သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် စိုက်ပျိုးရေးဦးစီးဌာနမှ ဖော်ဆောင်လျက်ရှိသော ဓာတ်မြေသြဇာနှုန်းထားစံပြကွက်အား သွားရောက်ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဖော်ဆောင်လျက်ရှိသော ဓာတ်မြေသြဇာနှုန်းထားစံပြကွက်အား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်ခရိုင်၊ မအူပင်မြို့အထွေထွေရောဂါကုဆေးရုံကြီး CT Scan ဖွင့်ပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၈.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်ခရိုင်၊ မအူပင်မြို့အထွေထွေရောဂါကုဆေးရုံကြီး CT Scan ဖွင့်ပွဲသို့ တက်ရောက်၍ ဖွင့်လှစ်ခဲ့ပါသည်။


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၌ တံတားသစ်တည်ဆောက်မည့် လျာထားနေရာအား ကွင်းဆင်းစစ်ဆေးကြည့်ရှု
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ ဌာနဆိုင်ရာများနှင့်အတူ (၁၁.၈.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၃၀၀)နာရီအချိန်တွင် ပုသိမ်မြို့၌ တံတားသစ်တည်ဆောက်မည့် လျာထားနေရာအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး တိုင်းလုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ဧရာဝတီတိုင်းဒေသကြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၉.၈.၂၀၁၈)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးတာဝန်ရှိ ဌာနဆိုင်ရာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး တိုင်းလုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ပုသိမ်မြို့နယ်နှင့်ကန်ကြီးထောင့်မြို့နယ်တို့တွင်


Read More...
21-Aug-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇.၈.၂၀၁၈)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးတာဝန်ရှိ ဌာနဆိုင်ရာများ၊ သတင်းမီဒီယာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။


Read More...
21-Aug-2018