သတင်းများ
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်
Read More...
ဟင်္သာတမြို့၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရိပ်သာတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဧရာဝတီတိုင်းဒေသကြီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ PEC Private School (Pathein)တို့က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကတို့က လက်ခံရယူခဲ့သည်။
Read More...
15-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပ စေရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Read More...
15-Aug-2026
ဧရာဝတီ-ဟင်္သာတတာ (ညောင်ပင်သာပန်းတာ) တာမိုင် ၃၀/၀ မှ ၃၀/၃ အတွင်း ရေခွေပြုလုပ်ကာကွယ်ထားရှိမှုနှင့် သဲအိတ်ချ တာခြေထောက်အားဖြည့် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဧရာဝတီ-ဟင်္သာတတာ (ညောင်ပင်သာပန်းတာ) တာမိုင် ၃၀/၀ မှ ၃၀/၃ အတွင်း ရေခွေပြုလုပ်ကာကွယ်ထားရှိမှုနှင့် သဲအိတ်ချ တာခြေထောက်အားဖြည့် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာကြံ့ခိုင်မှုရှိစေရေးအတွက် ၂၄ နာရီ ရေကင်းများချထား၍ စောင့်ကြပ်စစ်ဆေးရန်၊ ထူးခြားမှုတစ်စုံတစ်ရာရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရန်နှင့် တာကြံ့ခိုင်မှု ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Read More...
14-Aug-2026
ဇလွန်မြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးနှင့် တာကြံ့ခိုင်ရေးလုပ်ငန်းများ တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့တွင် ဇလွန်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ရေပေါက်ကြီးကျေးရွာသို့ ရောက်ရှိပြီး ဧရာဝတီမြစ်ရေ ဝဲလှည့်တိုက်စားမှုကြောင့် ကမ်းပါးအလျား ၂၅၀ ပေ၊ အနံ ၇၀ ပေခန့် ရေတိုက်စားမှုအား ကာကွယ်ရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
Read More...
14-Aug-2026
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို)မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဟင်္သာတမြို့၊ ဆည်မြောင်းရိပ်သာတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးကတို့က လက်ခံရယူခဲ့သည်။
Read More...
14-Aug-2026