သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရွှေခရုကြိုတင်ကာကွယ်ရေးစမ်းသပ်ကွက်နှင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်လုပ်နိုင်သည့် စိုက်ခင်းများ ထုံးထည့်သွင်းခြင်း၊ စမ်းသပ်ကွက်များ အဆင့်မြင့် နည်းပညာသုံး စိုက်ခင်းဧက (၅၀၀)စံပြစိုက်ခင်းအား ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာ၀န်ရှိတိုင်းအဆင့်ဌာဆိုင်ရာများနှင့်အတူ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ ဂျပ်ချောင်းကျေးရွာရှိ တောင်သူဦးစံသောင်း၏ လယ်မြေအတွင်း စီးပွားဖြစ် မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ရတနာဧရာ ကျေးလက်ဒေသလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ပါသည်။


Read More...
07-Sep-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု၊ စော်ကဲချောင်းကျေးရွာတွင် လမ်းအမှတ် (၁၀)၊ ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်းပေါ်ရှိ စော်ကဲတံတား (၂၄၆၀)ပေ တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုပြီး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာ၀န်ရှိတိုင်းအဆင့်ဌာဆိုင်ရာများနှင့်အတူ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု၊ စော်ကဲချောင်းကျေးရွာတွင် လမ်းအမှတ် (၁၀)၊ ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်းပေါ်ရှိ စော်ကဲတံတား (၂၄၆၀)ပေ တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုပြီး တံတားဦးစီးဌာနမှ တည်ဆောက်နေမှု အခြေအနေနှင့် ကျွန်းကုန်းတံတား (၇၈၇.၄)ပေ တည်ဆောက်မည့် အခြေအနေတို့အား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
07-Sep-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဖျာပုံမြို့ ငါးလုပ်ငန်းသင်တန်းကျောင်းမြစ်ကမ်း ကမ်းထိန်းလုပ်ငန်း (အလျား ၅၀၀)ပေ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာ၀န်ရှိတိုင်းအဆင့်ဌာဆိုင်ရာများနှင့်အတူ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ (၁၂)ရပ်ကွက်ရှိ ဖျာပုံမြို့ ငါးလုပ်ငန်းသင်တန်းကျောင်းမြစ်ကမ်း ကမ်းထိန်းလုပ်ငန်း (အလျား ၅၀၀)ပေ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှု၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်းအခြေအနေအား ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
07-Sep-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြို့နယ်ပြည်သူ့ဆေးရုံအသစ်ဆောက်လုပ်နေမှု အခြေအနေနှင့် ဒေးဒရဲမြို့နယ်၊ တော်ကြက်ကျေးရွာတွင် JEONGHO Co.,Ltd မှ တာဝန်ယူ၍ International အထည်ချုပ်စက်ရုံဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၄.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာ၀န်ရှိတိုင်းအဆင့်ဌာဆိုင်ရာများနှင့်အတူ ဒေးဒရဲမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံအသစ်ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဧည့်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။


Read More...
07-Sep-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျိုက်လတ် - ဒေးဒရဲမြစ်ကူးတံတား ဆောက်လုပ်မည့်နေရာအား ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၄.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာ၀န်ရှိတိုင်းအဆင့်ဌာဆိုင်ရာများနှင့်အတူ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျိုက်လတ် - ဒေးဒရဲမြစ်ကူးတံတား ဆောက်လုပ်မည့်နေရာအား ကြည့်ရှု၍ တာဝန်ရှိသူများမှ လုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
07-Sep-2018