သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လေးမျက်နှာမြို့ - ခတ္တာ - ပန်းတောကြီးလမ်းရှိ ငဝန်မြစ်ကို ဖြတ်သန်း၍ ငဝန်တံတား (လေးမျက်နှာ)တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၁.၉.၂၀၁၈)ရက်နေ့၊ နံနက် (၁၁၀၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းများ အလွန်ပေါများပြီး ကွန်ယက်သဖွယ်ဖြစ်နေတဲ့ ဖြစ်ချောင်းတွေအတွက် လိုအပ်သော လမ်းတံတားများ တည်ဆောက်၍ တစ်ဒေသမှ တစ်ဒေသ ကုန်စည်များ ကူးသန်းရောင်းဝယ်နိုင်ရန်နှင့် တိုင်းအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်အဆင့်ရှိ ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် လေးမျက်နှာမြို့ - ခတ္တာ - ပန်းတောကြီးလမ်းရှိ ငဝန်မြစ်ကို ဖြတ်သန်း၍ ငဝန်တံတား (လေးမျက်နှာ)တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး တံတားကြီးပြီးစီးပါက ပြည်သူများအနေဖြင့် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိမ်းသိမ်းရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။


Read More...
12-Sep-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ခရိုင်နှင့်ဟင်္သာတခရိုင်အတွင်းရှိ မိုးစပါး စိုက်ကွင်းများအား သွားရောက်ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၁.၉.၂၀၁၈)ရက်နေ့၊ နံနက် (၁၁၀၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးသည် ဆန်ရေစပါး အလွန်ပေါများသော တိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆန်ရေစပါး အလွန်ပေါများတဲ့အတွက် စပါးကျီ (ကျည်)လို့ တင်စားခဲ့ရတဲ့တိုင်း ဖြစ်သည့်အားလျော်စွာ ဆန်စပါးနဲ့ ပတ်သက်ပြီး ပိုမိုအဆင့်အတန်းမြင့်စေရန်နှင့် စိုက်နှုန်းအထွက်များတိုးကာ တောင်သူများအတွက် ပိုမိုကောင်းမွန်တဲ့ လိုအပ်ချက်တွေ ဖြည့်ပေးနိုင်ရန်အတွက် ပုသိမ်ခရိုင်နှင့်ဟင်္သာတခရိုင်အတွင်းရှိ မိုးစပါး စိုက်ကွင်းများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
12-Sep-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်မြို့နယ်၊ ငါးကျီးဂရက်ကျေးရွာ၊ စံပြကျေးရွာရှိ တောင်သူဦးချစ်တင်၊ ဦးချစ်သိန်းတို့၏ ဘက်စုံအဆင့်မြင့်နည်းပညာသုံး ထုံးစံပြကွက် (၅)ဧကစိုက်ခင်း စံပြကွက် စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှု အခြေအနေကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၉.၉.၂၀၁၈)ရက်နေ့၊ နံနက် (၁၁၀၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဒေသခံတောင်သူလယ်သမားများနှင့်အတူ မအူပင်မြို့နယ်၊ ငါးကျီးဂရက်ကျေးရွာ၊ စံပြကျေးရွာရှိ တောင်သူဦးချစ်တင်၊ ဦးချစ်သိန်းတို့၏ ဘက်စုံအဆင့်မြင့်နည်းပညာသုံး ထုံးစံပြကွက် (၅)ဧကစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး တိုင်းစိုက်ပျိုးရေး ဒုတိုင်းဦးစီးမှူးမှ စံပြကွက် စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားမှုအပေါ် ကြည့်ရှုခဲ့ပါသည်။


Read More...
12-Sep-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းတို့မှ ပူးပေါင်း၍ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၉.၉.၂၀၁၈)ရက်နေ့၊ နံနက် (၁၁၀၀)နာရီတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့်အလှူရှင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းတို့မှ ပူးပေါင်း၍ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင


Read More...
12-Sep-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် Ayeyarwady Region Investment Fair အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၈.၉.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတရှင်အတွင်းရေးမှူး၊ (JICA)မှ တာဝန်ရှိသူများ၊ (MRS)သုတေသနအဖွဲ့မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် Ayeyarwady Region Investment Fair အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။


Read More...
12-Sep-2018