သတင်းများ


ပုသိမ်မြို့နယ်စာစစ်ဌာနအောင်စာရင်း
ပုသိမ်မြို့နယ်စာစစ်ဌာနအောင်စာရင်း


Read More...
17-Jun-2022
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်  ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင် ဖြစ်ခဲ့ ကြ သည့်နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဂုဏ်ပြုပွဲအခမ်းအနားအား ယနေ့မွန်းလွဲ ၂ နာရီက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပ ပြုလုပ်သည့် အခမ်းအနားသည် (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင်ဖြစ်ခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ပါကြောင်း၊  (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်   ဧရာဝတီတိုင်းဒေသကြီးလက်ရွေးစင်ဖြစ်ခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ၂၂ ဦးမှ ရွှေတံဆိပ် ၄ ခု၊ငွေတံဆိပ် ၃ ခုနှင့်ကြေးတံဆိပ် ၂၆ ခု စုစုပေါင်းဆုတံဆိပ် ၃၃ ခုရရှိခဲ့ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်များရရှိနိုင်ရေးအတွက် မြို့နယ်၊ခရိုင်၊တိုင်းဒေသကြီးအဆင့်ဆင့် အားကစားပြိုင်ပွဲများတွင်ယှဉ်ပြိုင်ရွေးချယ်၍ စနစ်တကျ စခန်းသွင်းလေ့ကျင့်ကာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဦးချင်း၊ အဖွဲ့လိုက် ကြိုးစားယှဉ်ပြိုင် အနိုင်ရလာခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရွေးစင်အားကစားသမားဟောင်းများကိုလည်း ထိုက်သင့်တဲ့အားပေးထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို အားပေးချီးမြှင့်ခြင်းဖြင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ အားကျအတုယူကြိုးစားနိုင်စေရေးဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်၊ တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား အတုယူ၍ နိုင်ငံဂုဏ်ဆောင်အားကစားသမားများဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြရန်”ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် အားကစားသမားများကို ဂုဏ်ပြုဆု‌ငွေနှင့်ဂုဏ်ပြုမှတ်တမ်းများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ငွေတံဆိပ်၊ကြေးတံဆိပ် ဆုရရှိခဲ့သည့်အားကစားသမားများအား ဂုဏ်ပြုဆု‌ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများအသီးသီးပေးအပ်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုယ်စား KURASH ပြိုင်ပွဲတွင်ရွှေတံဆိပ်ဆုရရှိခဲ့သည့် မအေးအေးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားသမားများ၏ ယှဉ်ပြိုင်ခဲ့မှုဗီဒီယိုမှတ်တမ်းအား ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော  အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။


Read More...
16-Jun-2022
သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)၌ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး ၊ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)၌ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်  ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲတွင်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ပညာဆက်လက်သင်ယူရန်အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန်နှင့် ထူးချွန်သူများကို သမဝါယမကောလိပ်များ၊ သမဝါယမစီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာတက်လက်သင်ကြားနိုင်သည့်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ယခုသင်တန်းအားဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ယခုဖွင့်လှစ်သည့် သင်တန်းအား တက်ရောက်နိုင်ရန်အတွက် အနိမ့်ဆုံးပညာအရည်အချင်းသည် အဌမတန်းအောင်အဆင့် သတ်မှတ်ထားသောကြောင့် ပညာတစ်ပိုင်းတစဖြင့် ရပ်နားထားရသူများအတွက် အမှန်တကယ်အကျိုးပြုသော သင်တန်းဖြစ်ပါကြောင်း၊ စားသောက်ရေးစရိတ်၊ နေထိုင်ရေးစရိတ်၊ စာရေးကိရိယာစရိတ်၊ သင်တန်းဝင်ခွင့်စရိတ်များအား အခမဲ့ဆောင်ရွက်ပေးထားပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် မိမိတိုင်းဒေသကြီးအတွက်သာမက  နိုင်ငံတော်အတွက်ပါ များစွာအကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း” ပြောကြားသည်။ ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သင်တန်းဖွင့်လှစ်မှုအခြေအနေများ၊သမဝါယမ‌ကောလိပ်များ၌ ဆက်လက် ပညာသင်ယူနိုင်မည့်အခြေအနေများနှင့် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း ထောက်ပံ့ပေးအပ်မှုအခြေအနေများအား ဆက်လက်ပြောကြားပြီး သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းကျောင်းဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရေးကရိယာများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူး၊သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ချီးမြှင့်ထောက်ပံ့ငွေ၊သင်တန်းသားတတ်စုံ၊ အားကစားပစ္စည်းများနှင့် ဖျာ၊ခြင်ထောင်များအား တာဝန်ရှိသူများနှင့် သင်တန်းသား၊သင်တန်းသူများထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
16-Jun-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင်  ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး တွန်းအားပေးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အခြေခံပညာကျောင်းများဖွင့်လှစ်ခဲ့ရာတွင် ၁၀ သိန်း ၄ သောင်းကျော်အပ်နှံခဲ့ပြီး ၉သိန်း၉သောင်း၇ထောင်ကျော် တက်ရောက်ခဲ့ပါကြောင်း၊  ကျောင်းသားကျောင်းသူများ ကျောင်တက် မှန်ကန်စေရေး၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေးနှင့် သင်ယူတတ်မြောက်မှုအရည်အသွေးမြင့်မားစေရေး ၊ အခြေခံပညာမှတစ်ဆင့် အသက်မွေးဝမ်းကြောင်းပညာ၊ အဆင့်မြင့်ပညာများကိုဆက်လက်သင်ယူနိုင်ရေးဆရာ၊ဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးစားပေးကြရမှာဖြစ်ပါကြောင်း၊ ထို့ပြင်  ကျောင်းသူကျောင်းသားများ၏ ဝါသနာအလိုက် အားကစားကို အခြေခံမှစ၍ စနစ်တကျလေ့ကျင့်သင်ကြားပေးရန်လိုပါကြောင်း၊ ပညာရေးမှူးများအနေဖြင့် မိမိခရိုင်၊မြို့နယ်များရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ပညာရေးဆိုင်ရာလိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်းနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများမှ ကျောင်းအပ်နှံတက်ရောက်မှုများနှင့်ကျောင်းဖွင့်လှစ်သင်ကြားမှုများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်


Read More...
15-Jun-2022
ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးသေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်
ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်င်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု သေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၁၅ ရက် နံနက် ၉နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးသေနတ်ပစ် အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ်သူ ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး သေနတ်ပစ် အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပြည်နယ်နှင့်တိုင်းဒေသကြီး သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု သေနတ်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊သေနတ်ပစ် အားကစားနည်းသည် နိုင်ငံတစ်နိုင်ငံတွင် အားထားရသည့် အားကစားနည်းတစ်ခု ဖြစ်ပါကြောင်း၊ သေနတ်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား များအနေဖြင့် လေ့ကျင့်သားပြည့်ဝစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နည်းပြများအနေဖြင့် မိမိအသင်း၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ကာ ပြိုင်ပွဲတွင် အနိုင်ရရှိရေး စွမ်းဆောင်ရန်လိုကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်စေရန်”ပြောကြားပြီး တိုင်းဒေသကြီးကိုယ်စားပြု သေနတ်ပစ်အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုဆုငွေများအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
15-Jun-2022