သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး‌များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ပေါ်ရှိအခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး‌များနှင့်တွေ့ဆုံပွဲအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများတက်ရောက်ခဲ့ကြသည်။ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ် ကူးပြောင်းရေးရည်မှန်ချက်ထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာတွင် ၁၁သိန်းကျော်ကျောင်းအပ်နှံတက်ရောက် သင်ကြားလျက်ရှိပါကြောင်း၊ မိုခါမုန်တိုင်းဒဏ်ကြောင့် တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းအချို့ပျက်စီးမှုများရှိခဲ့သော်လည်း စာသင်ကျောင်းများအား ကျောင်းဖွင့်ချိန်အမီ ပြုပြင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ကျောင်းများ၏လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ကျောင်းသား၊ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား သောကြာနေ့တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများ၏ ဝတ်စားဆင်ယင်မှုများကို ပုံစံတကျဖြစ်စေရေး အလေး ထားဆောင်ရွက်ပေးကြရန် ”အမှာစကားများပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက စာသင်ဆောင်များပြုပြင်ပြီးစီးမှုများ၊ကျောင်းများ၌ ဆရာ၊ဆရာမလိုအပ်ချက်များအပေါ် ဖြည့်တင်းဆောင်ရွက် မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
13-Jun-2023
ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်/ဦးဆောင်းအပ်နှင်းပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်၍“ဧရာဝတီတိုင်းဒေသကြီးသည် မြစ်၊ချောင်း၊အင်း၊ အိုင်များ ပေါများပြီး ကျေးလက်ကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိပါကြောင်း၊ ထိုကျေးလက်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု များကို သူနာပြု/ သားဖွားများအပါအဝင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ယခုကဲ့သို့ ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲများ၌ သူနာပြုနှင့်သားဖွားများကို အင် ပြည့်အားပြည့် တွေ့မြင်ရသည်မှာ များစွာဝမ်းသာကြည်နူးမိပါကြောင်း၊ ကျန်းမာ‌ရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါတတိယလှိုင်း ဖြစ်ပွားနေစဉ်ကာလအတွင်း မိမိအသက်ကိုပဓာနမထားဘဲ ကျန်းမာရေး လုပ်ငန်းများကို ရှေ့တန်း ကျကျဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊မည်သည့်အခြေအနေ မည်သည့်အချိန်အခါမျိုး၌ဖြစ်စေ သူနာပြုသစ္စာအဓိဌာန်များ၌ ပါရှိသည့်အတိုင်း အသက်ကိုပဓာနမထားဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ခဲ့ရပါကြောင်း၊မိမိတို့ကျရာဒေသများ၌ တာဝန်ထမ်းဆောင်သည့်အခါ ဝါသနာ၊အနစ်နာ၊စေတနာများအား အရင်းခံ၍ ကျန်းမာရေးလုပ်ငန်းအားထဲထဲဝင်ဝင်ဖြင့် လူနာများအား မိမိတို့ တတ်မြောက်ထားသည့် ကျန်းမာရေးအတတ်ပညာများဖြင့် အစွမ်းကုန်ပြုစုရန်လိုပါကြောင်း၊မိမိအနေဖြင့် သူနာပြုနှင့် သားဖွားများအား လေးစားအသိအမှတ်ပြုပါကြောင်းနှင့် တိုင်းဒေသကြီးအတွက် နိုင်ငံတော်အတွက် အားကိုးအားရသည့် သူများဖြစ်ပါစေကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍  ဖလောရင့်နိုက်တင်ဂေးဆုရှင် ဝဏ္ဏကျော်ထင် စနိုင်နိုင်ထွန်း၊သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက ဂျူကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊သူများက သူနာပြုသစ္စာအဓိဋ္ဌာန်များရွတ်ဆိုခဲ့ကြသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကာ ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း သင်တန်းသား သင်တန်းသူများ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


Read More...
10-Jun-2023
ဟင်္သာတမြို့‌ မြို့တော်ခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ဟင်္သာတခရိုင်ရှိ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့‌ မြို့တော်ခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ဟင်္သာတခရိုင်ရှိ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃ - ၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအား ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေများထုတ်ပေးရခြင်းနှင့် မိုးစပါး(၁)ဧက (၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေး၊မျိုးကောင်းမျိုးသန့်များပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များအသုံးပြုဆောင်ရွက်မည့်လုပ်ငန်းများအားရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးချုပ်က“နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုးစပါး၊ဓာတ်မြေဩဇာနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရန်အတွက် နိုင်ငံ့စီးပွားမြှင့်ရန်ပုံငွေ (၈၆)ဘီလီယံ ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သော်လည်း စပါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေးအတွက် ကြိုးစား​ဆောင်ရွက်လျှက်ရှိပြီး ယခုနှစ်တွင် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းပိုမိုထွက်ရှိရေးအတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ပိုက်ဆံ​လျှော်(သစ်စိမ်း​​မြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းစိုက်ပျိုးခြင်း၊ သဘာ​ဝမြေသြဇာနှင့်ဓါတ်​မြေသြဇာများ အချိုးကျ သုံးစွဲကြရန်လို​ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီး နှံ နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ ပိုမိုစိုက်ပျိုးပြီး စိုက်ပျိုးရေးစံပြတိုင်းဖြစ်​​‌အောင်  ဝိုင်း၀န်းကြိုးပမ်း​ ပေးကြစေလိုကြောင်း”လမ်းညွှန်အမှာစကားပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မျိုးစပါးနှင့် သွင်းအားစုများအား ဟင်္သာတ၊ဇလွန်၊လေးမျက်နှာမြို့နယ်များမှ  တောင်သူများထံသို့လည်းကောင်း၊ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများထံသို့လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍  မျိုးစေ့ထုတ်လုပ်မှုနှင့်ပတ်သက်၍ မိုးဝဠာကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက တင်ပြဆွေးနွေးတင်ပြပြီးနောက် ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာ၊ဇလွန်မြို့နယ် ရွှေကျောင်းကျေးရွာ၊လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာတို့မှ တောင်သူများက တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို ဆက်လက်တင်ပြဆွေးနွေးခဲ့ကြကာ ဟင်္သာတမြို့နယ် ဓမ္ဘီကျေးရွာမှ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က​ ​ဒေသခံ​တောင်သူများ၏ ဆွေး​နွေးတင်ပြချက်များအ​ပေါ် ​သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့​ပြီး ခင်းကျင်းပြသထားသည့် မျိုးစပါးများ၊ပဲ၊မြေဩဇာနှင့် သွင်းအားစုများအား  ကြည့်ရှုအားပေးခဲ့သည်။


Read More...
10-Jun-2023
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြူလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်ပွဲ၊၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ရှေးဦးစွာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက  မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးစွမ်းအား မြင့်မားရေးနှင့် ပန်းတိုင်အထွက် နှုန်းရောက်ရှိစေရေးအတွက် တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက် ထွက်ရှိရေးအတွက်    စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်အောင်ခရိုင်သည် နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိရာ ယခုနှစ်တွင် မိုးနေကြာ ပိုမိုအောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ ရာသီမှန်ကန်စွာနှင့် နေရာဒေသမှန်ကန်စွာစိုက်ပျိုးစေရေးနှင့် အောင်မြင်ဖြစ်ထွန်းစေရေး တောင်သူများ၊စိုက်ပျိုးရေးအဖွဲ့များပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများအားအခြေခံပြီး  ဒေသမှ ထွက်ရှိသည့် ကုန်ကြမ်းများအား အသုံးပြု၍ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် Contract Farmingစနစ်၊ သမဝါယမအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ MSMEလုပ်ငန်းများ၊ တောင်သူများက ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊တစ်ဧကအထွက်နှုန်းပိုမိုထွက်ရှိရေးအတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းစိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာနှင့်ဓါတ်မြေသြဇာများ အချိုးကျ သုံးစွဲကြရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊တောင်သူများအနေဖြင့် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ ပိုမိုစိုက်ပျိုးပြီး စိုက်ပျိုးရေးစံပြတိုင်းဖြစ်အောင်  ဝိုင်း၀န်းကြိုးပမ်း ပေးကြစေလိုကြောင်းအမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့်  မျိုးစပါးနှင့် သွင်းအားစုများအား မြန်အောင်၊ကြံခင်း၊အင်္ဂပူမြို့နယ်များမှ တောင်သူများထံသို့လည်းကောင်း၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား မြန်အောင်၊ကြံခင်း၊အင်္ဂပူမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံသို့လည်းကောင်းလွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ မြန်အောင်မြို့နယ်အတွင်းရှိ ဌက်ကြီးကွင်းကျေးရွာ၊ညောင်ချဉ်ကျေးရွာ၊ကြံခင်းမြို့နယ်အတွင်းရှိ ကွေ့မကျေးရွာ၊ရှောက်ခုံကျေးရွာ၊အင်္ဂပူမြို့နယ်အတွင်းရှိ တလိုင်းကွင်းကျေးရွာ၊ထူးကြီးမြို့တို့မှ တောင်သူများက တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကို  တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
10-Jun-2023
ဧရာဝတီတိုင်းဒေသကြီး ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ပုသိမ်တက္ကသိုလ်၌ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၂၀၂၃ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်း၌ ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာများ၊ပုသိမ်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ၊လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ၂၀၂၃ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“သစ်ပင်စိုက်ပျိုးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဂေဟစနစ် ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်းမြေ(Green Space) များ တိုးပွားလာစေရေးတို့အတွက် တိုင်းဒေသကြီးအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားများကို စံနမူနာပြု စိုက်ပျိုးကျင်းပရခြင်းပဲဖြစ်ပါကြောင်း၊မြန်မာနိုင်ငံသည် ရေမြေ/တောတောင်၊  သဘာဝသယံဇာတများပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း လူဦးရေတိုးပွားလာခြင်း၊ ရာသီဥတုများပုံမှန်မဟုတ်ဘဲ ဖောက်ပြန်လာခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊မြေပြိုခြင်းစသည့် အကြောင်းအရာများက သဘာဝသယံဇာတများကို လျော့နည်း လာစေပါကြောင်း၊ထိုကဲ့သို့ လျော့နည်းလာသည့် သဘာဝသယံဇာတများထဲ၌ သစ်တောသယံဇာတများလည်း ပါဝင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရန် ပင်လယ်ကမ်းစပ်ဒေသများ၊ မြစ်ပေါက်ချောင်းပေါက်များတွင် ဒီရေတောစိုက်ပျိုးခြင်းများဆောင်ရွက်လျက်ရှိပြီးရှင်သန်စိမ်းလန်းလျက်ရှိပါကြောင်း၊ ထို့ပြင် လေကာပင်များဖြစ်သည့် အုန်းပင်၊ ထင်းရှူးပင်များကိုလည်း တစ်အုပ်တစ်မ စိုက်ပျိုးသွားကြရမှာဖြစ်ပါကြောင်း၊ အုန်းစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ လေကာတန်းအဖြစ်တစ်အုပ်တစ်မစိုက်ပျိုးခြင်းများအပြင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်းအား အောင်မြင်စေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ နိုင်ငံပိုင် စိုက်ခင်းများအနေဖြင့် စီးပွားရေး စိုက်ခင်း (၂၅၀၀)ဧက၊ဒီရေတော စိုက်ခင်း (၂၄၀၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း (၉၀၀)ဧက၊ စုစုပေါင်း (၅၈၀၀) ဧက စိုက်ပျိုးတည်ထောင်လျက်ရှိပါကြောင်း၊ ဒါ့အပြင် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ခရိုင်/မြို့နယ်အသီသီးမှာ လူထုဖြန့်ပျိုးပင် (၁,၄၁၅,၈၀၀)ပင်ကို ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ပြီး ၎င်းအပင်များထဲမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ(၁၈)ပွဲ(၁၇၇၂၀)ပင်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(၂၂)ပွဲ (၁၉၆၈၅)ပင်၊ စုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ (၄၀)ပွဲ (၃၆၉၀၅)ပင် စိုက်ပျိုးသွားမှာ ဖြစ်ပြီး ရှင်သန်အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းများကို တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် ကာလအတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများ ရေရှည်တည်တံ့ရေး၊ ပင်လယ်ကမ်းရိုးတန်းဒီရေတောများဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေးစသည့် လုပ်ငန်းစဉ်တွေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် “သစ်ပင်စိုက်ပွဲတော်များကျင်းပရင်း ဧရာဝတီတိုင်းဒေသကြီးကို စိမ်းလန်းသည့် တိုင်းဒေသကြီးအဖြစ် ဖန်တီးပုံဖော်ကြပါစို့”ဟု တိုက်တွန်းအမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဦးဆောင်၍ တာဝန်ရှိသူများသည် ကျွန်း၊ပျဉ်းကတိုး၊ပိတောက်၊မဟော်ဂနီအစရှိသည့် သစ်ပင်၊ ပန်းပင် ၁၈ မျိုးမှ ပျိုးပင်ပေါင်း (၁၅၅၅)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီးနောက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပိတောက်ဝါ ဆောင်နှင့် ချယ်ရီဆောင်များအတွက် ပိတောက်ပင်နှင့် ချယ်ရီပင််များ အမှတ်တရစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။


Read More...
10-Jun-2023