သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများနှင့် ၂၀၂၃ခုနှစ်၊ ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အောက်တိုဘာလ (၂၆)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာ၌ပြုလုပ်သည့် မိုးစပါးရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး စင်တာတွင်ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်၍ နေကြာမျိုးစေ့များ တက်ရောက်ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာရှိ တောင်သူ ဒေါ်ရွှေလှ၏ လယ်(၂)ဧကတွင်ပြုလုပ်သည့် ဆင်းသုခမျိုး စပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါတောင်သူ၏ တစ်ဧကစပါးအထွက်နှုန်းမှာပျှမ်းမျှ(၁၃၀)တင်းထွက်ရှိခဲ့ကြောင်းသိရသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ငါးရှဉ့်ထူကျေးရွာရှိ တောင်သူ ဦးသက်ဦး၏လယ်မြေ(၃)ဧကတွင် မိုးရွာသွန်းမှုများပြားမှုကြောင့် မိုးရေတင်ခြင်း၊ ကောက်ပင်များ လဲကျခြင်းများဖြစ်ပေါ်ခဲ့သဖြင့် မိုးရေဖောက်ထုတ် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးရိတ်သိမ်းချိန်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ယခုရက်ပိုင်း အတွင်း မုန်တိုင်းအရှိန်ကြောင့် ၂၃ရက်နေ့မှစ၍ မိုးရွာသွန်းမှုများပြားခြင်းကြောင့် မိုးရေတင်ခြင်း၊ ကောက်ပင်များလဲကျခြင်းများဖြစ်ပေါ်ခဲ့သော်လည်း မိုးရေအချိန်မီဖောက်ထုတ်ခြင်း၊ လူအင်အား၊ ကောက်ရိတ်စက်အင်အားများဖြင့် အချိန်မီရိတ်သိမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် ရိတ်သိမ်းချိန်တွင် ပျက်စီးဆုံးရှုံးမှုများနှင့် အထွက်နှုန်းများ လျော့ကျသွားခြင်းများမရှိခဲ့သည်ကိုလည်း တာဝန်ရှိသူ များ၏ ပြောကြားချက်များအရသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာတွင် ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍“ တိုင်းဒေသကြီးတွင် မိုးစပါးနှင့်နွေစပါးများ စိုက်ပျိုးလျက်ရှိရာ စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းများရောက်ရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေကြီးနစ်မြုပ်မှု များကြောင့် စပါးခင်းများတွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သော်လည်း ပြန်လည်အစားထိုး စိုက်ပျိုးခြင်းများကို အချိန်မီဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိ စေရေးအတွက် ဆီထွက်သီးနှံများအား စပါးစိုက်ပျိုးခြင်းများကို ထိခိုက်စေခြင်းမရှိစေဘဲ တိုးချဲ့ဆောင်ရွက်စိုက်ပျိုးစေခြင်းလည်းဖြစ်ပါကြောင်း၊ မြေပဲ၊ နှမ်းများ စိုက်ပျိုးခြင်းများအပြင် နေကြာစိုက်ပျိုးခြင်းကိုလည်း တိုးချဲ့စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် တောင်သူများအပါအဝင် အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားခဲ့ပြီး တောင်သူများထံသို့ ရေဆင်း-၁နှင့် ဆင်းရွှေကြာ-၂ နေကြာ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နေကြာအောင်မြင်ဖြစ်ထွန်းရေး အတွက်ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဘုရားကြီးကုန်းကျေးရွာအုပ်စုရှိတောင်သူဦးစိန်မောင်သန်း၏ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း ဧက(၂၀)တွင် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်(၅)နှစ် မြေခံထည့်သွင်းခဲ့ပြီး တိုင်းဟိဇီဝမြေဩဇာထည့်သွင်းအသုံးပြုထားသည့် ၂၀၂၃ခုနှစ်၊ မိုးစပါး ဇီဝမြေဩဇာသုံး မျိုးစေ့ထုတ်စံပြစိုက်ခင်း ရိတ်သိမ်းနေမှုနှင့် တိုင်းဟိဇီဝမြေဩဇာအသုံးပြုထားရှိသည့် မြေများတွင် အကျိုးပြုအဏုဇီဝပိုးများရှင်သန်ကျန်ရှိမှု၊ အဆိုပါပိုးများမှ မြေဆီလွှာပြုပြင်ပေးမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါစိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင်ပျမ်းမျှအထွက်နှုန်း (၁၁၈)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
Read More...
27-Oct-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၆)မြို့နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲပုသိမ်မြို့တွင်ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၆)မြို့နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကိုးသိန်း အားကစားခန်းမတွင် ကျင်းပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“နည်းပညာဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ လူများ၏နေထိုင်မှုပုံစံသည်လည်း နည်းပညာပစ္စည်းမျာအသုံးပြု အထိုင်များခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာခဲ့ရာ ကျန်းမာရေးအတွက် လုံလောက်သည့် ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ရန်လိုအပ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါက သွေးလည်ပတ်မှု အားကောင်းစေပြီးမှတ်ဉာဏ်စွမ်းရည်တွေ အထူးကောင်းမွန်ခြင်း၊ ကြွက်သား၊ အရိုး၊ အကြောနှင့် အသက်ရှူလမ်းကြောင်းများ ကျန်းမာသန်စွမ်းခြင်းစသည့် ကောင်းကျိုးများရရှိလာမှာ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အေရိုးဗစ် အားကစားနည်းသည် တကယ့်လက်တွေ့တွင် လူတိုင်းအတွက် အကျိုးရလာဒ်ကောင်းများခံစားရမှာဖြစ်သည့်အတွက် ပြိုင်ပွဲအတွက်သာမဟုတ်ဘဲ ပြင်ပတွင်လည်းကစားကြရန်တိုက်တွန်းမှာကြားလိုပါကြောင်း၊ ပြိုင်ပွဲလာရောက်ကြည့်ရှုသူများ အနေဖြင့်လည်း ကျန်းမာရေး အသိပညာ၊ ဗဟုသုတများရရှိပြီး ကျန်းမာသောပတ်ဝန်းကျင် ဖြစ်အောင် စည်းရုံးဆောင်ရွက်သွားကြရန်၊ (၂၆)မြို့နယ်အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အသင်းများသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ယှဉ်ပြိုင်ကြရန်၊ မိမိတို့၏ စည်းလုံးမှု၊ ညီညွတ်မှုများကို ပြသကြရန်နှင့် မြို့နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများ ဖြစ်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားများပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ ကြကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြို့နယ်အလိုက်ပြိုင်ပွဲဝင်များ၏ (၃)ဦးတွဲ၊ တစ်ဦးချင်း နှင့်အဖွဲ့လိုက် ယှဉ်ပြိုင်နေမှူများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲများကို ယခုလ(၂၆) ရက်နေ့မှ (၂၇)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၂၆) မြို့နယ်မှ ပြိုင်ပွဲဝင်ကစားသမား (၃၃၈) ဦး ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
Read More...
26-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် သတ္တမအကြိမ် သူနာပြု- သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်သည့် သတ္တမအကြိမ်သူနာပြု - သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနား သို့တက်ရောက်၍ “ နိုင်ငံတဝှမ်းတွင် မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုတစ်ရပ်လုံး အခြေခံ ကျန်းမာရေးလိုအပ်ချက်များ ပြည့်မှီစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေး ဝန်ကြီးဌာနက အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်မှန်းချက်များ၊ မူဝါဒများနည်းလမ်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍသည်လည်း အရေးကြီးဆုံးဖြစ်သည်နှင့်အမျှ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော မျိုးချစ်စိတ်ဓာတ်ပြည့်ဝသော နိုင်ငံအကျိုးပြု ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အန္တိမ ရည်မှန်းချက်မှာ လူတိုင်းကျန်းမာစွာဖြင့်သက်တမ်းစေ့နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးပင် ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍမြှင့်တင်သည့်နေရာတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အရည်အသွေးပြည့်ဝပြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်တဲ့ မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ သူနာပြု-သားဖွားပညာရေးများ စဉ်ဆက်မပြတ် တိုးတက်နေသည့်လမ်းကြောင်းကို ခေတ်နှင့်အညီရင်ဘောင်တန်းပြီး နိုင်ငံတော်ကချီးမြှင့်လမ်းဖွင့်ပေးထားသည့်သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ သူနာပြုပါရဂူ ဘွဲ့များကိုရရှိနိုင်ရေး ဆက်လက်ကြိုးစားဆည်းပူးသွားကြ ဖို့ကိုလည်း တိုက်တွန်းမှာကြားလိုပါကြောင်း၊ သူနာပြု-သားဖွားများအပါအဝင် ကျန်းမာရေး ဝန်ထမ်းအားလုံးသည် ဆေးရုံကြီးများတွင်သာမက ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ၊ ကျန်းမာရေးအသိပညာများဖြန့်ဝေပေးခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြရသူများလည်းဖြစ်ပါကြောင်း၊ တာဝန်ကျနေရာဒေသတွင်လည်း ပြည်သူများအပေါ်စေတနာ အရင်းခံထားပြီး မိမိရဲ့သွေးသားရင်းများ သဖွယ်ကိုယ်ချင်းစာ စိတ်အပြည့်အဝနဲ့ နွေးထွေးစွာ ပြုစုစောင့်ရှောက်ပေးကြရန်ကိုလည်း မှာကြားလိုပါကြောင်း၊ သင်တန်းဆင်းကျောင်းသူများ အနေဖြင့်နိုင်ငံတော်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်နှင့် တွေ့ကြုံရင်ဆိုင်နေရသော ရောဂါနှင့် ကျန်းမာရေး ပြဿနာများ ၊ တိုးတက်ပြောင်းလဲလာသော နည်းပညာ၊ နိုင်ငံတော်၏ လူမှုစီးပွားရေးအခြေအနေ၊ ကျန်းမာရေးလိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိပြီး စွမ်းဆောင်ရည်ပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားစုများအဖြစ်အားကိုးအားထားထိုက်သော သူနာပြု၊ သားဖွားကောင်းများ ပေါ်ထွန်းလာစေရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း” တိုက်တွန်း အမှာစကားများပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။
သတ္တမအကြိမ်သူနာပြု - သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူ(၉၅)ဦးအား အောင်လက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပုသိမ်မြို့၊ ပိတောက်ချောင်းကုန်း ကျေးရွာရှိ ရတနာအလင်းရောင်(YGW)မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်၍ ကလေးငယ်များအားပြုစုစောင့်ရှောက်မှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ကလေးငယ်များအတွက်အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ပြီး ကလေးငယ်များအားပြုစုစောင့်ရှောက်ပေးနေမှုအခြေအနေများ၊ မေးမြန်းခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျောင်းတွင် ကလေးငယ်(၃၁)ဦးနှင့် ကျောင်းနေအရွယ်ကလေး (၁၇၆)ဦးအား ပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။
Read More...
26-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအား တက်ရောက်ဖွင့်လှစ်ပေး
Read More...
၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ပုသိမ်မြို့ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအလျား(၅၃၀)ပေဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဈေးချောင်းလမ်းနှင့် ဥမ္မာဒန္တီလမ်းကြားရှိ အဆိုပါဆိပ်ခတံတား၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပုသိမ်မြို့ ကမ်းနားလမ်းသည် ယခင်က ဈေးချောင်းလမ်းထိပ်မှစ၍ တစ်လမ်သွားစနစ်ဖြင့်သာအသုံပြုနိုင်သော်လည်း နောက်ပိုင်းတွင် နှစ်လမ်းသွားအသုံးပြုနိုင်ရန်အတွက် လမ်းတိုးချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆက်လက်ပြီး မြို့နေပြည်သူများ အပန်းဖြေခြင်း၊ အနားယူခြင်း၊ လမ်းလျှောက်ခြင်းများနှင့် ကိုယ်လက်လှုပ်ရှားအားကစားများပြုလုပ်နိုင်ရန်အတွက် နှစ်စဉ် ဘဏ္ဍာငွေဖြင့် ဆိပ်ခံတံတားအားတိုးချဲ့ဆောင်ရွက်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းများဖွံ့ဖြိုးသည့် တိုင်းဒေသကြီးဖြစ်၍ ကမ်းနားလမ်းများသန့်ရှင်း သပ်ရပ်လှပ စေရန်နှင့် ကမ်းနားလမ်းကြံ့ခိုင်စေရန်အတွက်လည်းတပါတည်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ကမ်းနားတိုးချဲ့ဆိပ်ခံတံတားသန့်ရှင်းသာယာရေးနှင့် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား တည်ဆောက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားပြီးနောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဆိပ်ခံတံတားဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူဆိပ်ခံတံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ပုသိမ်မြို့ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ပုသိမ်ကမ်းနားတိုးချဲ့ဆိပ်ခံတံတားဆောင်ရွက်ခြင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အလျား (၄၈၀) ပေ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အလျား (၁၁၀)ပေ တိုးချဲ့နိုင်ခဲ့ပြီး ယခု၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(၂)နှစ်ပေါင်း၍ အလျား (၅၃၀)ပေ ဆောင်ရွက်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
Read More...
26-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေများအားကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် အောက်တိုဘာလ ၂၄ရက်နေ့ ညနေပိုင်းတွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေများ၊ ကမ်းပြို၊ ကမ်းစားအခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ဆက်စပ်စိုက်ပျိုးမြေများအား ဧရာဝတီမြစ်ရေတိုက်စားမှုမှကာကွယ်ရန် ဆောင်ရွက်မည့်အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့ရာ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးမှ တာငုတ်ကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ အုန်းတောကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာများရှိ လူနေအိမ်များ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး မြေနေရာလျာထားမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက် ညွှန်ကြားရေးမှုး (ဟင်္သာတ) တို့မှ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ်သို့ ၆.၉.၂၀၂၃ နေ့တွင်ရောက်ရှိခဲ့ပြီး စိုးရိမ်ရေမှတ်အထက်တွင် (၉)ရက်ကြာမြင့်ခဲ့မှု အခြေအနေ များ၊ မြစ်ရေတိုက်စားမှုကြောင့် ကမ်းစားမှုများဖြစ်ပွားရာ မြစ်ကမ်းဘေးရှိတာများ ကမ်းစားစဉ် ပါဝင်သွားသော်လည်း နောက်ဘက်တွင် ဖြတ်တာများကိုမိုးမကျမီ ကြိုတင်ဆောင်ရွက် ခဲ့ခြင်းကြောင့် ဟင်္သာတမြို့သို့ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သည့်အခြေအနေများ၊ ကမ်းစားမှု တည်ငြိမ်သွားပါက လိုအပ်သည့်နေရာများတွင် မြို့ရေဘေးကာကွယ်ရေးအတွက် ဖြတ်တာ သစ်များထပ်မံ တည်ဆောက်ခြင်းကို တင်ပြဆောင်ရွက်သွားမည်အခြေအနေများရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေဘေးကာကွယ်ရေးအတွက် လိုအပ်သည့်နေရာ များတွင် ဖြတ်တာသစ်များတည်ဆောက်သကဲ့သို့ ယခင်တာများ၏ အရေးကြီးသည့်နေရာများ တွင် တာထိပ်မြှင့်တင်ပြုပြင်ခြင်း၊ တာတမံစစ်ဆေးရေး လမ်းပြုပြင်ခြင်းများဆက်လက် ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများကမ်းပြိုမှုမှကာကွယ်နိုင်ရန်နှင့် ဆက်စပ်စိုက်ပျိုးမြေများရေကြီးနစ်မြုပ်မှုမှ ကာကွယ် နိုင်ရန်အတွက် မြစ်ဖြတ်တူးမြောင်းဖောက်လုပ်နိုင်မည့်အခြေအနေများနှင့် မြစ်ကြောင်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအားရှင်းလင်းတင်ပြရာ လာမည့်မိုးရာသီမတိုင်မီ မြစ်ဖြတ်တူးမြောင်းဖောက်လုပ် နိုင်ခြင်းမရှိပါက ကမ်းပြိုမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး ကျေးရွာများထပ်မံရွှေ့ပြောင်းရမည့်အပြင် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန်ဆောင်ရွက်ထားသော တာဘောင်များလည်းပြိုကျပျက်စီးပြီး ရေကြီးနစ်မြုပ်မှုများဖြစ်လာနိုင်သဖြင့် မြစ်ဖြတ်တူးမြောင်းဖောက်လုပ်ခြင်းအား ယခုနွေရာသီရေနည်းကာလတွင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။
Read More...
24-Oct-2023