သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၆ နှစ်အောက် အမျိုးသား‌ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ချီးမြှင့်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင်အသက်၁၆နှစ်အောက် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့ ညနေပိုင်းတွင် ကိုးသိန်းဘောလုံးအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ဘောလုံးဝါသနာရှင် ပြည်သူများတက်ရောက်ကြည့်ရှုအားပေးသည်။ ဗိုလ်လုပွဲတွင် ဘောလုံးအကယ်ဒမီအသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ခရိုင်အသင်းက‌ ဘောလုံးအကယ်ဒမီအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားအားပြုလုပ်ရာ ဆုရရှိသည့်ခရိုင်များမှ အားကစားသမားများက နေရာယူကြပြီး ဒုတိယဆုရရှိသည့် ဘောလုံးအကယ်ဒမီအသင်းမှ အားကစားသမားများအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှအားကစားသမားများအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်းအသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား ဂုဏ်ပြုဆုဖလားချီးမြှင့်ပေးခဲ့သည်။အဆိုပါဘောလုံးပွဲအားယခုလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိကျင်းပခဲ့ကြောင်းသိရသည်။


Read More...
24-Sep-2022
ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ်၊ မြို့၊ ရပ်ကွက်၊ကျေးရွာများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) လုပ်ကိုင်လည်ပတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်ဦးရပ်ကွက်ရှိ လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီမြတ်ကြီး ပရဝဏ်အတွင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအားကြည့်ရှု စစ်ဆေးပြီး အမှိုက်နှင့်ခြုံနွယ်များနေ့စဉ်ရှင်းလင်းဆောင်ရွက်ရေးနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့အားမှာကြားသည်။ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဂင့်ချွန်မုန့်လုပ်ငန်း၊ ဂွတ်ရှယ် ကြက်အူချောင်း၊ ဝက်အူချောင်းလုပ်ငန်း၊ ရွှေကညင်ပုသိမ်ထီးလုပ်ငန်း၊ ATW ကြက်စာ၊ဝက်စာလုပ်ငန်း၊ ပုသိမ် ကွန်ပျူတာပန်းထိုးစက်ရုံနှင့် ရွှေမြင်းပျံ ပုသိမ်ဟာလဝါလုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်လည်ပတ်မှုအခြေအနေများအား မေးမြန်းရာ တာဝန်ရှိသူများ၏ ဖြေကြားတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က စားသုံးကုန်များထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ရေး၊ဓာတုဆိုးဆေးများအသုံးမပြုရေး၊ပြည်သူများ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရေးအတွက်အလေးထားဆောင်ရွက်ရေး၊ပုသိမ်ထီးများကို ပြည်တွင်း ပြည်ပခရီးသွားများအတွက်ခိုင်ခံ့မှုနှင့်အရည်အသွေးကောင်းမွန်ရေးအလေးထားဆောင်ရွက်ရေး၊ဝက်စာ၊ကြက်စာများ ထုတ်လုပ်မှု လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရေး၊ပြည်တွင်းထုတ်ကုန်များအား ပြည်ပထုတ်ကုန်များနှင့်ယှဉ်ပြိုင်နိုင်သည်အထိ အရည်အသွေးကိုအဓိကထားဆောင်ရွက်ရေး၊တစ်လအတွင်းထုတ်လုပ်မှုအား စနစ်တကျမှတ်တမ်းထားရှိရေး၊စက်ရုံများတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေးတို့အားမှာကြားသည်။ ဆက်လက်၍  ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ “မြို့အင်္ဂါရပ်နှင့်အညီ လမ်းတိုင်း၊ရပ်ကွက်တိုင်းသန့်ရှင်းသာယာလှပရေးအား အလေးထားဆောင်ရွက်ရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် ပြည်သူများသန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေရေး စည်းရုံးရန်၊ တက္ကသိုလ်ဝင်စာမေးပွဲစနစ်ဟောင်းတွင် ဝင်ရောက်ဖြေဆိုသူများအနေဖြင့် စာသင်ဝိုင်း၊ စာဖတ်ဝိုင်းများသို့ ရောက်ရှိလာစေရေးဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်နှင့်ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံနိုင်ရေးကြပ်မတ်ရွက်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း စနစ်တကျမောင်းနှင်သွားလာနိုင်ရေးအတွက် နေ့စဉ်စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း”မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Read More...
24-Sep-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင့်လေ့ကျင့်မှုများကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၏စခန်းသွင်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပါသည်။ ဦးစွာ မြို့တော်ခန်းမတွင်လေ့ကျင့်နေကြသည့် အကအဖွဲ့များ၏ လေ့ကျင့်ကပြမှု၊ ပုသိမ်တက္ကသိုလ် ဝင်းအတွင်းတွင် ရာမာယဏဇာတ်တော်ကြီးအကအဖွဲ့နှင့် အဆို၊ အက၊ အရေး၊အတီးအဖွဲ့များ၏ သီဆို၊တီးမှုတ်၊ အကလေ့ကျင့်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အောင်မြင်မှုများရရှိစေရေးကြိုးစားကြရန်၊ ကျန်းမာရေးဂရုပြုကြရန်မှာကြား၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ထမင်းစားဆောင်များကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အစားအစာများသန့်ရှင်းလက်ဆက်မှုရှိစေရေး၊ အာဟာရညီညွှတ်မျှတမှုစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။


Read More...
21-Sep-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်းအစီအစဉ် (School Milk Programme)အခမ်းအနားတက်ရောက်
ပုသိမ်မြို့ ၊အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့မဉ္ဇူခန်းမတွင် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် Top Dairy Farm တို့ပူးပေါင်းဆောင်ရွက်သည့် ကျောင်းနေအရွယ်ကလေးများ နွားနို့တိုက်ကျွေးခြင်းအစီအစဉ် (School Milk Programme)အခမ်းအနား ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်၊စေတနာရှင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပါသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ကျောင်းနေအရွယ်ကလေးငယ်များအာဟာရပြည့်ဝသည့်အစားအစာများစားသုံးခြင်းဖြင့် ဉာဏ်ရည်ဖွံံ့ဖြိုးခြင်း၊ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းကျန်းမာခြင်းများရရှိစေရန် အာဟာရပြည့်ဝသည့် နွားနို့သောက်သုံးခြင်းအလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် နမူနာပြဆောင်ရွက်သည့်အခမ်းအနားဖြစ်ပါကြောင်း၊ ကလေးငယ်များသည် ငယ်စဉ်ကပင် အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်းဖြင့် ကျန်းမာကြံံ့ခိုင်ပြီးဉာဏ်ရည်ဖွံ့ဖြိုးတဲ့ မျိုးဆက်သစ်လူငယ်များကိုမွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ နွားနို့တွင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သည့် ဗီတာမင်၊ ကယ်(လ်)စီယမ်၊ အသားဓာတ်၊ သကြားဓာတ်၊ အဆီဓာတ်၊ သတ္ထုဓာတ်များစွာပါဝင်ပြီး အရိုးအဆစ်နှင့်သွားများခိုင်မာခြင်း၊ ကိုယ်ခန္ဓာကြီးမားဖွံ့ဖြိုးခြင်း၊ ခွန်အားရရှိစေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက်မြတ်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တည်ဆောက်ရန်အတွက် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်၍ အခြေခံပညာကျောင်းများရှိ ကျောင်းနေအရွယ်ကလေးများ နွားနို့တိုက်ကျွေးခြင်းအစီအစဉ် (School Milk Programme)သည် များစွာအကျိုးရှိပါကြောင်းနှင့် ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေးသက်ဆိုင်ရာဌာနဆိုင်ရာများမှကြိုးစားပေးစေလိုပါကြောင်းနှင့် ကလေးငယ်များအာဟာရပြည့်ဝပြီးဉာဏ်ရည်ဖွံ့ဖြိုးကြီးထွား စေရန်အတွက် ကြက်ဥနှင့်နွားနို့များတိုက်ကျွေးနိုင်ရေးပူးပေါင်းဆောင်ရွက်ပေးကြပါသော မွေးမြူရေးလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များနှင့်ဌာနဆိုင်ရာများအားကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အခမ်းအနားတက်ရောက်လာကြသူများမှ အမှတ်(၁၁)အ ခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းကျောင်းသားကျောင်းသူ (၄၆၀)ဦးအား နွားနို့နှင့်ကြက်ဥများတိုက်ကျွေးခဲ့ကြပါသည်။


Read More...
21-Sep-2022
(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့ည‌နေပိုင်းက ပြုလုပ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ရေးနာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဗဟိုအဆင့်သို့သွားရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ ဗဟိုပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုများရရှိနိုင်ရေးတို့အတွက်ခရိုင်အဆင့်ပြိုင်ပွဲများကျင်းပပြုလုပ်၍ ဆုရရှိသူများရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်မှုများဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင်အောင်မြင်မှုရရှိနိုင်ရန်အတွက် လေ့ကျင့်ချိန်များများရရှိစေရေး၊ လေ့ကျင့်သားပြည့်ဝစေရေး စနစ်တကျပြင်ဆင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း ကျန်းမာရေး အထူးဂရုပြု နေထိုင်ရန်နှင့် စခန်းသွင်းလေ့ကျင့်ချိန်တွင် စနစ်တကျလေ့ကျင့်သင်ကြားပေး၍ အကောင်းဆုံးယှဉ်ပြိုင်အောင်မြင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးရန်လိုပါကြောင်း၊လုပ်ငန်းကော်မတီများကလည်း မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ”ပြောကြားသည်။ ဆက်လက်၍(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့သွားရောက် ယှဉ်ပြိုင်နိုင်ရေးလုပ်ငန်းကော်မတီ များအလိုက်အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
20-Sep-2022