သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် Smart Business Group မှ ကြီးမှူးကျင်းပသော Pathein Expo 2019 ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
Smart Business Group မှ ကြီးမှူးကျင်းပသော Pathein Expo 2019 ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ နံနက် (၀၉၀၀)နာရီအချိန်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် Smart Business Group မှ တာဝန်ရှိသူတို့မှ ကုန်စည်ပြပွဲကြီးအား ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ ကုန်စည်ပြပွဲအတွင်းရှိ ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။


Read More...
18-Dec-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မအူပင်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ၊ နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာများ၊ ကွန်ပျုတာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများဖြင့်တွေ့ဆုံပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် လူထုတွေ့ဆုံပွဲများ ကျင်းပသကဲ့သို့ ပညာရေးဝန်ထမ်းများ၏ လိုအပ်ချက်အခက်အခဲများအား သိရှိဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အခါအားလျော်စွာ ပညာရေးဌာနမှ ဝန်ထမ်းများဖြင့်တွေ့ဆုံလျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၊ (၁၃၀၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့ရှိ မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်


Read More...
17-Dec-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်မောင်မယ်များပေါ်ထွန်းလာစေရန်နှင့်ကလေးတွေရဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ်များကို စာပေရဲ့အရေးပါပုံကို မြင်စေချင် /သိစေချင်တဲ့အတွက် ငယ်ရွယ်သောကလေးသူငယ်များ အသိပညာ၊ ဗဟုသုတတိုးပွှားလာစေရန်ရည်ရွယ်၍ ဘက်စုံ/ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၁၆) ရက်နေ့၊ (၀၉၀၀)အချိန်တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊


Read More...
17-Dec-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒေးဒရဲမြို့နယ်၊တညင်ကုန်း‌ကျေးရွာ၊ ပေါ်တော်မူဘုရားတန်ဆောင်း၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူများ၏ အသံ၊ ပြည်သူများ၏ တင်ပြချက်များနှင့် ပြည်သူများ၏ လိုအပ်ချက်များကို ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူများနှင့်ထိတွေ့ပြီး ပြည်သူများ၏လိုအပ်ချက်များအား လျှင်မြန်ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အောက်ခြေအထိဆင်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ (၁၅.၉.၂၀၁၉)ရက်နေ့၊ (၁၃၀၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊တညင်ကုန်း‌ကျေးရွာ၊ ပေါ်တော်မူဘုရားတန်ဆောင်းတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။


Read More...
17-Dec-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒေးဒရဲမြို့နယ်၊ တော်ကျိုက်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် Jeong Ho Intrenational Co;Ltd ၏ အထည်ချုပ်စက်ရုံ ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ လူမှုစီးပွှားဘဝဖွံဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပြည်တွင်း/ပြည်ပရင်းနှီး မြုပ်နှံမှုများအား ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ (၁၀၀၀)အချိန်တွင် ဒေးဒရဲမြို့နယ်၊ တော်ကျိုက်ကျေးရွာတွင် Jeong Ho Intrenational Co;Ltd ၏ အထည်ချုပ်စက်ရုံ ဖွင့်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ


Read More...
17-Dec-2019