သတင်းများ


တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၂၃) ကြိမ်မြောက် သံဃမဟာပဝါရဏာပြုပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲ အခမ်းအနားကျင်းပ၊ ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့) တွင် ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မဟာပဝါရဏာပြုပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲအခမ်းအနားအား အောက်တိုဘာလ ၁၉ရက် နေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။ ဦးစွာ သံဃာတော်အရှင်သူမြတ်များမှ သိမ်တော်အတွင်း ပဝါရဏာပြုပွဲ ဆင်ယင်ကျင်းပတော်မူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊  တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက  လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဘုရားအမှူးပြုသော သံဃာတော် (၅၄)ပါးတို့အား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြသည်။ ထို့နောက် သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍  ဆီးမီးများထွန်းညှိပူဇော်ခြင်းများ၊ ပရိတ်ပဌာန်းဒေသနာတော်များရွတ်ပွားပူဇော်လျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအပါအဝင် ထင်ရှားသော ဘုရား၊ စေတီ၊ ပုထိုးများတွင် ဆီးမီးထွန်းညှိပူဇော်သူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးတို့သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဘုရားဖူးလာပြည်သူများနှင့်အတူ ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီးအာရုံခံတန်စောင်းတွင် ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခဲ့ပြီး စေတီတော်ရင်ပြင်တွင်  ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ခဲ့ကြကာ စေတီတော်ကြီးအားလှည့်လည်ကြည်ညို၍ ဘုရားဖူးပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအား ပေးခဲ့ကြသည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် ဘုရားဖူးလာရောက်ကြသူများမှ ဓမ္မစင်္ကြာနှင့်အနတ္တလက္ခဏသုတ်တို့အားရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ အလားတူ ပုသိမ်မြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ရပ်ကွက်နေပြည်သူများမှ ဆီးမီးများထွန်းညှိပူဇော်ခြင်း၊ ဘုရားဖူးပြည်သူများမှ ကုသိုလ်ယူခြင်းများဆောင်ရွက်လျက်ရှိပြီး မြို့၏ထင်ရှားသောနေရာများသို့လည်း သွားလာလည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ ထို့အတူ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင်လည်း ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်၍ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။


Read More...
29-Oct-2023
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ ပရိတ်တရားနာယူခြင်းနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်
မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ ပရိတ်တရားနာယူခြင်းနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ပွဲအား အောက်တိုဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ကြည်ညို လောင်းလှူပူဇော်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဆရာတော်ကြီးထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး စေတီတော်မြတ်ကြီးအား ဆွမ်း၊ရေချမ်း၊ဆီမီး၊ပန်းနှင့် သစ်သီးဆွမ်းများ  ကပ်လှူပူဇော်ခဲ့ကြကာ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဆရာတော်အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။  ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ပွဲအားကျင်းပရာ ဆရာတော်ကြီးအမှူးပြုသော မြတ်မော်တင်တောင်ခြေနှင့်အနီးဝန်းကျင်ကျေးရွာများတွင်သီတင်းသုံးတော်မူကြသည့်သံဃာ၊သာမဏေ၊ သီလရှင်စုစုပေါင်း အပါး (၂၂၀) ကျော်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် ဘုရားဖူးပြည်သူများမှ ဆွမ်း၊လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများလောင်းလှူပူဇော်ခဲ့ကြသည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်အရပ်ရှိ အာရုံခံတန်စောင်းပန္နက်တော်တင်ခြင်း၊ အနောက်အရပ်ရှိ အာရုံခံတန်စောင်းပန္နက်တော်တင်ခြင်း၊ မြောက်အရပ်ရှိ သုခဝတီဓမ္မာရုံပန္နက်တော်တင်ခြင်း၊ အရှေ့မြောက်ထောင့်အရပ်ရှိ မြတ်မော်တင်ဆရာတော်သီတင်းသုံးမည့် စေတိယပါလ(၃)ထပ်ဆောင်ပန္နက်တော်တင်ခြင်း၊ အရှေ့အရပ်ရှိ အာရုံခံတန်စောင်းပန္နက်တော်တင်ခြင်းမင်္ဂလာအခမ်းအနားများတက်ရောက်၍ မင်္ဂလာအချိန်ကျရောက်သည်နှင့် ပန္နက်အား(၉)ချက်စီရိုက်၍ အသီးသီးပန္နက်တော်တင်မင်္ဂလာပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြ ကြောင်းသိရသည်။


Read More...
29-Oct-2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ပဓာနနာယကဆရာတော်ကြီး သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တပညာဇောတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၊ မဟာမကုဋရံသီ ဆံတော်ရှင် ​မြတ်မော်တင် စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ဒသမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ပဓာန နာယကဆရာတော်ကြီး သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ၊  ဘဒ္ဒန္တပညာဇောတ မဟာထေရ်မြတ်ထံမှ တရားတော် နာယူပွဲနှင့် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ဒသမအကြိမ်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲအား အောက်တိုဘာလ ၂၈ရက်နေ့ ညနေပိုင်းက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တရားနာပရိတ်သတ်များ တက်ရောက်နာယူကြည်ညိုခဲ့ကြသည်။ ဦးစွာ  ဆရာတော်ကြီးနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်စေတီတော်မြတ်ကြီးအား လှည့်လည်ကြည်ညိုဖူးမြော်ခဲ့ကြပြီး မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တိုးချဲ့ပြီးစီးမှုနှင့် ဆက်စပ်လုပ်ငန်းများအားလှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။ ဆက်လက်၍  မဟာမကုဋရံသီ ဆံတော်ရှင်  ​မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ဒသမအကြိမ်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် တရားနာပရိသတ်များ တက်ရောက်ခဲ့ကြပြီး “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ကာ သဲဖြူ နှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ တရားဒေသနာတော်များ နာယူကြည်ညိုကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့က သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက်  မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ဒသမအကြိမ်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာများက အလှူငွေများအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဘုရားဖူးပြည်သူများက မြတ်စွာဘုရားရှင်အား မီးပုံးပျံများ၊ မီးရှုးမီးပန်းများလွှတ်တင်ပူဇော်ခဲ့ကြပြီး မြတ်မော်တင်စေတီတော်ရင်ပြင်တွင်  အထူးစည်ကားလျက်ရှိကြောင်းသိရသည်။


Read More...
29-Oct-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အောက်တိုဘာလ  ၂၈ ရက်နေ့ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ် ​မော်တင်လမ်းနှင့်ဇီးချိုင်​ကျေးရွာသို့ဆက်သွယ်​သောလမ်း​ပေါ်ရှိ ဇီးချိုင်ရွာအဝင်ကွန်ကရစ်တံတားတည်​ဆောက်ခြင်း(ပထမပိုင်း)(၁၆၀ပေ× ၂၀ပေ) ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာန တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး အရည်အသွေးပြည့်မီစေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခမောက်မော်ကျေးရွာ ဆိပ်ခံရေဆင်းတံတားနှင့် ချဉ်းကပ်လမ်းပြုလုပ်ခြင်းလုပ်ငန်း ဆိပ်ခံရေဆင်းတံတား (၃၀ပေ× ၂၀ ပေ)၊ ချဉ်းကပ် (၈၀ပေ×၈ပေ)ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ရာကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေလုပ်ငန်းများဖွံ့ဖြိုးသည့်ဒေသဖြစ်၍ ဆိပ်ခံတံတားများတိုးတက်ကောင်းမွန်စေရန်၊ စက်လှေကြီးငယ်များ ကပ်ခွာပြုလုပ်နိုင်စေရန်နှင့်သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့်လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင်အဖွဲ့သည် ကျောက်ချောင်းတိုက်နယ်ဆေးရုံသို့သွားရောက်၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကိုကြည့်ရှုအားပေးခဲ့ရာ ဆေးရုံတက်ရောက်ကုသနေသည့်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးရုံဝန်ထမ်းများအားထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မော်တင်ကမ်းခြေတွင်ပြုလုပ်သည့် ပင်လယ်ကမ်းခြေ အုန်းပင်စိုက်ပျိုးပွဲတက်ရောက်၍ ပျိုးပင် (၁၀၀၀)အား ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံများနှင့်အတူတကွစိုက်ပျိုးပေးခဲ့ပြီး အုန်းပင်စိုက်ပျိုးထားရှိမှုများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကာ တစ်ပင်စိုက်တစ်ပင်ရှင်သန်စေရေးထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
29-Nov-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၆)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ကျင်းပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ တက်ရောက်ခဲ့ကြသည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲများတွင် ပထမဆုရရှိသောအသင်းများ၏ သရုပ်ပြမှုကို ကြည့်ရှုအားပေးပြီးနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကိုးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဖျာပုံမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ အတွင်းရေးမှူး၏ဇနီးကလည်းကောင်း၊  ဒုတိယဆုရရှိသည့် လပွတ္တာမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို  တိုင်းဒေသကြီးဥပဒေချုပ် ကလည်းကောင်း၊ ပထမဆုရရှိသည့် ငပုတောမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို စီးပွားရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပုသိမ်မြို့နယ်၊ ဒုတိယဆုရရှိသည့် ငပုတောမြို့နယ်နှင့် ပထမဆုရရှိသည့်လပွတ္တာမြို့နယ်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက လည်းကောင်း၊ တစ်ဦးချင်း ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ငပုတောမြို့နယ်၊ ဒုတိယဆုရရှိသည့် ပုသိမ်မြို့နယ်နှင့် ပထမဆု ရရှိသည့်လပွတ္တာမြို့နယ်မှ အားကစားသမားများကို ဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီးနောက် ပထမဆုရရှိခဲ့သည့်လပွတ္တာမြို့နယ်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမား များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲများကို ယခုလ(၂၆) ရက်နေ့မှ (၂၇)ရက်နေ့အထိပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၂၆) မြို့နယ်မှ ပြိုင်ပွဲဝင် ကစားသမား (၃၃၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။


Read More...
27-Oct-2023