သတင်းများ


ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးအားပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများမှ အဆင့်ဆင့်ကြပ်မတ်၍ အထူးအလေးထားဆောင်ရွက်ကြရန်၊ ဒေသခံပြည်သူများအနေဖြင့် လာရောက်ထိုးနှံရန် အခက်အခဲရှိပါက အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်ချက်များအပေါ် ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းပရိဘောဂများ၊ သောက်သုံးရေစီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာများ ပြည့်စုံကောင်းမွန်မှုရှိမရှိတို့အား ကြည့်ရှုစစ်ဆေး‌ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းဝန်းအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုအခြေအနေအား ကြည့်ရှုစစ်ဆေးအားပေးခဲ့ကာ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ လိုအပ်ချက်များအပေါ် ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းသားများကျောင်းတက်ရောက်မှုအခြေအနေနှင့်  ‌စာသင်ဆောင်များ ဆောက်လုပ်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး‌၍ လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
21-Apr-2022
ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စု၊ ဘောမိကျေးရွာသို့ရောက်ရှိ၍ ဘောမိချောင်းတံတား (၁၃၅၀ပေ) တည်ဆောက်ရေး အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများအား တံတားဆောက်လုပ်ရေးတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ပြီး တံတားတည်ဆောက်မည့် လျာထားနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံသို့ရောက်ရှိ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့၍ တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ကြစေရေး လမ်းညွှန်မှာကြားခဲ့ပြီး ဆရာဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ချောင်းဝချိုင်ကျေးရွာရှိ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်နယ်စပ်ရှိ ကျောက်ချွန်းတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ဆေးရေးဂိတ်သို့သွားရောက်၍ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကာ လုံခြုံရေးနှင့်စနစ်တကျစစ်ဆေးနိုင်ရေး လိုအပ်သည်များ မှာကြားခဲ့ပါသည်။


Read More...
20-Apr-2022
အိမ်မဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧပြီလ ၁၉ရက်နေ့က မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကွင်းယားတံခွန်တိုင်ကျေးရွာ၊ ကွင်းအမှတ်၊ (၉၀-က) ကွင်းယားမြောက်၊ တောင်သူဦးထိန်ဝင်း၏ လယ်မြေ (၁) ဧကရှိ ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) မျိုးစေ့ထုတ်စိုက်ခင်းတွင် ပိုက်ဆံလျှော်ရိတ်သိမ်း၍ မျိုးစေ့ထုတ်နေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် တိုင်း​ဒေကြီးဝန်ကြီးချုပ်မှ တောင်သူများနှင့်တွေ့ဆုံ၍ မြေဆီလွှာအာဟာရဓါတ်များ ပြန်လည်ကောင်းမွန်လာစေရေးအတွက် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်း စိုက်ပျိုး၍ မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ​သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအားတောင်သူများ ကျယ်ကျယ်ပြန်ပြန့် သိရှိ​အောင် ​ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံ​​တောင်သူများအား သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)မျိုး​စေ့များ ​ထောက်ပံ့​ပေးအပ်ခဲ့ပါသည်။


Read More...
19-Apr-2022
မြောင်းမြမြို့စိုက်ပျိုးရေးသိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ သွားရောက်ခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ်ကြီးမှ ၂၀၂၂ခုနှစ် မေလတွင်  စိုက်ပျိုးရေးသိပ္ပံကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသားကျောင်းသူများ နှစ်အလိုက် ကျောင်းတက်ရောက်မှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် စာသင်ဆောင်များ၊ အိပ်ဆောင်များ ပြင်ဆင်ထားရှိစေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး မှာကြားခဲ့ကာ စာသင်ဆောင်၊ အိပ်ဆောင်များအတွက် ပရိဘောပစ္စည်းများ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ မြောင်းမြမြို့ဝင်ဂိတ်တွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။


Read More...
19-Apr-2022
လပွတ္တာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက်၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အောက်ချောင်းကျေးရွာ၊ ကွင်းအမှတ် ၅၈၁ က၊ အောက်ချောင်းကွင်း၊ ဦးပိုင် ၁၃/၄ တောင်သူဒေါ်ခင်ရီ၏ လယ်မြေ ၁.၉၇ ဧက တွင်နွေစပါး(GW 11)မျိုး ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရာ ၁ဧက လျှင် ၁၃၀ တင်း နှုန်းထွက်ရှိမှုအားကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ​​တောင်သူများ နှင့်တွေ့ဆုံ၍  သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်) ထည့်သွင်းစိုက်ပျိုးခြင်းကြောင့် မြေဆီမြေသြဇာ ကောင်းမွန်လာမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ သစ်စိမ်း​မြေသြဇာ ပိုက်ဆံ​လျှော်ထည့်သွင်းစိုက်ပျိုးမှုအဆင့်အဆင့်အား စိုက်ပျိုး​ရေးဦးစီးဌာနအ​နေဖြင့် စနစ်တကျမှတ်တမ်းထားရှိရန် လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံ​​တောင်သူများအား သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)မျိုး​စေ့များ ​ထောက်ပံ့​ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လယ်မြေအတွင်း ပိုက်ဆံလျှော် မျိုးစေ့များကြဲပတ်ပေးခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လပွတ္တာ - သဲဖြူ ဆက်သွယ်ရေးလမ်း (၁/၂.၆)မိုင် ကွန်ကရစ် လမ်းခင်ခြင်း လုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ပြီး လပွတ္တာခရိုင်၊ ကျေးလက်လမ်းဦးစီးဌာနမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်တည်တံ့ကောင်းမွန်စေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေး လမ်းညွှန်မှာကြားခဲ့ပြီး ကွန်ကရစ်လမ်းအပြီးသတ်လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...
19-Apr-2022