သတင်းများ
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဒေးဒရဲမြို့နယ်၊ ရေတွင်းကုန်း - သံဒိတ်ကျေးရွာ SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဒေးဒရဲမြို့နယ်၊ ရေတွင်းကုန်း-သံဒိတ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP-Mini Grid)မှ (၆၀) ရာခိုင်နှုန်း၊ ဒေသခံပြည်သူထည့်ဝင်ငွေ (၂၀) ရာခိုင်နှုန်း၊ ရင်းနှီးမြုပ်နှံသည့်ကုမ္ပဏီမှ (၂၀)ရာခိုင်နှုန်းဖြင့်ဆောင်ရွက်သည့် SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်းမြို့ပြနှင့်ကျေးလက်အကြားကွာဟမှုမရှိစေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည်လွန်စွာအရေးကြီးပါကြောင်း၊ လျှပ်စစ်မီးရရှိပြီဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်းနှင့် ရရှိသည့်လျှပ်စစ်မီးကိုလည်းစနစ်တကျသုံးစွဲကြရန်ပြောကြားခဲ့ပါတယ်။ ထို့နောက် ကျေးရွာပြည်သူများကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စ ကားပြန်လည် ပြော ကြားခဲ့ပြီး တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးမှမီးလင်းရေးဖွင့်ပွဲ အထိမ်းအမှတ် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် Solar Mini Grid မီးလင်းရေးဖွင့်ပွဲအခမ်အနားအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကာ Solar Mini Grid လုပ်ငန်း ကမ္ဗည်းမော်ကွန်းကြေးပြားအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံသာရည်များပက်ဖြန်းပေးခဲ့ကာ မီးလင်းရေး ဆောင်ရွက်ထားရှိမှုများနှင့် ကျေးရွာအတွင်းဆိုလာလျှပ်စစ်မီးသုံးစွဲမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ သံဒိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ရေတွင်းကုန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှုများအားကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
Read More...
14-Jun-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဒေးဒရဲမြို့နယ်အတွင်း (GW-11) တစ်မိုးနှစ်သီးစိုက်ပုံစံ စံပြစိုက်ကွင်းများအား ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဒေးဒရဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ တောင်သူဦးဝင်းမြင့်အောင်၏ လယ်မြေ ၁၆၂ ဧကတွင် (GW-11) မျိုးစပါးတစ်မိုးနှစ်သီးစိုက်ပုံစံ ပထမသီး စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရူအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးမှ ဒေးဒရဲမြို့နယ်အတွင်း မိုးစပါး၊ နွေစပါးစိုက်ပျိုးမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လျာထားစိုက်ဧကများပြည့်မီကျော်လွန်စေရေး၊ အထွက်နှုန်းတိုး မျိုးကောင်းမျိုးသန့်စပါးများအသုံးပြုစေရေးမှာကြားခဲ့ပါသည်။
ဒေးဒရဲမြို့နယ် ဆင်ကူးကျေးရွာ တောင်သူကြီး ဦးဝင်းမြင့်အောင်၏ တစ်မိုးနှစ်သီးစိုက်သီးနှံပုံစံ ၁၆၂ ဧက တကွင်းတစပ်တည်းစိုက်ကွင်းတွင် (GW 11) စပါးကို ဧ ပြီလတွင်ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခဲ့ပြီး သြဂုတ်လတွင်ရိတ်သိမ်းမည်ဖြစ်၍ ပေါ်ဆန်းဘေး ကြားစပါးကို ဇူလိုင်လတွင်ကြိုတင်ပျိုးထောင်ထားရှိပြီး သြဂုတ်လကုန်တွင်မိုးစပါးဒုတိယသီးပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကာ ဒုတိယသီးရိတ်သိမ်းပြီး ဇန်နဝါရီလတွင် နွေစပါး (ရက် ၉၀ မျိုး)ထပ်မံစိုက်ပျိုးမည်ဖြစ်ပြီး တစ်နှစ်သုံးသီးစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။
Read More...
14-Jun-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာနှင့် ကျုံကဒွန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဆောင်သစ်များအား တက်ရောက်ဖွင့်လှစ်ပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအခြေခံပညာအထက်တန်းကျောင်း (၁၂၀ပေ×၃၀ပေ) RC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အလားတူ ကျုံကဒွန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (၁၂၀ပေ×၃၀ပေ) RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
14-Jun-2022
ပုသိမ်ပြည်သူ့ ဆေးရုံကြီး (၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့ ဇွန်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် ပုသိမ်ပြည်သူ့ ဆေးရုံကြီး (၉)ထပ်တိုးချဲ့ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက်၍ (၉)ထပ်ဆောင်ဆေးရုံကြီးတွင် ဓာတ်လှေခါးတပ်ဆင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)၊ လုပ်ငန်းတာဝန်ခံမှ ဆောင်ရွက်လျက်ရှိသည့် မြို့ပြလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
10-Jun-2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ တားဆီး၊ထိန်းချုပ်၊အရေးယူ ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိသောများအား လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၂)အား ဧရာရွှေဝါခန်းမ၌ ဇွန်လ ၁၀ ရက်နေ့ နံနက် ၉နာရီ အချိန်ကပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က“ နိုင်ငံတော်အနေဖြင့် အခွန်အခများ အပြည့်အဝ ရရှိရန်နှင့် တရားမဝင်ကုန်သွယ်မှုမပြုစေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်က ဥက္ကဌ အဖြစ် အဖွဲ့ဝင် ၂၆ဦးဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးပြည်နယ်များတွင်လည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ခရိုင်(၆)ခရိုင်တွင်လည်း ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်းပြီး စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ အရေးယူဆောင်ရွက်ခဲ့ရာတွင် တရားမဝင်သစ်များအား ဖမ်းဆီးရမိခဲ့ပြီး တခြားတရားမဝင်ကုန်ပစ္စည်း များလည်းကိုဖမ်းဆီးရမိနိုင်ရေးဆောင် ရွက်ရန်လိုပါကြောင်း၊ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဖွဲ့တွင်ပါဝင်သည့် ဌာနအသီးသီးမှ ဝန်ထမ်းများက စနစ်တကျပေါင်းစပ်ပြီး ဟန်ချက်ညီညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုပစ္စည်းများအား တားဆီးစစ်ဆေးရာတွင် သယ်ဆောင်သည့်လမ်းကြောင်းသာမက မြို့နယ်ခရိုင်များရှိ သိုလှောင်သည့် အဆောက်အအုံများ၊ လက်လီလက်ကား ရောင်းချသည့် ဈေးဆိုင်များအား သာမန်စစ်ဆေးခြင်း၊သတင်းရယူစုဆောင်းခြင်း၊သတင်းရရှိမှုအပေါ် ရှောင်တခင်စစ်ဆေးခြင်းအား စနစ်တကျနည်းလမ်းရေးဆွဲ၍ ဆောင်ရွက်လိုကြောင်း၊ သင်တန်းသူသင်တန်းသားများအနေဖြင့် သင်တန်းမှ ပိုချမှုများအားစိတ်ဝင်တစား လေ့လာမှတ်သားပြီး မြေပြင်အခြေအနေများနှင့်အညီဆွေးနွေးကြစေလိုကြောင်းနှင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများမရှိစေရေးစစ်ဆေးအရေးယူ၍ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက်သွားရန် ”တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆင့်ပွားသင်တန်းတက်ရောက်မည့် သင်တန်းသား၊သင်တန်းသူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။အဆိုပါသင်တန်းအား ယခုလ ၁၀ ရက်နေ့မှ ၁၁ရက်နေ့အထိ၂ရက်ကြာသင်တန်းသား၊သင်တန်းသူ ၂၅ ဦး အားဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
Read More...
10-Jun-2022