သတင်းများ


ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ (၉၂)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူသည့်ကာလတွင် ဘုရားကျောင်းကန် စေတီပုထိုးများအား အများပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂၄)ရက်နေ့၊ နေ့လယ်(၁၂၀၀) နာရီအချိန်၌ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြတ်စွယ်တော်တန်ဆောင်းတွင် ကျင်းပပြုလုပ်သည့် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ဗိုလ်မှူးကြီးမျိုးညွန့်ဦး၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြပြီး အတုလဗုဒ္ဓစွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ နာယကဆရာတော်များနှင့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ပင့်ဆောင်ပူဇော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
25-Mar-2021
ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကျင်းပခြင်း
၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြလုပ်ခဲ့သည့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှု အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)သို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေအငြင်းပွားမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အယူခံများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်သွားသော တောင်သူများ၏ လယ်ယာမြေများအား လျော်ကြေး၊ နစ်နာကြေးပေးအပ်ရန်ကိစ္စရပ်များ၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲအသုံးပြုထားမှုအပေါ် ဒဏ်ကြေးပေးဆောင်ရန် ကိစ္စရပ်များ၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့်ကိစ္စရပ်များတို့နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးအား နေ့လည် (၁၂:၄၅)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။


Read More...
23-Mar-2021
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ငန်းခွင်နှောက်ယှက်မှု များ၊ ခြိမ်းခြောက်မှုများနှင့် မမှန်မကန်သတင်းပေးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များအား ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) အစည်းအဝေးကျင်းပြခြင်း
၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂၂)ရက်နေ့၊ နံနက် (၁၁၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ငန်းခွင် နှောက်ယှက်မှုများ၊ ခြိမ်းခြောက်မှုများနှင့် မမှန်မကန်သတင်းပေးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များအား ကြိုတင်ကာကွယ်ရေးနှင့်လုံခြုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တက်ရောက်လာသောပုဂ္ဂိုလ်များမှ ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌမှ ယခုကဲ့သို့ အခက်အခဲများကိုတင်ပြပေးသဖြင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လုပ်ဆောင်ပေးရန် လိုအပ်သည့်ကိစ္စရပ်များကို သိရှိရပါကြောင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း လုံခြုံရေးနှင့်ပတ်သက်၍ အပြည့်အဝဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးကိုထိခိုက်ပျက်ပြားစေမည့် မမှန်မကန်သတင်းပေးမှုများနှင့် ခြိမ်းခြောက်မှုများရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့၍ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ စက်ရုံများအနေဖြင့် အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ သို့မှသာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
22-Mar-2021
၂၀၂၁ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၀ပြည့်နှစ်၊ ဘွဲ့ခံဆရာတော်များအား တိုင်းဒေသကြီးအဆင့် ထပ်ဆင့်ချီးကျူးဂုဏ်ပြုပွဲ အခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂၂)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁) တွင်ကျင်းပပြုလုပ်သည့် ၂၀၂၁ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၀ပြည့်နှစ်၊ ဘွဲ့ခံဆရာတော်များအား တိုင်းဒေသကြီးအဆင့် ထပ်ဆင့်ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားဖြစ်မြောက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တက်ရောက်လာသောပုဂ္ဂိုလ်များမှ ဆွေးနွေးတင်ပြခဲ့ရာ တိုင်းကောင်စီဥက္ကဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
22-Mar-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးဧည့်ခန်းမတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံခြင်း
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီဝင်များနှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများအား ၂၀၂၁ ခုနှစ်၊ မတ်လ၊ (၂၀)ရက်နေ့၊ နံနက် (၁၁၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ ဧည့်ခံတွေ့ဆုံခဲ့ကြောင်းသတင်းရရှိပါသည်။


Read More...
21-Feb-2021