သတင်းများ


(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တောင်သူလယ်သမားနေ့ အခမ်းအနားတွင် သီးနှံအမျိုးမျိုး၌ ပန်းတိုင်အထွက်နှုန်းရရှိသည့်တောင်သူများ၊မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ အောင်မြင်နေသည့်တောင်သူများက  အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား တစ်ဆင့်ပြန်လည်မျှဝေဆွေးနွေးခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း၊ မိုးစပါး၊ နွေစပါး အပါအဝင်စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အဆင့်လိုက်ရည်မှန်းချက်ထားဆောင်ရွက်မည်ဖြစ်ရာလိုအပ်ချက်များကိုပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန်လိုပါကြောင်း၊ တောင်သူများကလည်း တောင်သူများ၏ လက်တွေ့စိုက်ပျိုးနေမှု၊ ဌာနဆိုင်ရာများကလည်း ပံ့ပိုးဆောင်ရွက်ပေးရမည့် အရာများအား မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို ဆွေးနွေး အဖြေရှာရန်လိုပါကြောင်း၊ လာမည့်စိုက်ပျိုးရာသီတွင် မိုးစပါး၊ နွေစပါး လက်ရှိအထွက်နှုန်းထက်တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရန်အတွက်   စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အဆင့်ဆင့်မှကြပ်မက်ဆောင်ရွက်ရန်လိုကြောင်း၊  ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးရေးကိုလည်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရအတွက်ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊  မွေးမြူရေးတောင်သူများအနေဖြင့် မိရိုးဖလာမွေးမြူရေးစနစ်မှ အဆင့်မြင့်နည်းပညာသုံးမွေးမြူရေးစနစ်ကိုလည်း စနစ်တကျမွေးမြူ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လည်းလိုပါကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူးမှ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်ခေါင်းစဉ်များအလိုက်အကျယ်တဝင့်ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေမြူရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများအား  မြေသြဇာထုတ်လုပ်အသုံးပြုနိုင်ရေး၊ ငါးမွေးမြူရေးလုပ်ငန်းများမှ အများစားသုံးနိုင်သည့်ငါးမျိုးစိတ်များမွေးမြူဆောင်ရွက်နိုင်ရေးနှင့် ရှားပါးငါးမျိုးစိတ်များအား သားဖောက်မွေးမြူခြင်းလုပ်ငန်းများ၊ ဒေသထွက်ကုန်ကြမ်းများမှ တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်ရေးထည့်သွင်းဆွေးနွေးစေရေးနှင့် စိုက်ပျိုးမွေးမြူရေးထွက် ကုန်များကိုအခြေခံ၍ ကုန်ချောထုတ်လုပ်နိုင်သည့် စက်ရုံအလုပ်ရုံများထွက်ပေါ်လာစေရေး ကြိုးစားဆောင်ရွက်စေရေးနှင့်တောင်သူများအတွက် အမှန်တကယ်အကျိုးရှိသည့်ဆွေးနွေးပွဲရလဒ်များထွက်ပေါ်လာစေရေးလိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။ ထို့နောက် အလုပ်ရုံဆွေးနွေးများအား ဆက်လက်ပြုလုပ်ရာ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်နိုင်မည့် ရေမြေသဘာဝရွေးချယ်ခြင်း၊အထွက်မျိုးကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊မျိုးကောင်း၊မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊သွင်းအားစုများထည့်သွင်းအသုံးပြုခြင်း၊ထုံးထည့်သွင်းခြင်း၊ တစ်သီးမှနှစ်သီး၊ နှစ်သီးမှ သုံးသီးစိုက်သို့ ပြောင်းလဲစိုက်ပျိုးရေး အစရှိသည့် ခေါင်းစဉ် အသီးသီးဖြင့် ဌာနဆိုင်ရာများနှင့် တောင်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားပွဲဝိုင်းအလိုက် ဆွေးနွေးရရှိသည့် ရလဒ်များအား စုစည်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အားနည်းချက် အားသာချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


Read More...
03-Mar-2023
တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သော ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများအား တိုင်ဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဝါးခယ်မမြို့နယ်၊ကြခတ်ကုန်းကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP Phase-II)ဖြင့်ဆောင်ရွက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သော ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ယင်းနောက်  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ( ၂၃  )အိမ်မှ  အိမ်ထောင်စု (၂၃)စုတို့ လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP Phase-II)ဖြင့်ဆောင်ရွက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သော  ကလတောင်ချွန်း၊ ကလတောင် ကလမြောက်)ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ယင်းနောက်  ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတက်ရောက်ခဲ့ ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်း​ဒေသကြီးတွင် ၈၅ ရာခိုင်နှုန်းမှာကျေးလက်​​နေပြည်သူများဖြစ်​ရာ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ (Solar Mini Grid)စီမံကိန်း၊ တစ်အိမ်ထောင်သုံးဆိုလာစနစ်(SHS) စသည်တို့ဖြင့် ကျေးလက်ဒေသများတွင်မီးလင်းရေးလုပ်ငန်းများကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်း​ဒေသကြီးတွင် စိုက်ပျိုး​​မွေးမြူ​ရေးလုပ်ငန်းကို အဓိက​လုပ်ကိုင်ကြပြီး စပါးအပါအဝင်စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးဆောင်ရွက်လျက်ရှိပြီးဆီဖူလုံရေးအတွက်လည်းဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် ကျောင်း​နေအရွယ်က​လေးများ ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ​ပြောကြားခဲ့သည်။ ထို့နောက် ဒေသခံများကိုယ်စား ကလကျေးရွာဇာတိ ဝါးခယ်မဦးရဲမောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျေးရွာအတွင်း မီတာတပ်ဆင်ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျေးရွာများ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ(၅၇ )အိမ်မှ  အိမ်ထောင်စု(၅၇ )စုတို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။


Read More...
02-Mar-2023
(၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားအား ကျုံမငေးမြို့၌ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ််မြို့နယ်၊ ကျုံမငေးမြို့၌ (၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မဟာစွယ်တော်မြတ် ကိန်းဝပ်တော်မူရာ ဂန္ဓကုဋိတိုက်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဩဝါဒစရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒကထာများ နာကြားခဲ့ကြသည်။ ယင်းနောက် ရှင်ဥပဂုတ္တမထေရ်မြတ်အား ပင့်ဆောင်ခြင်းနှင့် သိကြာ၊  ဗြဟ္မာ၊နတ်ဒေဝါများအား ပင့်ဆောင်ရွတ်ဆိုခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော် အရှင်မြတ်နှင့် ဇမ္ဗူပတိ ရုပ်ပွားတော် အရှင်သူမြတ်တို့အား ဂန္ဓကုဋိတိုက်တော်မှ ယာယီရွှေကျောင်းတော်သို့ ကြွချီကိန်းဝပ် အပူဇော်ခံရန်အတွက် ဘုရားပင့်ရွတ်ဆို ပူဇော်ခဲ့ကြသည်။ ထို့နောက် (၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား မြတ်စွယ်တော် ဩဝါဒါစရိယ နာယကဆရာတော်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဂေါပအဖွဲ့တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော် အရှင်မြတ်နှင့် ဇမ္ဗူပတိ ရုပ်ပွားတော် အရှင်သူမြတ်တို့အား မြတ်စွယ်တော် ဂေါပကအဖွဲ့မှ ပင့်ဆောင်ခဲ့ကြပြီးအတုလဗုဒ္ဓ လက်ဝဲအောက်စွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ကိန်းဝပ်အပူဇော်ခံရန်အတွက် ဘုရားပင့်ရွတ်ဆို ပူဇော်ခဲ့ကြပြီး အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ဩဝါဒါစရိယ‌ဆရာတော်၊နာယကဆရာတော်များ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပင့်ဆောင်ပူဇော်ခဲ့ကြပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


Read More...
02-Mar-2023
(၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနားကန်ကြီးထောင့်မြို့၌ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ၊ ကန်ကြီးထောင့်မြို့နယ် ၊ ဝါးဒူးကျေးရွာ၌ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူများတက်ရောက်ခဲ့သည်။ ရှေးဦးစွာ တောင်သူလယ်သမားနေ့ အခမ်းအနား မုခ်ဦးဆိုင်းဘုတ်အားတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၁)နှစ်မြောက်တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပြခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အကအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကဖတ်ကြားပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ "တောင်သူလယ်သမားနေ့ အခမ်းအနားအား ယခင်နှစ်တွင်ဝါးဒူးကျေးရွာ၌ပင် ယခုကဲ့သို့ ကျင်းပခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကာထွက်ပေါ်လာသည့်ရလာဒ်များအား အခြေခံ၍ တစ်နှစ်တာကာလအတွင်း နိုင်ငံတော်၏ ရည်မှန်းချက်အား မည်မျှအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို တောင်သူများနှင့်ဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်ရန် အကြံဉာဏ်ပေး  ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါကြောင်း၊မိမိတို့ တိုင်းဒေသကြီး၌ရှိသည့် ‌မြေသယံဇာတ၊ရေသယံဇာတများအား မူတည်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ကို ယခုနှစ်တွင်လည်း ဆွေးနွေးအဖြေရှာရန်လိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သလို ဝမ်းစာဖူလုံမှုအနေဖြင့် ဆန်နှင့်ပတ်သက်လျှင် ဝမ်းစာဖူလုံမှုအပြင် ပိုလျှံသည့်အတွက် ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနေသည့် တိုင်းဒေသကြီးလည်းဖြစ်ပြီး စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံနေကြာကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့အတူ အသား၊ ငါး၊ ဥ စားသုံးမှုဖူလုံစေရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီးစိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ကာ ခရိုင်များအလိုက် ကုန်ကြမ်းနှင့် ကုန်ပစ္စည်းများစွာထွက်ရှိပြီး အသေးစား၊ အငယ်စားနှင့်အလတ်စားကုန်ထုတ်လုပ်ငန်းများလည်းရှိပါကြောင်း၊  တိုင်းဒေသကြီးအစိုးရဖွဲ့ အနေဖြင့်  စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း အချက်(၄)ချက် ဟန်ချက်ညီညီဆောင်ရွက်နိုင်မှသာ လုပ်ငန်းအောင်မြင်နိုင်မှာဖြစ်ပါကြောင်း၊ စပါးတစ်ဧကအထွက်နှုန်းတွင် ပန်းတိုင် အထွက်နှုန်းအား မရောက်ရှိသေးသော်လည်း အဆင့်ဆင့် ရည်မှန်းချက်ထား ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ အပြည့်အဝသုံးစွဲနိုင်ရေးအတွက်  အရည်အသွေးကောင်းမွန်သော ဆန်စပါး ထုတ်လုပ်နိုင်ရေးအတွက် ရေမြေဒေသနှင့် ကိုက်ညီ သည့်အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက် အလားအလာရှိသော စပါးမျိုးသစ်များ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိစေမည့် ရေမြှုပ်ခံစပါးမျိုးများ၊ ရေအနည်းလို စပါးမျိုးများ၊ ဆားငန်ခံစပါးမျိုးများနှင့် ဧရာဝတီပေါ်ဆန်းပြန်လည်မြှင့်တင်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ဆွေးနွေးပွဲများဆောင်ရွက်ခဲ့နိုင်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၌ ရေတော်မိုးတော် စိုက်ဧက ၂၇သိန်းကျော်အားသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အပြည့်အဝ ထည့်သွင်းစိုက်ပျိုးနိုင်ရန်  လျာထားဆောင်ရွက်ခဲ့ပြီး ၂၀၂၃ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက (၁)သိန်း၊ ၂၀၂၄ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက(၂၇)သိန်းအား အပြည့်အဝထည့်သွင်း စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တောင်သူများအနေဖြင့်လည်း အောင်မြင်စေရန် ဝိုင်းဝန်းအကောင်အထည် ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ ယခုနှစ်၌ နွေစပါးနှင့် ပဲတီစိမ်းစိုက် တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများထောက်ပံ့ပေးခဲ့ပြီးဖြစ်၍ သီး နှံအရည်အ သွေးကောင်း မွန်စေရေးနှင့်အထွက်တိုးစေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် တန်ဘိုးမြင့်ထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အလားအလာကောင်းသည့် ပီလောပီနံနှင့် ရာဘာတို့ကိုလည်း ကုန်ကြမ်းမှ တန်းဘိုးမြင့်ထုတ်ကုန်ဖြစ်စေရေးအတွက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် တောင်သူလယ်သမားနေ့အခမ်းအနားကို တက်ရောက်လာကြသည့် တောင်သူများနှင့် တောင်သူများ၏အခန်းကဏ္ဍ၊ တောင်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကျဉ်းပေးသော ဌာနဆိုင်ရာ အသိပညာပေးအဖွဲ့များနှင့် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးအထူး တင်ရှိပါကြောင်း"အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကားများ ဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်၍ လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သီးနှံများကိုပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် စီးပွားဖြစ်စိုက်ပျိုးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နည်းပညားများကိုလိုက်နာဆောင်ရွက်ခြင်းနှင့် မိတ်ဖတ်တောင်သူများကိုဖိတ်ခေါ်ပြသနိုင်ခြင်း၊ စီးပွားဖြစ်စွန့်ဦးတီထွင်ဆောင်ရွက်နိုင်ခြင်း၊ တန်ဘိုးမြင့်ထုတ်ကုန်များထုတ်လုပ်ဆောင်ရွက်နိုင်ခြင်း၊ မွေးမြူရေးလုပ်ငန်းများအားတစိုက်မက်မက်ဆောင်ရွက်ပြီး တိုးတက်ခေတ်မီပြောင်းလဲလာသည့် မွေးမြူရေးကျင့်စဉ်များနှင့်အညီလိုက်ပါပြောင်းလဲဆောင်ရွက်နိုင်ခြင်းစသည့်ထူးချွန်စွာဆောင်ရွက်ခဲ့ကြသည့် တောင်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြ​ခဲ့ကြသည်။  ထို့နောက် နေ့လည်ပိုင်းတွင် ထူးချွန်ဆုရတောင်သူများက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုများအားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဗဟိုဌာန(မြောင်းမြ) မှ သုတေသနပြုလုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ရာတိိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အနည်းချက်အားသာချက်များသုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ယနေ့ကျင်းပပြုလုပ်သည့် ၆၁ နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနားတွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ပြခန်း ဌာနဆိုင်ရာပြခန်းများ၊ ခရိုင်အလိုက်ပြခန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများဖြင့် ပြခန်းပေါင်း (၄၃)ခန်းဖွင့်လှစ်ပြသထားရှိပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိတောင်သူစုစုပေါင်း (၉၉၆)ဦးတက်ရောက်ခဲ့ပြီး ပြခန်းများနှင့် ဆွေးနွေးပွဲများအား ယခုလ (၄) ရက်နေ့အထိ ခင်းကျင်းပြသပြုလုပ်သွားမှာဖြစ် ကြောင်းသိရသည်။


Read More...
02-Mar-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဇလွန်မြို့နယ်၊နန်းတော်ကျွန်းကျေးရွာ၊ တောင်သူဦးခင်စိုး၏ Supersun-41 နေကြာ(၁၀)ဧက စံပြစိုက်ခင်း ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးခင်စိုး၏ယာမြေသို့ရောက်ရှိ၍ ပထမ သီးနှံအဖြစ် ပဲတီစိမ်းစိုက်ပျိုးပြီးစီး၍ ဒုတိယသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် Supersun-41 နေကြာ(၁၀)ဧက စံပြစိုက်ခင်းသို့ရောက်ရှိကာ စိုက်ပျိုးဖြစ်ထွန်းနေမှုများအား ကြည့်ရှု အားပေးခဲ့ပါသည်။  ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ဝင်ငွေများပိုမိုရရှိရေးအတွက် တစ်သီးစိုက်ဧရိယာများမှ နှစ်သီးစိုက်၊ သုံးသီးစိုက်ဧရိယာများအဖြစ် ဆီထွက်သီးနှံများ၊ ငရုတ်၊ ပြောင်း၊ ပဲ သီးနှံမျာကို ထပ်မံစိုက်ပျိုးကြရန်၊ နေကြာသီးနှံ စိုက်ပျိုးပြီးစီး၍ ရိတ်သိမ်းပြီးစီးပါက မိုးမရွာမီကာလ အတွင်းနွေနှမ်းသီးနှံထပ်မံ စိုက်ပျိုးနိုင်ရေးမှာကြားခဲ့ပါသည်။ အဆိုပါနန်းတော်ကျွန်းကျေးရွာအုပ်စု အတွင်း အစေ့ထုတ်ပြောင်း(၁၉၇၆)ဧက၊ ဖူးစားပြောင်း(၂၃)ဧက၊ နေကြာ(၇၄၃)ဧက၊ မတ်ပဲ (၅၆၈)ဧက၊ ပဲတီစိမ်း(၁၉၅)ဧက၊ ငရုတ်(၅၃)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိ၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား သွားရောက်တွေ့ဆုံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ ကျောင်းသား/ကျောင်းသူများ၏ အားနည်းသည့် ဘာသာရပ် များကို ပိုမိုအားဖြည့်ဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှသာ မိမိတို့၏ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်၍ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ အစွမ်းကုန် ကြိုးစားကြစေလိုပါကြောင်း၊ ဂုဏ်ထူးပေါင်းများစွာဖြင့် ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်လိုပါကြောင်း အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဲတီစိမ်း စိုက်ဧက(၂၀၀၀)အား ဝယ်ယူကြိတ်ခွဲသူအစု အဖွဲ့အနေဖြင့် ဆောင်ရွက်သည့် ဇလွန်မြို့၊ ဒို့တောရွာ မျိုးစေ့နှင့်ပဲမျိုးစုံ ရောင်းဝယ်ရေးသို့ ရောက်ရှိ၍  ပဲတီစိမ်းစိုက်တောင်သူများမှ ပြန်လည်ပေးသွင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါး ဧက(၂၀၀)စံပြစိုက်ခင်းသို့ ရောက်ရှိ ၍ ဓာတ်မြေဩဇာစုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့တက်ရောက်အားပေးခဲ့ပြီးဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ  ဆိုလာရေတင်စနစ်ဖြင့်ရေတင်စနစ်အား ကျယ်ကျပ်ပြန့်ပြန့် အသုံးပြုနိုင်ရေးဆောင်ရွက်ကြရန်၊ အထွက်နှုန်းတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များကို သုံးစွဲကြရန်၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများကို အချိုးကျသုံးစွဲကြရန်၊ တစ်သီးစိုက်ဧရိယာများမှ နှစ်သီးစိုက်ဧရိယာများအဖြစ် ထပ်မံစိုက်ပျိုးကြရန် မှာကြားခဲ့ပြီး ဒေသခံတောင်သူများမှ တင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Read More...
27-Feb-2023