သတင်းများ
မြောင်းမြမြို့နယ်၊ ရွှေဂူကြီးကျေးရွာရှိ အလောင်းစည်သူမင်းကြီးင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာအုပ်စု၊ ရွှေဂူကြီးကျေးရွာရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ ဌာပနာပိတ်ပွဲသို့ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
ရှေးဦးစွာ ဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ မြောင်းမြမြို့၊အလယ်တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော“မေတ္တာသုတ်”ပရိတ်တရားတော်အား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ဘုရားဒါယိကာ၊ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ပရိတ်ပန်း ၊ပရိတ်ရေ၊ ပရိတ်ချည်၊ပရိတ်သဲများ၊ ဘုရားဌာပဌာများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ မြောင်းမြမြို့၊ အလယ်တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဘုရားဒါယိကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဘုရားဌာပနာတော်ပစ္စည်းများကို ပင့်ဆောင်ပူဇော်ခဲ့ကြပြီး ဘုရားဌာပနာတော်များကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဌာပနာတိုက်အတွင်း စတင်ထည့်သွင်းပူဇော်ခဲ့ကြရာ ဆရာတော် သံဃာတော်အရှင်သူမြတ်များက “ဇယန္တော ဗောဓိယာ မူလေ”အစရှိသော ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ယင်းနောက် ဘုရားဌာပနာများ ထည့်သွင်းပူဇော်ပြီးသောအခါ ဌာပနာပိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မင်္ဂလာအခမ်းအနားအား ရုပ်သိမ်းကာ ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာ၊ တောင်သူ ဦးအောင်ရွှေ၏ ဘဲကောင်ရေ(၄၂၀၀)မွေးမြူထားရှိမှု၊ ဈေးကွက်များသို့ ဘဲဥဖြန့်ဖြူးနေမှုအခြေအနေများနှင့် ဈေးကွက်အတွင်း ရောင်းချရသည့် ဈေးနှုန်းများကို မေးမြန်းခဲ့ရာ တောင်သူဦးအောင်ရွှေက သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့၊ ရေပြာစမ်းကျေးရွာရှိ အသောကသီတဂူဘေးမဲ့တောရကျောင်းတိုက်ဆရာတော် ဦးဝဏ္ဏောဘာသအားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထာခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသောကသီတဂူဘေးမဲ့တောရကျောင်းဝန်းအတွင်း မွေးမြူထားရှိသည့် ဒေသနွားမွေးမြူရေးခြံသို့သွားရောက်ခဲ့ပြီး တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက နွားမွေးမြူထားရှိမှုအခြေအနေများ၊ နွားချေး၊ သစ်ရွက်ခြောက်၊ ကောက်ရိုး၊ အီးအမ် များဖြင့် သဘာဝမြေသြဇာပြုလုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနေမှုအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။
Read More...
25-Jun-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ဗုဒ္ဓပူဇာမင်္ဂလာနှင့် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ဗုဒ္ဓပူဇာမင်္ဂလာနှင့် မဟာပဋ္ဌာန်းပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားအား ဇွန်လ ၂၁ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဗုဒ္ဓပူဇာမင်္ဂလာနှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားအား ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီးနောက်နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။ယင်းနောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိဿရ MA,Ph.D (India) အရှင်သူမြတ်က ပဋ္ဌာန်းအောင်ပွဲ အနုမောဒနာဂါထာကို ရွတ်ဖတ်ပူဇော်ခဲ့ပြီး ဗုဒ္ဓပူဇာမင်္ဂလာနှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဩဝါဒါစရိယ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဦးစီးအရာရှိက နတ်၊ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ အဆိုပါ ဗုဒ္ဓပူဇာမင်္ဂလာနှင့် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အခမ်းအနားအား သံဃာတော်အရှင်သူမြတ်များက ယခုလ (၁၇) ရက်နေ့မှ (၂၁)ရက်နေ့ အထိ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။
Read More...
22-Jun-2023
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး(၂/၂ဝ၂၃)ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး (၂/၂ဝ၂၃) အစည်းအဝေးအား ဇွန်လ ၂၂ ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးသည် လယ်ယာမြေနှင့်ပတ်သက်၍ အမှုတွဲများ များပြားပါကြောင်း၊လယ်ယာမြေနှင့်ပတ်သက်သည့် အမှုတွဲများအား ကြားနာဆုံဖြတ်ရာတွင် သမာသမတ်ရှိရှိ စစ်ဆေးဆုံးဖြတ်ရန်လိုပါကြောင်း၊ မြေယာလျော်ကြေးကိစ္စများအား မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရှင်းလင်းတင်ပြမည့် တာဝန်ခံများကလည်း ပြည့်ပြည့်စုံစုံအချိတ်ဆက်မိမိ ရှင်းလင်းတင်ပြရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်”အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးက (ဟင်္သာတ၊ ညောင်တုန်း) မြို့နယ်များအတွင်းရှိ တောင်သူများအား နစ်နာကြေးနှင့် လျော်ကြေး ပေးလျော်နိုင်ရေးအတွက် တွက်ချက်မှု (ပုံစံ-၁၂)ဖြင့်ပူးတွဲဇယား (၁)ပါ အမှုတွဲ(၂)တွဲအားလည်းကောင်း၊ မအူပင်ခရိုင်အတွင်းရှိ ပူးတွဲဇယား(၂)ပါ (ပန်းတနော်၊ ညောင်တုန်း)မြို့နယ်အတွင်းရှိ တောင်သူများ မှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပျောက်ဆုံး/ပျက်စီးခြင်းအတွက် ဒုတိယမူရင်း (သို့) မိတ္တူမှန် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာမှုများအပေါ် မအူပင်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ စိစစ်ဆောင်ရွက်ပြီး တင်ပြလာသည့်ကိစ္စအားလည်းကောင်း၊လယ်မြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ထားသည့် ပူးတွဲဇယား(၃)ပါလုပ်ငန်းစာတွဲ (၆)တွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်/ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ဒဏ်ကြေးအဆိုပြုတင်ပြလာသည့်ကိစ္စအားလည်းကောင်း၊ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ လယ်ယာမြေဥပဒေပုဒ်မ ၂၅ အရ၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ အယူခံဝင် တင်ပြလာသည့် ကြားနာစိစစ်ပြီးပူးတွဲဇယား ၄ ပါ မြေယာအယူခံမှု (၁၀)မှုကိစ္စ များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး အဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
22-Jun-2023
ဖားအောက်တောရဓမ္မရိပ်သာ(ပုသိမ်)ဆွမ်းစားကျောင်းဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Read More...
ဖားအောက်တောရဓမ္မရိပ်သာ(ပုသိမ်)ဆွမ်းစားကျောင်းဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်-မော်တင် ကားလမ်းဘေးရှိ အဆိုပါရိပ်သာ၏ ပရဝဏ်အတွင်း၌ ကျင်းပခဲ့ရာ ပန္နက်တင်မင်္လာအခမ်းအနားသို့ ဖားအောက်တောရဓမ္မရိပ်သာ(ပုသိမ်)၏ ဦးစီးပဓာနနာယကဆရာတော် (ဓမ္မာစရိယ၊ဝိနယဝိဒူ၊ ရွှေကျင်နိကာယဝိနယဓရ၊ ဒီသနိကာယဝိဒူ၊ ဒီသနိကာယမာမက၊ အဘိဓမ္မမာမက) ဘဒ္ဒန္တ ဇောတိပါလ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာများတွင် နေရာယူပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့် တပြိုက်နက် ပန္နက်တော်အား (၉)ချက်စီရိုက်၍ အသီးသီး ပန္နက်တော်တင်ခဲ့ကြပြီး ပန္နက်တော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ ရေစက်ချတရားနာမင်္ဂလာအခမ်းအနားအားပြုလုပ်ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီးနောက် ဖားအောက်တောရဓမ္မရိပ်သာ(ပုသိမ်)၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တ ဇောတိပါလထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖားအောက်တောရဓမ္မရိပ်သာ(ပုသိမ်)၏ ဦးစီးပဓာန နာယကဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရိပ်သာအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
Read More...
20-Jun-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အမှတ်စဉ်(၁/၂၀၂၃၊၂၀၂၄)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် ပိုက်ဆံလျှော်ထည့်သွင်းပွဲအခမ်းအနားများတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အမှတ်(၁၇) စက်မှုလယ်ယာစခန်း၌ အမှတ်စဉ်(၁/၂၀၂၃၊၂၀၂၄)ရိတ်သိမ်စခြွေလှေ့ဆစက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဖြစ်ပြီး မိုးစပါး၊နွေးစပါး ဧက ၅၂ သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေသေးပြီး ပန်းတိုင်အထွက်နှုန်းမရောက်သေးမီ ကာလစပ်ကြား တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်းစသည့်မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့စက်များပေါ်လာပြီးနောက်ပိုင်း တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များကို အားထားလာပါကြောင်း၊ ရိတ်သိမ်းချွေလှေ့စက်များအသုံးပြုရာတွင်စက်မောင်းများက်ိုင်တွယ်ထိန်းသိမ်းမှုအားနည်းပါက စပါးအလေအလွင့်ရာခိုင်နှုန်းများသည်ကိုတွေ့ရှိရသဖြင့်နွေစပါးအပြီးမိုးစပါးမရိတ်သိမ်းမီသင်တန်းပေးရခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီးဆင့်ပွားသင်တန်းများပို့ချသွားမည်ဖြစ်ပါကြောင်း၊၁ဧက၁၀တင်းနှုန်းပိုမိုထွက်ရှိရေးကြိုးပမ်းလျက်ရှိရာအလေအလွင့်ထိန်းနိုင်ပါပိုမိုထွက်ရှိလာမည်ဖြစ်သဖြင့်စိုက်ပျိုးရေးတိုင်းအတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနသာမက ကုမ္ပဏီများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချမှုများကို ကြိုးစားသင်ယူကြစေလိုကြောင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက တစ်ဦးချင်းဂါဝရပြုမိတ်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး စက်မှုလယ်ယာစခန်းရှိ လယ်ယာသုံးစက်ကြီးများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ စက်မှုလယ်ယာနှင့် ကူဘိုတာဧရာဝတီ ကုမ္ပဏီတို့မှပူးပေါင်းဖွင့်လှစ်သည့် အမှတ်စဉ်(၁/၂၀၂၃၊၂၀၂၄) ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းအား ယနေ့မှစ၍ ၁လကြာသင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသား ၅၀ ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ဆီဆုံကုန်းကျေးရွာအုပ်စု တောင်သူဦးနိုင်ဝင်းဆွေ၏ စိုက်ဧက(၅)ဧက၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ မိုးစပါး အထွက်နှုန်းတိုးတက်စေရေး ကြိုးစား စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ၊ တောင်သူ ဦးသန်းစိန်ပါ (၁၉)ဦး လယ်မြေ ဧက ၁၀၀ တွင် ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်းအခမ်းအနားတက်ရောက်၍ ထွန်စက်ကြီး ၈ စီးဖြင့် ထွန်ယက်ထည့်သွင်းနေမှုအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မြေဆီလွှာကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေသြဇာများပိုမိုထည့်သွင်းစိုက်ပျိုးစေရေးနှင့် တစ်ဧက အထွက်တိုးစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။ အဆိုပါသစ်စိမ်းမြေသြဇာထည့်သွင်းထွန်ယက်ရာတွင် တစ်ဧက လျှင် သစ်စိမ်းမြေသြဇာတန်ချိန် ၈.၇ တန်ထည့်သွင်းနိုင်ခဲ့ပြီး နိုက်ထရိုင်ဂျင် ၁.၈ အိတ်၊ ဖော့စဖိတ်၀.၂၄၊ ပိုတက် ၀.၈အိတ်နှင့် ညီမျှသော အာဟာရဓာတ်များထည့်သွင်းနိုင်ခဲ့ကြောင်းသိရသည်။
Read More...
19-Jun-2023