သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စံပြကျေးရွာနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများသို့ ဒေဒေါင်းထွန်စက်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ပွဲအခမ်းအနားတက်ရောက်
စံပြကျေးရွာနှင့်စိုက်ပျိုးရေးသမဝါယမအသင်းများသို့ ဒေဒေါင်းထွန်စက်နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မြက်တို)၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးသမဝါယမ အသင်းသားများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မည့် သမဝါယမအသင်း များအားထောက်ပံ့ပေးသည့် ဒေဒေါင်းထွန်စက်များနှင့် အသင်းသားများပိုင်ဆိုင်သည့်လယ်ယာမြေများကို အချိန်မီစနစ်တကျ ထွန်ယက်နိုင်ရန် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးတွင် နိုင်ငံတော်မှ အားထားရသည့် တိုင်းဒေသကြီးဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်းများစွာ လည်းရှိပါကြောင်း၊ တိုင်းဒေသကြီးသည် နွေစပါးနှင့်မိုးစပါး(၅၂)သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နေသကဲ့သို့ ပဲမျိုးစုံ(၁၆)သိန်းကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ကုန်ချောများ၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ပါက ဝင်ငွေများလည်းတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီ တွင် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက်ဆောင်ရွက်လျက်ရှိပြီး တစ်ဧက အထွက်နှုန်းများတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့် စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်နှစ်မိုးစပါးစိုက် ရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတော်မိုးတော်(၂၇)သိန်းအား သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပြီး ဓာတ်မြေဩဇာသုံးစွဲမှုလျော့ချနိုင်ရန် နှင့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများထုတ်လုပ်နိုင်ရေးလည်းဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်သမဝါယမအသင်းများနှင့် MSME လုပ်ငန်းများအတွက် နိုင်ငံတော်မှပံ့ပိုးပေးနေသကဲ့သို့ တိုင်းဒေသကြီးအစိုးရ အနေဖြင့်လည်း အားကြိုး မာန်တက် လိုက်ပါဆောင်ရန်လိုအပ်ပါကြောင်းနှင့် တောင်သူများ အနေဖြင့်လည်း သမဝါယမစိတ်ဓာတ်ကို အခြေခံ၍ ကုန်ထုတ်သမဝါယမအသင်းများ၊ စံပြကျေးရွာများကလည်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်”အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ သမဝါယမဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးက ဒေဒေါင်းထွန်စက်နှင့် နောက်ဆက်တွဲပစ္စည်းများ ထောက်ပံ့ပေးအပ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊  မြောင်းမြမြို့နယ်၊ ပန်းတနော်မြို့နယ်များမှ စံပြကျေးရွာ(၄)ရွာရှိ သမဝါယမအသင်းများသို့ ဒေဒေါင်းထွန်စက်နှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ကြံခင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ လပွတ္တာမြို့နယ်၊ ပန်းတနော်မြို့နယ်များမှ စိုက်ပျိုးရေးသမဝါယမအသင်းများသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဓနုဖြူမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ညောင်တုန်းမြို့နယ် များမှစိုက်ပျိုးရေးသမဝါယမအသင်းများသို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း ဒေဒေါင်းထွန်စက်နှင့် ဆက်စပ်ပစ္စည်းများအသီးသီးပေးအပ်ခဲ့ကြပြီး သမဝါယမအသင်းသားတစ်ဦး က ကျေးဇူးတင်စကားများပြန်လည်ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကနိဂုံးချုပ် စကားပြောကြားခဲ့သည်။  ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဒေဒေါင်းလယ်ယာသုံးစက်များ စမ်းသပ်မောင်းနှင်မှုကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့် နေ့လယ်စာများအတူတကွသုံးဆောင်ခဲ့ကြကာ သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများ ကိုပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းတွင် ပထမနှစ်သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး နှင့် ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူ (၄၁) ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။


Read More...
06-Jul-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့်မှသည် နိုင်ငံ့လက်ရွေးစင်များအထိ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈) ခရိုင်၊ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။ အသက်၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး အစရှိသည့် ရည်ရွယ်ချက် များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် အမျိုးသမီးဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးဘောလုံးအသင်းများသည် အောင်မြင်မှု အစဉ်အလာများရှိသည့် အသင်းများဖြစ်ပါကြာင်း၊ ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဒုတိယ ၊ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်လည်း တတိယဆုများ ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ကြောင်းကိုလည်း တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမရွေး ကမ္ဘာနှင့်အဝှမ်း စိတ်ပါဝင်စားပြီး အားပေးချီးမြှင့်မှု အများဆုံးဖြစ်သည့် အားကစားနည်းတစ်ရပ်ဖြစ်သကဲ့သို့ အနိုင်ရဗိုလ်စွဲသည့် ဘောလုံးအသင်းအား သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်မှာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှု ”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတွက် ယှဉ်ပြိုင်မှုပြင်းထန်လာသည့်အခါ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့်ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်း သေဝပ်မှု၊ တရားသောယှဉ်ပြိုင်အနိုင်ရရှိမှုကိုကျင့်သုံးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်အတွင်းမှာလည်း ပြိုင်ဘက်အသင်းအား သည်းခံမှု၊ စိတ်ရှည်မှု၊ နားလည်မှုရှိပြီး ရှုံးခဲ့လျှင်လည်း အရှုံးကိုကျေနပ်စွာလက်ခံပြီး ပြိုင်ပွဲပြီးစီးသည်အထိ ယှဉ်ပြိုင်ရဲသည့် ကြံ့ခိုင်သော စိတ်ဓာတ်ရှိရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့ တိုင်းဒေသကြီး၏ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း”  တိုက်တွန်းမှာကြား၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၈) ခရိုင်၊ အသက်၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဖွင့်ပွဲစဉ်အဖြစ်  ကျုံပျော်ခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါဘောလုံးပွဲစဉ်များအား ယခုလ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


Read More...
05-Jul-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်အတွင်းရှိ ရာဘာစိုက်ပျိုး ထုတ်လုပ်မှု၊ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ (၃)ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ လိုက်ပါလျက် ဟင်္သာတခရိုင်အတွင်းရှိ ရာဘာစိုက်ပျိုးထုတ်လုပ်မှု၊ ပီလောပီနံစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများကြည့်ရှုစစ်ဆေးခဲ့သည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာအုပ်စုရှိ တိုးတက် ကုမ္ပဏီရာဘာခြံသို့သွားရောက်၍ ရာဘာစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ကာ ရာဘာစိုက်ခြင်း၊ အစေးခြစ်ခြင်းနှင့် ရာဘာကုန်ကြမ်း ထုတ်လုပ်မှု အဆင့်ဆင့်တို့အားမေးမြန်းခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက ရာဘာစိုက်ပျိုး ထားရှိမှု၊ ရာဘာပြားများထုတ်လုပ်မှုနှင့် ရောင်းချနေမှု အခြေအနေများရှင်လင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများအပြည့်အဝ စိုက်ပျိုးစေနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင် အောင်စိုက်ပျိုးရေး၊ ကုန်ကြမ်းအရည်အသွေးများပြည့်မီစေရေး၊  ကုန်ကြမ်းများမှကုန်ချော ထုတ်လုပ်နိုင်သည်အထိနည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်နှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး ရာဘာစိုက်ပျိုးထားရှိမှု၊ အစေးခြစ် နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကုန်ကြမ်းထုတ်လုပ်မှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။ လေးမျက်နှာမြို့နယ်အနေဖြင့် ရာဘာ (၃၆၀၀) ဧက စိုက်ပျိုးထားရာ (BPM 24) ရာဘာမျိုးအား အဓိကထားစိုက်ပျိုးထားရှိပြီး (RSS -1) အဆင့် ရာဘာပြားများနှင့် (RSS -3) အဆင့်ရာဘာပြားများ ထုတ်လုပ်ကာရန်ကုန်ဈေးကွက် သို့ပို့ဆောင်လျက် ရှိကြောင်းသိရသည်။ ထို့နောက် ဘောတလင်းကျေးရွာ၊ တောင်သူဦးမိုးနိုင်ဦး၏ ယာမြေ (၁၅) ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပီလောပီနံ(ကိုင်းရှုတ်မျိုး) စိုက်ပျိုးထားရှိမှု အားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ပီလောပီနံစိုက်ပျိုးထုတ်လုပ် ရောင်းချမှုနှင့် စွန့်ပစ်ပစ္စည်းများအား တိရစ္ဆာန်အစာအဖြစ်အသုံးပြုရောင်းချမှု အခြေအနေများ ရှင်းလင်းတင်ပြ မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက်တိုးမျိုးများစိုက်ပျိုးစေရေး၊ စိုက်နည်းတကျ စိုက်ပျိုးစေရေးနှင့်ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ သမအသင်းများအနေဖြင့်တစ်ဧကအထွက်တိုးစေရေး ဆောင်ရွက်ကြရန်နှင့် ကုန်ကြမ်းထုတ်လုပ်မှုမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရေး မှာကြားခဲ့သည်။ ထို့အတူ ဆိတ်ချီးပင်ကျေးရွာ တောင်သူဦးသန်းမြင့်၏ ယာမြေ (၅)ဧကတွင် ပီလောပီနံ(Rayone-9)မျိုးသန့်စိုက်ခင်းအားကြည့်အားပေးခဲ့ပြီး မျိုးကောင်းမျိုးသန့်များ၊ အထွက်တိုးမျိုးများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုစေရေးမှာကြားခဲ့သည်။ ထို့နောက် ဟင်္သာတ မြို့နယ်၊ ယုန်သလင်းကျေးရွာ၊ တောင်သူဦးမျိုးဇော်လင်း၏ ယာမြေ (၁၅)ဧကတွင် ပီလောပီနံ(ကိုင်းရှုတ်မျိုး) စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုး စေရေးမှာကြားခဲ့သည်။ ထို့နောက် မဒေါ့တလုတ်ကုန်းကျေးရွာ၊ ဒေါ်လွင်လွင်မိုး၏ ဝက်မွေးမြူရေးခြံသို့သွားရောက်၍ နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသားတိုးဝက်မွေးမြူ ထားရှိမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးကွက်တင်ပို့မှုအခြေအနေများမေးမြန်းခဲ့ကာ စနစ်တကျ မွေးမြူ၍ ပိုမိုတိုးတက်မွေးမြူနိုင်စေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကွင်းကျေးရွာရှိ တောင်သူဦးသက်နိုင်၏ လယ်မြေ (၁၀)ဧက တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်ဆင်းသုခ(RS)မျိုးသန့် မျိုးစပါးများအား စနစ်တကျစိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက (၁၀) တင်းပိုမိုထွက်ရှိစေရေး၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများပိုမိုသုံးစွဲစေရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့ဆောင်ရွက်ပေးထားပြီးဖြစ်၍ ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးမှာကြား ခဲ့သည်။ ထို့နောက် ဟင်္သာတမြို့၊ ပန်းပဲတမ်းရပ်ကွက်၊ နတ်မော်လမ်းရှိ ထွန်းအင်အား မွေးမြူရေးအစာတောင့်စက်ရုံသို့သွားရောက်၍ မွေးမြူရေးအစာတောင့်နှင့် အစာမှုန့်ထုတ်လုပ် နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံပိုင်ရှင်မှအစာတောင့်နှင့်အစာမှုန့် ထုတ်လုပ်မှု၊ ဒေသထွက်ကုန်ကြမ်းများဝယ်ယူသုံးစွဲမှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဒေသထွက်ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစားအစာများပိုမိုထုတ်လုပ်နိုင်ရေး၊ အရည်အသွေးကောင်းမွန်ပြီးဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေး မှာကြားခဲ့သည်။ အဆိုပါ ထွန်းအင်အား မွေးမြူရေးအစာတောင့်စက်ရုံမှ ဒေသထွက် ကုန်ကြမ်းများဖြင့် တစ်ရက်လျှင် အစာတောင့်(၂)တန်၊ အစာမှုန့်(၅)တန်ထုတ်လုပ် လျှက်ရှိပြီး ဒေသတွင်းအစာတောင့်များထုတ်လုပ်ဖြန့်ဖြူးနိုင်ပါက မွေးမြူရေးသမားများ အနေဖြင့် အစာကုန်ကျစရိတ်များလျော့ချနိုင်ပြီး မွေးမြူရေးထွက်ကုန်များလည်းဈေးကျဆင်း လာကာ ကုန်ဈေးနှုန်းကျဆင်းလာနိုင်မည်ဖြစ်၍ အရည်အသွေးပြည့်မီသည့်အစာတောင့်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


Read More...
04-Jul-2023
မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပ
ပုသိမ်မြို့၊ ဧရာရွှေခန်းမ၌ ပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးအတွင်း အမျိုးသမီးများအရေးဆောင်ရွက်ပေးနေကြသည့် အဖွဲ့များမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယနေ့ဇူလိုင်လ (၃)ရက်နေ့သည် မြန်မာနိုင်ငံဒေသအသီးသီး၌ နေထိုင်ကြသည့် မြန်မာအမျိုးသမီးများ အားလုံးအတွက် ထူးခြားလေးနက်သည့် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပါကြောင်း၊ ယခုလိုနေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာအမျိုးသမီးများနေ့၌ မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါနေ့ကို နိုင်ငံတော်က မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို ပြန်ကြည့်ပါက  ကိုလိုနီခေတ်လွတ်လပ်ရေးကြိုးပမ်းမှု ကာလများတွင်  အမျိုးသားများနှင့် ရင်ပေါင်တန်း တိုက်ပွဲဝင်ခဲ့ကြသည့် အမျိုးသမီးသူရဲကောင်းများစွာ ရှိခဲ့ကြသကဲ့သို့  ခေတ်အဆက်ဆက်မှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များနဲ့ အသိပညာအတတ်ပညာ အနုပညာဆိုင်ရာနယ်ပယ်များမှာ ထူးချွန်ထက်မြက်တဲ့မြန်မာအမျိုးသမီးများ ပေါ်ထွက်ခဲ့ပါကြောင်း၊ မျက်မှောက်ကာလမှာလည်း မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ပေါင်တန်းကာ နယ်ပယ်အသီးသီးမှာ ပါဝင်လျက်ရှိကြပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် အမျိုးသမီးများသည် အိမ်ထောင်စုတစ်ခု၏ ပဲ့ကိုင်ရှင်များဖြစ်သလို နိုင်ငံတော်ရဲ့ အင်အားစုတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ယခုလို ကဏ္ဍစုံမှာ အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်တန်းတူ ရင်ပေါင်တန်း ပါဝင်ဆောင်ရွက်လာနိုင်စေဖို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို အမျိုးသမီးများအနေဖြင့် အရည်အချင်း၊ အရည်အသွေးပြည့်ဝရေး၊ အသိပညာဖွံ့ဖြိုးရေး၊ ဗဟုသုတလေ့လာပြည့်စုံရေးကို ကြိုးစားအားထုတ်ရမှာ ဖြစ်ပါကြောင်း၊ ကျား၊ မ  တန်းတူညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကိုပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသမီးထုကြီးနှင့် အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်  တိုက်တွန်းလိုပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးသည်။ ဆက်လက်၍  အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာခြင်းပြိုင်ပွဲ ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာတွဲဘာသာဖြင့် တစ်နိုင်ငံလုံးအဆင့်(၁)၊ အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနထူးချွန်ဆု၊  ကျောင်းအုပ်စီမံခန့်ခွဲမှုထူးချွန်ဆု၊ မြန်မာအမျိုးသမီးများ နေ့အထိမ်းအမှတ် စာစီစာကုံး ဒုတိယဆု(နေပြည်တော်) အစရှိသည့် နယ်ပယ်အသီးသီးမှ  ထူးချွန်ဆုရ အမျိုးသမီးငယ်များနှင့် အမျိုးသမီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ဗဟိုအဆင့်အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာခြင်းပြိုင်ပွဲ ရွှေတံဆိပ်ဆု၊ လူမှုထူးချွန်ဆု (ဒုတိယအဆင့်၊အားကစား)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ဆု၊ ကမ္ဘာ့ဆရာများနေ့ ဆောင်းပါးပြိုင်ပွဲ ဗဟိုအဆင့် ပထမဆု၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဝတ္ထုတိုပြိုင်ပွဲ နိုင်ငံ တော်အဆင့်အထူးဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အလေးမပြိုင်ပွဲ ရွှေတံဆိပ်ဆု၊ ပညာရည်ချွန်ဆု( Japan Science Technology)၊ အဆို၊အက၊‌အရေး၊အတီး(ဒုတိယ)ဆု၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ  ဘောလုံးပြိုင်ပွဲ ငွေတံဆိပ်ဆု၊ ဗဟိုအဆင့်အဆို၊အက၊‌အရေး၊အတီး(တတိယ)ဆု ရရှိသူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ရွှေတံဆိပ်ဆု၊ နိုင်ငံတော်အဆင့် လူရည်ချွန်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လှေလှော်ပြိုင်ပွဲ ငွေတံဆိပ်ဆုရရှိသူများအား တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲတွင် တတိယဆုရရှိသူများအား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လှေလှော်ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသူများအား  ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီးကလည်းကောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည့် အမျိုးသမီးများအား အသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမျိုးသမီးများ၏ စွမ်းဆောက်မှုလက်မှုပညာပစ္စည်းများ ပြသရောင်းချသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


Read More...
03-Jul-2023
ပုသိမ်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ယနေ့နက်ပိုင်းက ပုသိမ်မြို့၊ကွန်ပျူတာတက္ကသိုလ်ဝန်းအတွင်း၌ ပြုလုပ်ခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ ၂၀၂၃ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ယ‌ခုအခမ်းအခမ်းအနားသည်  ဇူလိုင်(၃)ရက်နေ့ ယနေ့တွင်ကျရောက်သည့် ၂၀၂၃ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားဖြစ်ပြီး သစ်တောပြုစုထိန်းသိမ်းရေး လုပ်ငန်းများတွင် အမျိုးသမီးများသည် ပြည်သူတစ်ရပ်လုံးနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ယနေ့မျက်မှောက်ခေတ်မှာ ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြေပြိုခြင်းစသည့် မမျှော်မှန်းနိုင်သည့်  သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်နေကြရပါကြောင်း၊ထို့ကြောင့် သစ်တောများအပါအဝင် သဘာဝသယံဇာတများကိုထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်တည်တံ့စေခြင်းအားဖြင့် အန္တရာယ်တွေကို ကာကွယ်နိုင်ရုံသာမက နောင်အနာဂတ် နောင်လာနောက်သားများအတွက် အမွေအနှစ်ကောင်းများ ချန်ရစ်ထားပေးနိုင်မှာဖြစ်ပါကြောင်း၊ ဒီရေတောများ၊ လေကာပင်များစိုက်ပျိုးထားရှိခြင်းဖြင့် မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင်လည်း သစ်တောပြုန်းတီးမှုနည်းပါးစေရေနှင့် သစ်တောဖုံးလွှမ်းမှုဧရိယာများပြားစေရေးအတွက် နှစ်စဉ်သစ်တောစိုက်ပျိုးခြင်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် တစ်ဦးချင်း၊ ကျေးရွာတစ်ရွာချင်း၊ တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့်ပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် တက်ညီလက်ညီနှင့် စိတ်ပါ ဝင်စားစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါကြောင်း၊ ထို့အပြင် စိုက်ပျိုးပြီးစီးရုံနှင့် မလုံလောက်ဘဲ ရှင်သန်ကြီးထွားအောင်၊ တစ်ပင်စိုက် တစ်ပင်ရှင်အောင် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ “သစ်တောနှင့်သစ်ပင် ချစ်ခင်သည့်လူမျိုး သစ်ပင်ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး"ဆိုသကဲ့သို့ သစ်ပင်စိုက်ပျိုးခြင်း၊ ထင်းအစားထိုးလောင်စာတောင့်များသုံးစွဲခြင်းဖြင့် သစ်တောပြုန်းတီးမှုကာကွယ်ပေးနိုင်ခြင်း၊ ငွေကြေးအားဖြင့် တန်ဖိုးဖြတ် မရနိုင်ခြင်း၊ "ကုသိုလ်လည်းရ ပြည်လည်းလှ ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းကြ"၊ "ဥတုရာသီ တောကိုမှီ၏”၊  “သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့" ဆိုသည့် သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းထားသည့်ဆောင်ပုဒ်များအတိုင်း သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့စေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်  ပြည်သူတစ်ရပ်လုံး တက်ကြွစွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုပါကြောင်း"အမှာစကားကြေားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍  တာဝန်ရှိသူများသည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် နွယ်သာဂီ၊ကျွန်း၊ ပျဉ်းကတိုး၊ ခရေ၊ မဟော်ဂနီ၊ ပိတောက်၊ ကဗွီး၊ ကံ့ကော်အစရှိသည့် သစ်ပင်(၁၁)မျိုးမှ ပျိုးပင်ပေါင်း (၈၁၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီးနောက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


Read More...
03-Jul-2023