သတင်းများ


၂၀၂၂-၂၀၂၃ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
၂၀၂၂-၂၀၂၃ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမများနှင့်မိဘများ၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ပညာရေးစုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယင်းနောက် ဆက်လက်၍  အခမ်းအနားအား ရတနာတန်ဆောင်ခန်းမ၌ ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “စုံညီပွဲတော် တို့နွှဲပျော်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုကျင်းပသည့် ပညာရေးစုံညီပွဲတော်သည် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်အတွင်း ကာယ၊ဉာဏစွမ်းရည် ထူးချွန်ဆုရသူများ၊ တက္ကသိုလ်ဝင်တန်းကိုထူးချွန် စွာအောင် မြင်ခဲ့ကြသည့်ကျောင်းသား၊ကျောင်းသူများ၊ထူးချွန်ထက်မြက်သည့် ဆရာ၊ဆရာမများအပါအဝင် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုသည့်သည့်အခမ်းအနား ဖြစ်ပါကြောင်း၊၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့်  ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက်လည်း  ဆောင်ရွက်လျှက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမးပွဲဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများသည်  ရာနှုန်းပြည့် အောင်မြင်စေရေးအတွက် ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျောင်းသားမိဘများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလည်း  အလေးထား ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များ များစွာပေါ်ထွက်လာမည့် တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ “အမျိုးသားစည်းကမ်းအစ၊စာသင်ကျောင်းက”ဟူသော စကားအတိုင်း ဆရာ၊ဆရာမများက  စည်းကမ်းပြည့်ဝသော၊ စနစ်ရှိသော၊ လိမ္မာယဉ်ကျေးသော ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျလေ့ကျင့် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများမှမွေးထုတ်ပေးလျက်ရှိသည့် လူစွမ်းအားအရင်းအမြစ်များဖြင့် တိုင်းဒေသကြီး၏စိုက်ပျိုးမွေူမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့်ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်ကို မျှော်တွေးပြီးအစစ အရာရာ ကြိုးပမ်းအားထုတ် လေ့လာဆည်းပူးကြစေလိုကြောင်း”ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးက ပညာရေးစုံညီပွဲတော် ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ပုသိမ်မြို့၊အမှတ်(၁၀)၊အမှတ်(၉)၊အမှတ်(၂၀)အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူလေးများက သီဆိုကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အတွဲ(၇) ဘာသာရပ်တွင် နိုင်ငံတော်အဆင့်ဆဋ္ဌမ၊ တိုင်းဒေသကြီးအဆင့်ပထမ၊ တိုင်းဒေသကြီးအဆင့် ဒုတိယ၊  တိုင်းဒေသကြီးအဆင့် တတိယဆုရရှိသူများနှင့် အတွဲ(၂) ဘာသာရပ်တွင် နိုင်ငံတော်အဆင့်ဒုတိယ၊ တိုင်းဒေသကြီးအဆင့်ပထမ၊ နိုင်ငံတော်အဆင့် တတိယ၊ တိုင်းဒေသကြီးအဆင့် ဒုတိယ ရရှိသူများအား ဂုဏ်ပြုဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးအားပညာရေးစုံညီပွဲတော်ထောက်ပံ့ငွေများအားလည်းကောင်းပေးအပ်ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အတွဲ(၂) ဘာသာရပ်တွင် နိုင်ငံတော်အဆင့်စတုတ္ထ၊ တိုင်းဒေသကြီးအဆင့်တတိယနှင့် နိုင်ငံတော်အဆင့် ပဥ္စမနှင့် ဆဋ္ဌမရရှိသူများအားလည်းကောင်း၊ တာဝန်ရှိသူများမှ ကာယ/ဉာဏထူးချွန်ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမ များအားဆုများချီးမြှင့်ခဲ့ကြပြီး ခရိုင်အလိုက်ပြသထားသည့် ပြခန်းများ၊ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့သရုပ်ပြမှုများနှင့် စုံညီပွဲတော် အားကစားပြိုင်ပွဲများအားကြည့်ရှုအားပေးခဲ့သည်။


Read More...
09-Jan-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် သာပေါင်းမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာသို့သွားရောက်ခဲ့ပြီး ဒီဇယ်အင်ဂျင်တွင်စပါးခွံလောင်စာအသုံးပြု၍ (Gas-Fired)ဖြင့် မြစ်ရေတင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှုအားစစ်ဆေးခဲ့ပြီး စပါးခွံအသုံးပြုမှု၊ မြစ်ရေတင်နိုင်မှုနှင့်ကုန်ကျစရိတ်သက်သာမှုများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တွင်ကျယ်စွာအသုံးပြုစေရေး၊ တောင်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် ဌာနဆိုင်ရာများကလည်းဝိုင်းဝန်းကူညီဆောင်ရွက်စေရေးမှာကြားခဲ့သည်။ အဆိုပါ  (GasiFire) ဖြင့် မြစ်ရေတင်လုပ်ငန်းဆောင်ရွက်ရာတွင် တစ်နေ့လျှင် ဖွဲအိတ် ၂၅အိတ်ခန့်ဖြင့် လယ်ဧက ၂၀ဧကမှ ၃၅ဧကအထိ ရေပေးဝေနိုင်ကြောင်းသိရသည်။


Read More...
08-Jan-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာသို့ သွားရောက်၍ နေကြာ(ရေဆင်းစပ်မျိုး-၁) ၅ ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုနှင့် ဆိုလာစနစ်ဖြင့်ရေတင်၍ Sprinkler (rain gun)ဖြင့် နေကြာခင်းအား ရေဖြန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးမှ နေကြာစိုက်ပျိုးထားရှိမှု၊ ရေဖြန်းခြင်းနှင့်ပေါင်းသင် ခြင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရန်၊နေရောင်ခြည်စွမ်းအင်သုံးရေတင်စနစ်များပိုမိုတွင်ကျယ်စွာအသုံးပြုသွားရန်၊ နေကြာစိုက်ခင်းများရေလိုအပ်လာလျှင်ထိရောက်အကျိုးရှိစွာပေးဝေနိုင်သည့် ရေဖြန်းစနစ်များတွင်ကျယ်စွာအသုံးပြုနိုင်ရန်၊ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်စေရေး တောင်သူများအားအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာလေးကျေးရွာသို့ဆက်သွယ်ထားသည့် ကျုံလမုချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ)တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်၍ ချဉ်းကပ်လမ်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပြီးပြည်သူများမှ လိုအပ်သည်များ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
08-Jan-2023
(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုဖလားနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့အား ကြိုဆိုနှုတ်ဆက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် နေပြည်တော်တွင်ကျင်းပခဲ့သည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့တက်ရောက်ခဲ့ပြီး အခမ်းအနားတွင်  ဧရာဝတီတိုင်းဒေသကြီးဂုဏ်ပြုယာဉ်သည် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုဖလား ရရှိခဲ့ပြီး အဆိုပါဆုဖလားနှင့်အတူ  ယနေ့နံနက်ပိုင်းက နေပြည်တော်မှ ပုသိမ်မြို့သို့ပြန်လည်ရောက်ရှိခဲ့ပါသည်။  ထိုသို့ပြန်လည်ရောက်ရှိခဲ့ရာ  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများမှ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ရရှိခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုဖလားနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့အား ပုသိမ်လေတပ်စခန်းတွင်  ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြောင်းသိရသည်။


Read More...
08-Jan-2023
အိမ်မဲမြို့နယ်ရှိ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားတိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကုန်းကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက  ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အိမ်မဲမြို့နယ်၊ဘုရားကုန်းကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (ဒုတိယအဆင့်)( NEP Phase II)ဖြင့်ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ယင်းနောက်  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲ မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ( ၅၄ ) အိမ်ထောင်စု(၅၄)စုတို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲသို့သွားရောက်၍ ဆရာဆရာမများနှင့်တွေ့ဆုံခဲ့ကာ စာသင်ဆောင်လိုအပ်ချက်၊ လျှပ်စစ်မီးလိုအပ်ချက်များတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဝန်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အတွင်းအပြင်ကျောင်းသားကျောင်းသူများအားအချိန်ပိုသင်ကြားပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျလေ့လာမှတ်သားသင်ယူကြရန်နှင့် ရာနှုန်းပြည့်အောင်မြင်စေရေးကြိုးစားကြရန်မှာကြားခဲ့ကာ ကျောင်းသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရှိရသည်။


Read More...
11-Dec-2022