သတင်းများ


ကျောင်းကုန်းမြို့ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ (၃၈ပေ×၁၃၀ပေ) (၃၂) ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းကြီး အတွင်း၌ အလှူရှင်ဦးကြည်လွင်+ဒေါ်သီသီဆန်း မိသားစုနှင့် မိတ်ဆွေများစုပေါင်းလှူဒါန်းသော ၃၈ပေ×၁၃၀ပေ(၃၂)ကုတင်ဆံ့RCတိုးချဲ့နှစ်ထပ်ဆောင် “ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်”ဆောင် ဖွင့်ပွဲအခမ်းအနားအား အဆိုပါဆေးရုံဝန်းအတွင်း၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်မိသားစုများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်မိသားစုတို့က ( ၃၈ပေ ×၁၃၀ပေ) (၃၂)ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင် “ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်”ဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ (၃၂)ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက်  (၃၂)ကုတင်ဆံ့ (RC) တိုးချဲ့လူနာဆောင် “ ဦးတွမ်ကြီး + ဒေါ်ကျင်ရှိန်ဆောင်” လွှဲပြောင်းပေးအပ်ခြင်းနှင့် အလှူငွပေးအပ်သည့် အခမ်းအနားအားဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ပြင်းထန်စွာဖြစ်ပွားနေစဉ် ကာလအတွင်း ဒေသခံပြည်သူများက ပြည်သူ့ဆေးရုံကြီးအား အားကိုးအားထားပြု၍ လာရောက် ဆေးကုသမှုခံယူကြသည်ကိုတွေ့ရှိရပါကြောင်း၊ ဆေးရုံဝန်ထမ်းများ၏ စေတနာထား၍ ကျန်းမာ ရေးစောင့်ရှောက်ပေးမှုများကြောင့် ပြည်သူများကယုံကြည်အားကိုးကြခြင်းဖြစ်ပါကြောင်း၊ ဆေးရုံကြီး၌ လူနာဆောင်လိုအပ်ချက်များလည်း ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အလှူရှင်မိသားစုနှင့် ဒေသခံပြည်သူများဝိုင်းဝန်းလှူဒါန်းမှုကြောင့် RC နှစ်ထပ်လူနာဆောင်သစ် ပေါ်ထွန်းလာခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝပေးနိုင်တော့မှာဖြစ်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်ရှိနေသည့် နေရာများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း” ပြောကြားသည်။ ဆက်လက်၍ အလှူရှင်ဦးကြည်လွင်က (၃၂) ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင် “ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်” ဆောင်နှင့် အလှူငွေများလှူဒါန်းရခြင်း အကြောင်းတို့ကိုရှင်းလင်း ပြောကြားပြီး အဆောက်အဦနှင့်ပတ်သက်သော လှူဒါန်းမှူမှတ်တမ်း များအား ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးက အလှူရှင် ဦးကြည်လွင်+ဒေါ်သီသီဆန်း မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ခဲ့သည်။


Read More...
06-Jun-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၊သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်အနားသို့တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့၊သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်အနားများသို့တက်ရောက်၍“ကျန်းမာ‌ရေးဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ရောဂါတတိယလှိုင်း ဖြစ်ပွားနေစဉ်ကာလအတွင်း မိမိအသက်ကိုပဓာနမထားဘဲ ကျန်းမာရေး လုပ်ငန်းများကို ရှေ့တန်း ကျကျဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သင်တန်းကျောင်းများ ဖွင့်လှစ်၍  သူနာပြုနှင့်သားဖွားများ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် ဝါသနာအရင်းခံပြီးကိုယ်ချင်းစာတရား ထားကာ လူနာများကို ပြုစုစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း၊သင်တန်းသား၊သင်တန်းသူများသည် အပ်နှင်းခြင်း ခံရသည့်ဂျုတီကုတ်နှင့် ဦးဆောင်းတို့အား လေးစားတန်ဖိုးထားပြီးမိမိတို့၏ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် မည်သည့်အခြေနေတွင်မဆို မိမိတို့၏ သူနာပြုသစ္စာဓိဌာန်နှင့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံနိုင်စေရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ သင်တန်း ကာလအတွင်း သင်ကြားရေးဆိုင်ရာများ၊ နေထိုင်စားသောက်ရေး ကိစ္စများကိုလည်း သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပြီး ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပြီး မိမိတာဝန်ကျရာဒေသများရှိ ပြည်သူများ၏ ကျန်းမာရေး ကိစ္စရပ်များကို ကူညီစောင့်ရှောက် ပေးကြရန်”ပြောကြားသည်။ ဆက်လက်၍  တာဝန်ရှိသူများနှင့် သူနာပြုသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့်  ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာမှ တာဝန်ရှိသူများကသင်တန်းသား၊သင်တန်းသူများအား  ဦးဆောင်းများအပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်များရွတ်ဆိုခဲ့ကြသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ မြောင်းမြမြို့၊သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။


Read More...
05-Jun-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT(၉/၂၀၂၃)သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်
မြောင်းမြပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအားကြိုဆိုပွဲအခမ်းအနားအား ယနေ့ည‌နေပိုင်းက အဆိုပါကောလိပ်၏  ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပညာရေးကောလိပ်မှ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား “ပွင့်ဖူးဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ပညာရေးနှင့်ပတ်သက်လျင် လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာတိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံး၍ ဆရာ၊ဆရာမများအဖြစ် တာဝန်ကျရာ ကျောင်းအသီးသီးတွင် အများအကျိုး ကိုယ်ကျိုးမဖက် ထမ်းရွက်တတ်သူ ဆရာဟူ၏ ဆိုသည့်အတိုင်း တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိတွေပြည့်ဝလာအောင်သင်ပြပေးရမှာ ဖြစ်ပါကြောင်း၊ဆရာ၊ဆရာမများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များ ကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ကြသူများ ဖြစ်ပါကြောင်း၊ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသ ကျောင်းများသို့ ရောက်ရှိတာဝန်ထမ်းဆောင်သည့်အခါ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှုမြင့်မားရေးနှင့် အနည်းဆုံး KG+9ပြီးမြောက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း”ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက် သင်တန်း တက်ရောက်သူများနှင့် မိတ်ဆက်ပေးခဲ့ပြီး ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ မြောင်းမြပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) တွင် သင်တန်းသားသင်တန်းသူ ၅၁၇ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။


Read More...
05-Jun-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးပညာရေးကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိုကလေးပညာရေးကောလိပ်၊ ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့်  လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းPPTT(၉/၂၀၂၃)သင်တန်းသား၊သင်တန်းသူများအားကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ သင်တန်းသား/သင်တန်းသူများက ဘိုကလေးပညာရေး ဒီဂရီကောလိပ်သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဘွဲရများအားလုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းများဖွင့်လှစ်​ပေးခြင်းဖြစ်ပါ​ကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းဆင်းသည့်အခါ ဧရာဝတီတိုင်းဒေသကြီး၏ ဆရာ၊ ဆရာမလိုအပ်ချက် ကွက်လပ်များကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက်လည်း ယခင်နှစ်ပညာသင်နှစ်မှစ၍ တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသ ကျောင်းများသို့ ရောက်ရှိတာဝန်ထမ်းဆောင်သည့်အခါ ကျောင်းသား၊ကျောင်းသူများ၏ စစ်တမ်းများအား စနစ်တကျ ကောက်ယူ၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး ဝိုင်းဝန်းအသိပညာပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများသည် ကျောင်းသား၊ကျောင်းသူများ၏ စံနမူနာပြဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုကိုလည်း ဂရုပြုဝတ်စားဆင်ယင်ရန်လိုပါကြောင်း၊ တပည့်များ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးများအား မြင့်သထက်မြင့်အောင်မြှင့်တင်ပေးသူများမှာ ဆရာ၊ဆရာမများပင်ဖြစ်ပါကြောင်း၊အတန်းပညာရှိမှ အတတ်ပညာရရှိမှာဖြစ်ပါကြောင်း၊အတန်းစဉ်ကူးပြောင်းရေးကို ဆရာ၊ဆရာမများအနေဖြင့် ဂရုစိုက်ဆောင်ရွက်ပေးကြစေလိုကြောင်း”ပြောကြားပြီး သင်တန်းသား၊သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား သင်တန်းသား၊သင်တန်းသူများက မြို့နယ်အလိုက် သင်တန်း တက်ရောက်သူများနှင့် မိတ်ဆက်ပေးခဲ့သည်။ ဘိုကလေးပညာရေးကောလိပ်၊ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့်  လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းPPTT(၉/၂၀၂၃)တွင် သင်တန်းသားသင်တန်းသူ ၇၄၇ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။


Read More...
05-Jun-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားအား တက်ရောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားသို့တက်ရောက်၍“၂၀၂၃ခုနှစ်၊ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”ဖြစ်ပါကြောင်း၊ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်သည် သိသာထင်ရှားသည့် သာမက ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေး၊ စီးပွားရေးနှင့်ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို လျစ်လျူရှု၍ မရသလိုပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရာတွင်လည်း အကောင်းဆုံးသော နည်းလမ်းများဖြင့် ဝိုင်းဝန်းအဖြေရှာကြရန်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ ရည်ရွယ်ပြီး ယခုလို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရခြင်းပဲ ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်း ၄၀၀ ကျော်ထုတ်လုပ်လျက်ရှိပြီး ရေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများအတွင်းသို့ ပလတ်စတစ်တန်ချိန်ပေါင်း ၁၉ သန်းခန့်မှ ၂၃ သန်းခန့်အထိ ရောက်ရှိလျက်ရှိကာ အချင်း ၅ မီလီမီတာအထိရှိသည့်ပလတ်စတစ် အမှုန်အမွှားများကို အစားအစာ၊ ရေနှင့် လေထဲတွင် တွေ့ရှိရပါကြောင်း၊ တစ်ခါသုံးပလတ်စတစ်များကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုသည်လည်း တစ်နေ့ထက်တစ်နေ့တိုးပွားလာသည်မှာ အကြောင်းအရင်းတစ်ခုဖြစ်ပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းမည်ဆိုပါက မိမိကစပြီးငြင်းဆိုရန်၊ အစားထိုးရန်၊ပြုပြင်ပြီးပြန်သုံးရန် အလေ့အကျင့်ကောင်းများဖြင့် ယနေ့မချိန်မှစ၍ လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊ ယနေ့ကျင်းပတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သတ်မှတ်ထားတဲ့စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်ကြသည့် လုပ်ငန်းစီမံကိန်းများကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောနေရာဒေသဆုနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆုများ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါကြောင်း၊ သန့်ရှင်းသော ကမ္ဘာမြေကြီးကို ဖန်တီးတည်ဆောက်နိုင်ရန်အတွက် ပလတ်စတစ်ပစ္စည်းများကို လျှော့ချသုံးစွဲခြင်းဟာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းနိုင်သည့်အပြင် သက်ရှိတို့၏ ဂေဟစနစ်များနှင့် လူသားတို့၏ ကျန်းမာရေးကိုပါ ကာကွယ်စောင့်ရှောက်နိုင်‌သောကြောင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးတို့က ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာရသည့် သက်ရောက်မှုများကို လျစ်လျူရှုမထားဘဲ မှန်ကန်ခိုင်မာပြီး ထိရောက်စေသည့် အဖြေများကို ဝိုင်းဝန်း ပူးပေါင်းရှာဖွေကြရန် လိုအပ်သည်ဖြစ်ရာ “ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ပူးပေါင်း ဖြေရှင်းဆောင်ရွက်ကြပါစို့” ဟု တိုက်တွန်း ပြောကြားလိုပါကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧည့်ပရိသတ်များသည် ၂၀၂၃ခုနှစ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းမ်းအမှတ် သဝဏ်လွှာဗီဒီယိုနှင့် အသိပညာပေးဗီဒီယိုပြသမှုများကိုကြည့်ရှုအားပေးသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းဆုရရှိသည့် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်၏ ဗီဒီယိုအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသဆုရရှိခဲ့သည့် မရဲ့အုန်းပင်စုကျေးရွာ၏ ဗီဒီယိုအားကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းဆုပထမဆု နှင့် နှစ်သိမ့်ဆုနှင့် တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသဆု ပထမဆုနှင့် နှစ်သိမ့်ဆုများအားလည်ကောင်း၊ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ပထမဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း(ဒေါင့်ကွေး)၏ ဗီဒီယိုများအား ပြသပြီးနောက် တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု(Regional Clean and Green School Award) နှင့် အလွတ်တန်းဆောင်းပါးဂုဏ်ပြုဆုများကို တိုင်းမှူးနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ သယံဇာတရေးရာဝန်ကြီးတို့က  အသီးသီးဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
05-Jun-2023