သတင်းများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလားအတွက် ခြေစမ်းဘောလုံးပြိုင်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
Read More...
နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၂၃ခုနှစ်၊စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ခြေစမ်းဘောလုံးပြိုင်ပွဲအား နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ကိုးသိန်းဘောလုံးအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဘောလုံးဝါသနာရှင် ပြည်သူများတက်ရောက်ခဲ့ကြသည်။
ခြေစမ်းဘောလုံးပြိုင်ပွဲမစတင်မီ ဒိုင်လူကြီးများ ဦးဆောင်၍ နှစ်ဖက်ကစားသမားများ ကွင်းအတွင်းဝင်ရောက် နေရာယူကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား နှစ်ဖက်အသင်းမှ အားကစားသမားများ၊ကွင်းလယ်ဒိုင်၊စည်းကြပ်ဒိုင်များနှင့်တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ယင်းနောက် ခြေစမ်းပွဲအား ဧရာဝတီ(က) အသင်းနှင့် ဧရာဝတီ(ခ)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီ(က)အသင်းက ဧရာဝတီ(ခ)အသင်းအား ၄ ဂိုး- ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရသည်။
Read More...
29-Nov-2022
အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တိုက်ဆိုင်စစ်ဆေးနေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
Read More...
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲစာရင်းရလဒ် မှန်ကန်စေရေးအတွက် မြေပြင်နှင့် ပုံစံ(၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ရာတွင် e-ID စနစ်အတွင်း မှတ်ပုံတင်ထည့်သွင်းထားသော အိမ်ထောင်စု လူဦးရေ စာရင်းများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီး၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်းရှိ ပုံစံ(၆၆/၆) အိမ်ထောင်စု လူဦးရေ စာရင်း တစ်ခုချင်းနှင့် တိုက်ဆိုင်၍ ပဏာမမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုသိမ်မြို့ပေါ် ရပ်ကွက်အသီးသီး၌ မြေပြင်စာရင်း တိုက်ဆိုင် စစ်ဆေးဆောင်ရွက်နေမှုများကို နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၂)နယ်မြေ၊ အုန်းတောရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများက ပူးပေါင်း၍ မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျှက်ရှိရာသို့ ရောက်ရှိပြီး "e-IDစနစ်အတွင်း မှတ်ပုံတင်ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေစာရင်း၊ ပုံစံ (၆၆/၆)အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား၌ပါရှိသော အချက်များ ကိုက်ညီမှန်ကန်မှုမရှိပါက သက်ဆိုင်ရာ လဝကရုံးသို့ သွားရောက်ဆောင်ရွက်ရမှာဖြစ်ပြီး သက်ဆိုင်ရာဌာနအနေဖြင့်လည်း အမြန်ဆုံးကူညီဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ကောက်ယူပြုစုထားသည့်စာရင်း မှန်ကန်မှသာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မည်ဖြစ်ပါကြောင်း၊ ယခုပဏာမ မြေပြင်တိုက်ဆိုင် စစ်ဆေးမှုအရ တွေ့ရှိရသည့် အခက်အခဲများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်၍ ဖြေရှင်း ဆောင်ရွက်ပေးကြရန်”မှာကြားခဲ့ကြောင်း သိရသည်။
Read More...
29-Nov-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လောင်စာတောင့်စက်ရုံကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းလေးကျေးရွာရှိ SSBE(Myanmar) Group Company Limited လောင်စာတောင့်စက်ရုံသို့ရောက်ရှိ၍ စပါးခွံလောင်စာအသုံးပြု ဘွိုင်လာမှ တာဘိုင်အားလည်ပတ်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ယူပုံ အဆင့်ဆင့်အားလည်းကောင်း၊ စက်ရုံအတွင်း လျှပ်စစ်ဖြန့်ဝေပေးပို့သည့် ထိန်းချုပ်ခန်းအားလည်းကောင်း၊ လောင်စာတောင့်ထုတ်လုပ်ရန် စပါးခွံနှင့် မြေပဲခွံများအား အမှုန့်ကြိတ်ခြင်း၊ ရောနှောခြင်းနှင့် လောင်စာတောင့် ထုတ်လုပ်ခြင်းတို့၌ အသုံးပြုသည့် စက်ကိရိယာများ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်တို့အားလည်းကောင်း လှည့်လည်ကြည့်ရှုကာ သိရှိလိုသည်များ မေးမြန်းခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ လိုက်လံရှင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအစည်းအဝေးခန်းမသို့ရောက်ရှိ၍ စက်ရုံတာဝန်ခံမှ စက််ရုံလည်ပတ်မှုအေခြအေနများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စျေးကွက်ရရှိမှုအခြေအနေများ၊ စျေးကွက်တင်ပို့မှုအေခြအေနများ၊ ကုန်ကြမ်းရရှိမှုအခြေအနေများ၊ စက်ရုံစွန့်ပစ်စပါးခွံလောင်စာများမှ မြေဩဇာထုတ်လုပ်နိုင်မည့်အခြေအနေများ၊ ကုမ္ပဏီ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဥ်များအားမေးမြန်းခဲ့ပြီး ကုမ္ပဏီတာဝန်ခံမှ အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လောင်စာတောင့်များကို အရည်အသွေးပြည့်မီအောင်ထုတ်လုပ်မှစျေးကွက်တွင်စျေးကောင်းရရှိမည်ဖြစ်ကြောင်း၊ စက်ရုံအား ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် စက်ရုံစွန့်ပစ်ပစ္စည်းများမှ သဘာပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Read More...
27-Nov-2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့်တွဲဖက်၍ ယိမ်းကပြရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့်တွဲဖက်၍ ယိမ်းကပြရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကာ “(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုယာဉ်နှင့်အတူ ယိမ်းအဖွဲ့များမှ ပါဝင်ဖျော်ဖြေ ရမှာဖြစ်ပါကြောင်း၊ ယိမ်းအဖွဲ့များ ကပြရန်အတွက် တိုင်းဒေသကြီးသီချင်းအား ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သီချင်း၊ စာသားနှင့် အကမှာလည်းမြိုင်မြိုင်ဆိုင်ဆိုင် မြူးမြူးကြွကြွ ဖြစ်စေရန်ဖြစ်ပါကြောင်း”ပြောကြားသည်။
ထို့နောက် ယိမ်းကပြရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီးက ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သို့ သွားရောက်၍ အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများအတွက် သင်ထောက်ကူပစ္စည်းများအသုံးပြု၍ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်သင်တန်း (ဇီဝဗေဒဘာသာရပ်) အား ပုသိမ်တက္ကသိုလ်မှ နည်းပြ ဆရာ၊ ဆရာမများက သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေးပြီး ဆရာ၊ဆရာများအနေဖြင့် သင်ကြားပို့ချမှုအား ကြိုးစား လေ့လာသင်ယူမှတ်သားကြရန်နှင့် မိမိ၏တပည့်များအား လက်တွေ့ကျကျ အကောင်းဆုံး ပြန်လည်သင်ကြားပေးနိုင်ရေးတို့အား မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်ကြောင်းသိရသည်။
Read More...
27-Nov-2022
ပုသိမ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Read More...
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲများအား တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ ပုသိမ်၊ ဟင်္သာတ၊ မအူပင် တက္ကသိုလ်များတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၅၂.၁၆%ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအောင်ချက်အကောင်းဆုံး ရရှိခဲ့ပါကြောင်း၊ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း ပိုမိုတိုးတက်လာအောင် နှစ်စမှစပြီး ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆို ကြမည့် ကျောင်းတွင်းနှင့် ပြင်ပဖြေ ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဖြေဆိုမည့် သူများသည် စာသင်ကြားပေးသည့် နေရာ တစ်ခုခုတွင် တက်ရောက် သင်ယူနေမှသာ အောင်မြင်စွာ ဖြေဆိုနိုင်မည်ဖြစ်ပြီးကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် ကျောင်းသားမိဘများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အလေးထား ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်မှသာ အဆင့်မြင့်ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲရလဒ်များအား ဆရာ၊ဆရာများ အနေဖြင့် သေချာမှတ်သား၍ မိမိ၏ တပည့်များအား နားလည်အောင် ဆင့်ပွားပို့ချပေးရန်ဖြစ်ပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲမှ အကျိုးရှိသော ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ တက်ရောက်လာ သော ဆရာ၊ ဆရာမများနှင့် သင်ကြားဆွေးနွေးပေးမည့် ဆရာကြီး၊ ဆရာမကြီးတို့အနေဖြင့် အပြန်အလှန် ဆွေးနွေးပေးရန်”ပြောကြားသည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာ့ရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဆရာ၊ဆရာမများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများအား ပေးအပ်ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူခဲ့ပြီး ဆရာ၊ဆရာများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
Read More...
27-Nov-2022