သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဝါတွင်းဆွမ်းလောင်းပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃၁.၇.၂၀၁၈)ရက်နေ့၊ (၀၃၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ဝိသာခါ (ဒေါ်လှရင်)တန်ဆောင်း၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဝါတွင်းဆွမ်းလောင်းပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပုသိမ်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၂၂၇)ကျောင်းမှ ဝါဆိုဝါကပ်တော်မူသော သံဃာတော်အပါး (၂၃၀၀)တို့အား အရုဏ်ဆွမ်း လောင်းလှူခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့်မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာန နာယကဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၄.၇.၂၀၁၈)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းရှိ သံဃာတော်များနှင့် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် (၁၈၇)ကျောင်းနှင့် သီလရှင်စာသင်တိုက်တို့အား သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျောင်းကုန်းမြို့နယ်၊ အရှေ့ကျွဲလမ်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် သမဝါယမထက်ဧရာ ဓာတ်မြေသြဇာ (အရော )စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ကျောင်းကုန်းမြို့နယ်၊ အရှေ့ကျွဲလမ်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် သမဝါယမထက်ဧရာ ဓာတ်မြေသြဇာ (အရော )စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အခမ်းအနားအား ဖွင့်လှစ်ကာ စက်ရုံအတွင်း ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အာဇာနည်နေ့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား၊ လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနားတို့သို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၉.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ဆရာ/ဆရာမများ၊ ကျောင်သားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၁)နှစ်မြောက် အာဇာနည်နေ့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားနှင့် (၀၈၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ကန်သာယာ၊ အာဇာနည်ကျောက်တိုင်ရင်ပြင်၌ ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနားနှင့် (၁၀၃၇)နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရသောအားဖြင့် (၂)မိနစ် ငြိမ်သက်အလေးပြုခဲ့ပါသည်။


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၈ ခုနှစ်၊ (၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၈.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ (၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် (၉)ဦးတို့ ကျဆုံးခဲ့တာ (၇၁)နှစ်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ်မိန့်ကြားခဲ့သလို


Read More...
21-Aug-2018