သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့ သွားရောက်၍ ဆန်ဖြူချောထုတ်လုပ်နေမှုအခြေအနေ၊ ဆန်စက်ယူနစ်အသစ်များ တိုးချဲ့တပ်ဆင်နေမှုအခြေအနေ နှင့် စပါးခွံလောင်စာသုံး Gasifierဖြင့် လျှပ်စစ် ထုတ်လုပ်နိုင်ရန် မီးဖိုတပ်ဆင်နေမှုအားလည်းကောင်း၊ အထည်ချုပ်စက်ရုံ(၂)ရုံ အဆောက်အဦ အချောသပ်လုပ်ငန်းများ ဆောင်ရွက် နေမှုအား လည်းကောင်း၊  ကောက်ပဲသီးနှံမျိုးစုံ သိုလှောင်ရောင်းဝယ်ရန်နေရာ (Commodity Trade Center)သိုလှောင်ရုံ အဖြစ်အသုံးပြုမည့် အဆောက်အဦအားလည်းကောင်း၊ ဆန်စက် တည်ဆောက်ရန် ဆောက်လုပ်နေမှုအားလည်းကောင်း၊ ယာယီအပြည်ပြည်ဆိုင်ရာကုန်တင်ကုန်ချ ဆိပ်ကမ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရန် MV MCL-19 သင်္ဘောတွင် ဆန်တင်ဆောင် ပြီးစီးမှုအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်မှုမြို့တော်စီမံကိန်း ဒုတိယဥက္ကဋ္ဌက စီမံကိန်းလျာထားမှု၊ တိုးတက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား လိုက်လံရှင်းလင်း တင်ပြသည်။ ယင်းနောက် ပုသိမ်စက်မှုမြို့တော် စီမံကိန်းရုံးအစည်းအဝေးခန်းမတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာ စီမံကိန်းဒုတိယဥက္ကဋ္ဌက စီမံကိန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုများစသည့် စီမံကိန်းအကြောင်းအရာ အကျဉ်း ချုပ်အား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“စက်မှုမြို့တော် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ပေးလျက်ရှိပါကြောင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ပါကြောင်း၊ စက်ရုံအလုပ်ရုံများ လည်ပတ်နေပြီဖြစ်သဖြင့်  အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီ ဖြစ်ပါကြောင်း၊ လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာ အသီးသီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားရန်”ပြောကြားသည်။ ထို့နောက် စီမံကိန်း ဒုတိယဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများနှင့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
30-Nov-2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလားအတွက် ခြေစမ်းဘောလုံးပြိုင်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၂၃ခုနှစ်၊စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ခြေစမ်းဘောလုံးပြိုင်ပွဲအား နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ကိုးသိန်းဘောလုံးအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဘောလုံးဝါသနာရှင် ပြည်သူများတက်ရောက်ခဲ့ကြသည်။ ခြေစမ်းဘောလုံးပြိုင်ပွဲမစတင်မီ ဒိုင်လူကြီးများ ဦးဆောင်၍ နှစ်ဖက်ကစားသမားများ ကွင်းအတွင်းဝင်ရောက် နေရာယူကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား နှစ်ဖက်အသင်းမှ အားကစားသမားများ၊ကွင်းလယ်ဒိုင်၊စည်းကြပ်ဒိုင်များနှင့်တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ယင်းနောက် ခြေစမ်းပွဲအား ဧရာဝတီ(က) အသင်းနှင့် ဧရာဝတီ(ခ)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီ(က)အသင်းက ဧရာဝတီ(ခ)အသင်းအား ၄ ဂိုး- ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရသည်။


Read More...
29-Nov-2022
အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးနေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲစာရင်းရလဒ် မှန်ကန်စေရေးအတွက်  မြေပြင်နှင့် ပုံစံ(၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ရာတွင် e-ID စနစ်အတွင်း မှတ်ပုံတင်ထည့်သွင်းထားသော အိမ်ထောင်စု လူဦးရေ စာရင်းများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီး၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်းရှိ ပုံစံ(၆၆/၆) အိမ်ထောင်စု လူဦးရေ စာရင်း တစ်ခုချင်းနှင့် တိုက်ဆိုင်၍ ပဏာမမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုသိမ်မြို့ပေါ် ရပ်ကွက်အသီးသီး၌ မြေပြင်စာရင်း တိုက်ဆိုင် စစ်ဆေးဆောင်ရွက်နေမှုများကို နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းက  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၂)နယ်မြေ၊ အုန်းတောရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများက ပူးပေါင်း၍  မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျှက်ရှိရာသို့ ရောက်ရှိပြီး "e-IDစနစ်အတွင်း မှတ်ပုံတင်ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေစာရင်း၊ ပုံစံ (၆၆/၆)အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား၌ပါရှိသော အချက်များ ကိုက်ညီမှန်ကန်မှုမရှိပါက သက်ဆိုင်ရာ လဝကရုံးသို့ သွားရောက်ဆောင်ရွက်ရမှာဖြစ်ပြီး သက်ဆိုင်ရာဌာနအနေဖြင့်လည်း အမြန်ဆုံးကူညီဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ကောက်ယူပြုစုထားသည့်စာရင်း မှန်ကန်မှသာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မည်ဖြစ်ပါကြောင်း၊ ယခုပဏာမ မြေပြင်တိုက်ဆိုင် စစ်ဆေးမှုအရ တွေ့ရှိရသည့် အခက်အခဲများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်၍ ဖြေရှင်း ဆောင်ရွက်ပေးကြရန်”မှာကြားခဲ့ကြောင်း သိရသည်။


Read More...
29-Nov-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လောင်စာတောင့်စက်ရုံကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းလေးကျေးရွာရှိ SSBE(Myanmar) Group Company Limited လောင်စာတောင့်စက်ရုံသို့ရောက်ရှိ၍ စပါးခွံ‌လောင်စာအသုံးပြု ဘွိုင်လာမှ တာဘိုင်အားလည်ပတ်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ယူပုံ အဆင့်ဆင့်အားလည်းကောင်း၊ စက်ရုံအတွင်း လျှပ်စစ်ဖြန့်ဝေပေးပို့သည့် ထိန်းချုပ်ခန်းအားလည်းကောင်း၊ လောင်စာတောင့်ထုတ်လုပ်ရန် စပါးခွံနှင့် မြေပဲခွံများအား  အမှုန့်ကြိတ်ခြင်း၊ ရောနှောခြင်းနှင့် လောင်စာတောင့် ထုတ်လုပ်ခြင်းတို့၌ အသုံးပြုသည့်  စက်ကိရိယာများ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့အားလည်းကောင်း လှည့်လည်ကြည့်ရှုကာ သိရှိလိုသည်များ မေးမြန်းခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ လိုက်လံရှင်းတင်ပြခဲ့သည်။  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအစည်းအဝေးခန်းမသို့ရောက်ရှိ၍ စက်ရုံတာဝန်ခံမှ စက််ရုံလည်ပတ်မှုအေခြအေနများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စျေးကွက်ရရှိမှုအခြေအနေများ၊ စျေးကွက်တင်ပို့မှုအေခြအေနများ၊ ကုန်ကြမ်းရရှိမှုအခြေအနေများ၊ စက်ရုံစွန့်ပစ်စပါးခွံလောင်စာများမှ မြေဩဇာထုတ်လုပ်နိုင်မည့်အခြေအနေများ၊ ကုမ္ပဏီ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဥ်များအားမေးမြန်းခဲ့ပြီး ကုမ္ပဏီတာဝန်ခံမှ အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လောင်စာတောင့်များကို အရည်အသွေးပြည့်မီအောင်ထုတ်လုပ်မှစျေးကွက်တွင်စျေးကောင်းရရှိမည်ဖြစ်ကြောင်း၊ စက်ရုံအား ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် စက်ရုံစွန့်ပစ်ပစ္စည်းများမှ သဘာပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Read More...
27-Nov-2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့်တွဲဖက်၍ ယိမ်းကပြရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့်တွဲဖက်၍ ယိမ်းကပြရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကာ “(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုယာဉ်နှင့်အတူ ယိမ်းအဖွဲ့များမှ ပါဝင်ဖျော်ဖြေ ရမှာဖြစ်ပါကြောင်း၊ ယိမ်းအဖွဲ့များ ကပြရန်အတွက် တိုင်းဒေသကြီးသီချင်းအား ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သီချင်း၊ စာသားနှင့် အကမှာလည်းမြိုင်မြိုင်ဆိုင်ဆိုင် မြူးမြူးကြွကြွ ဖြစ်စေရန်ဖြစ်ပါကြောင်း”ပြောကြားသည်။ ထို့နောက် ယိမ်းကပြရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီးက ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သို့ သွားရောက်၍ အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများအတွက် သင်ထောက်ကူပစ္စည်းများအသုံးပြု၍ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်သင်တန်း (ဇီဝဗေဒဘာသာရပ်) အား ပုသိမ်တက္ကသိုလ်မှ နည်းပြ ဆရာ၊ ဆရာမများက သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေးပြီး ဆရာ၊ဆရာများအနေဖြင့် သင်ကြားပို့ချမှုအား ကြိုးစား လေ့လာသင်ယူမှတ်သားကြရန်နှင့် မိမိ၏တပည့်များအား လက်တွေ့ကျကျ အကောင်းဆုံး ပြန်လည်သင်ကြားပေးနိုင်ရေးတို့အား မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်ကြောင်းသိရသည်။


Read More...
27-Nov-2022