ငန်းများမှ အများစားသုံးနိုင်သည့်ငါးမျိုးစိတ်များမွေးမြူဆောင်ရွက်နိုင်ရေးနှင့် ရှားပါးငါးမျိုးစိတ်များအား သားဖောက်မွေးမြူခြင်းလုပ်ငန်းများ၊ ဒေသထွက်ကုန်ကြမ်းများမှ တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်ရေးထည့်သွင်းဆွေးနွေးစေရေးနှင့် စိုက်ပျိုးမွေးမြူရေးထွက် ကုန်များကိုအခြေခံ၍ ကုန်ချောထုတ်လုပ်နိုင်သည့် စက်ရုံအလုပ်ရုံများထွက်ပေါ်လာစေရေး ကြိုးစားဆောင်ရွက်စေရေးနှင့်တောင်သူများအတွက် အမှန်တကယ်အကျိုးရှိသည့်ဆွေးနွေးပွဲရလဒ်များထွက်ပေါ်လာစေရေးလိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် အလုပ်ရုံဆွေးနွေးများအား ဆက်လက်ပြုလုပ်ရာ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်နိုင်မည့် ရေမြေသဘာဝရွေးချယ်ခြင်း၊အထွက်မျိုးကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊မျိုးကောင်း၊မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊သွင်းအားစုများထည့်သွင်းအသုံးပြုခြင်း၊ထုံးထည့်သွင်းခြင်း၊ တစ်သီးမှနှစ်သီး၊ နှစ်သီးမှ သုံးသီးစိုက်သို့ ပြောင်းလဲစိုက်ပျိုးရေး အစရှိသည့် ခေါင်းစဉ် အသီးသီးဖြင့် ဌာနဆိုင်ရာများနှင့် တောင်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားပွဲဝိုင်းအလိုက် ဆွေးနွေးရရှိသည့် ရလဒ်များအား စုစည်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အားနည်းချက် အားသာချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
Read More...
03-Mar-2023
တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သော ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများအား တိုင်ဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်၊ကြခတ်ကုန်းကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP Phase-II)ဖြင့်ဆောင်ရွက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သော ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။
ယင်းနောက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ( ၂၃ )အိမ်မှ အိမ်ထောင်စု (၂၃)စုတို့ လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP Phase-II)ဖြင့်ဆောင်ရွက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သော ကလတောင်ချွန်း၊ ကလတောင် ကလမြောက်)ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။
ယင်းနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတက်ရောက်ခဲ့ ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးတွင် ၈၅ ရာခိုင်နှုန်းမှာကျေးလက်နေပြည်သူများဖြစ်ရာ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ (Solar Mini Grid)စီမံကိန်း၊ တစ်အိမ်ထောင်သုံးဆိုလာစနစ်(SHS) စသည်တို့ဖြင့် ကျေးလက်ဒေသများတွင်မီးလင်းရေးလုပ်ငန်းများကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး စပါးအပါအဝင်စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးဆောင်ရွက်လျက်ရှိပြီးဆီဖူလုံရေးအတွက်လည်းဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် ဒေသခံများကိုယ်စား ကလကျေးရွာဇာတိ ဝါးခယ်မဦးရဲမောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျေးရွာအတွင်း မီတာတပ်ဆင်ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျေးရွာများ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ(၅၇ )အိမ်မှ အိမ်ထောင်စု(၅၇ )စုတို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။
Read More...
02-Mar-2023
(၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားအား ကျုံမငေးမြို့၌ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ််မြို့နယ်၊ ကျုံမငေးမြို့၌ (၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မဟာစွယ်တော်မြတ် ကိန်းဝပ်တော်မူရာ ဂန္ဓကုဋိတိုက်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဩဝါဒစရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒကထာများ နာကြားခဲ့ကြသည်။ ယင်းနောက် ရှင်ဥပဂုတ္တမထေရ်မြတ်အား ပင့်ဆောင်ခြင်းနှင့် သိကြာ၊ ဗြဟ္မာ၊နတ်ဒေဝါများအား ပင့်ဆောင်ရွတ်ဆိုခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော် အရှင်မြတ်နှင့် ဇမ္ဗူပတိ ရုပ်ပွားတော် အရှင်သူမြတ်တို့အား ဂန္ဓကုဋိတိုက်တော်မှ ယာယီရွှေကျောင်းတော်သို့ ကြွချီကိန်းဝပ် အပူဇော်ခံရန်အတွက် ဘုရားပင့်ရွတ်ဆို ပူဇော်ခဲ့ကြသည်။ ထို့နောက် (၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား မြတ်စွယ်တော် ဩဝါဒါစရိယ နာယကဆရာတော်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဂေါပအဖွဲ့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော် အရှင်မြတ်နှင့် ဇမ္ဗူပတိ ရုပ်ပွားတော် အရှင်သူမြတ်တို့အား မြတ်စွယ်တော် ဂေါပကအဖွဲ့မှ ပင့်ဆောင်ခဲ့ကြပြီးအတုလဗုဒ္ဓ လက်ဝဲအောက်စွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ကိန်းဝပ်အပူဇော်ခံရန်အတွက် ဘုရားပင့်ရွတ်ဆို ပူဇော်ခဲ့ကြပြီး အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ဩဝါဒါစရိယဆရာတော်၊နာယကဆရာတော်များ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပင့်ဆောင်ပူဇော်ခဲ့ကြပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Read More...
02-Mar-2023