သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ တိုင်းဒေသကြီးအတွင်းရှိ ၆ ခရိုင်မှအသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပ ပြုလုပ်သော ဘောလုံးပြိုင်ပွဲမှ တိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သော ဘောလုံးသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများကလည်း အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် မိမိတို့၏ခရိုင်၊ မိမိတို့၏ တိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြား၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်၍ ၆ ခရိုင်မှပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် ၄ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ပြိုင်ပွဲပထမပွဲစဉ်ယှဉ်ပြိုင်ကစားကြသည့် ပုသိမ်ခရိုင်အသင်းနှင့် ဟင်္သာတခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၅.၅ ၂၀၂၂ရက်နေ့မှ ၄.၆.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါသည်။
Read More...
25-May-2022

အခြေခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်း ပုသိမ်မြို့၌ ဖွင့်လှစ်သင်ကြား
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် အခြခံဗုဒ္ဓဘာသာနှင့်ယဉ် ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်နှင့်မြို့နယ်များမှ ရဲတပ်ဖွဲ့မှူးများနှင့်ရဲမေများ၊ သင်တန်းသား/သူ ကလေးငယ်များတက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ သင်တန်းအဖွင့် အမှာစကားပြောကြားရာတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြတ်ဗုဒ္ဓ၏လူမှုရေးရာကျင့်ဝတ်များဖြစ်သောနိုင်ငံ၏အုပ်ချုပ်ရေး၊စီးပွားရေး၊လူမှုရေး၊ကျန်းမာရေးတို့ပါဝင်သော ယဥ်ကျေးမှုဆိုင်ရာ လောကီ၊လောကုတ္တရာကျင့်စဥ်များ မြန်မာနိုင်ငံသို့ရောက်ရှိလာပြီးဖြစ်၍ မြန်မာ့ယဥ်ကျေးမှုနယ်ပယ်တွင် ပျံနှံ့စိမ့်ဝင်ကာမြန်မာနိုင်ငံသားများလက်ခံကျင့်သုံးခဲ့ကြပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ ရှေးဘိုးဘွားဘီဘင်လက်ထက်ကတည်းက လက်ခံကျင့်သုံးခဲ့သော မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားကြဘို့လိုအပ်ကြောင်း၊ လူငယ်လူရွယ်များကိုပြုစုပျိုးထောင်ရာမှာစာရိတ္တဗလသည် လွန်စွာမှအရေးကြီးကြောင်း၊ သို့ဖြစ်ရာ ယနေ့ဖွင့်လှစ်သင်ကြားမည့် ဗုဒ္ဓဝင်၊ ၃၈.ဖြာမဂ်လာ၊ပြည်သူ့နီတိ၊ ယဥ်ကျေးလိမ္မာစတဲ့သင်ခန်းစာများကို သင်တန်းသား/သူများအား ဂုဏ်ဆောင်နိုင်ရေးအတွက်အထပ်ထပ်လေ့လာမှတ်သားကြရမှာဖြစ်ကြောင်းပြောကြားသည်။
ဗုဒ္ဓဘာသာကလျှာဏယုဝအသင်း(YMBA)မှမဂ်လဓမ္မဇောတိကဓဇ ဆရာဦးဝေမြင့်ကယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကိုအခမ်းအနား တက်ရောက်လာသူများအား ရှင်းလင်းပြောကြားကာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ကလေးငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
Read More...
25-May-2022

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မေလ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာတွင် ပိုက်ဆံလျှော်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် မျိုး၊ရေ၊ မြေ ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ သာဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများ အချိုးကျသုံးစွဲစေရေးမှာကြားခဲ့ပါသည်။ ထို့နောက် လူကောင်းကျွန်းကျေးရွာတွင် ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်လမ်းဦးစီးဌာနမှဆောင်ရွက်သည့် လူကောင်းကျွန်း၊ ဇရပ်ချောင်းတံတား (၂၄၀ပေ×၂၀ပေ) ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်တည့်တံ့မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးလမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ လူကောင်းကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ရောဂါများ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်လျာထားဧကများပြည့်မီစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေးမှာကြားခဲ့ပြီး ဒေသခံများကိုယ်စားတောင်သူတစ်ဦးမှ လိုအပ်သည်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်းမြို့နယ်အချို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အနည်းငယ်တွေ့ရှိရသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးစီမံချက်များနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများက ပူးပေါင်းဆောင််ရွက်ပေးကြရန်ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စာသင်ဆောင်များအတွင်းခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါတယ်။
Read More...
24-May-2022

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ ၂၄ ရက်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ (၁၃၀ပေ×၃၀ပေ) RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ရောဂါများကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေးနှင့် ကျောင်းသားကျောင်းသူများအား အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး စိတ်ရင်းစေတနာဖြင့် သင်ကြားပြသပေးရန် ပြောကြားခဲ့ပြီးတိုင်းဒေသကြီးပညာရေးမှူးမှ စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာရေးကိရိယာများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့်အချက်အလက်များအားပေးအပ်ခဲ့ကာ ကျောင်းအုပ်ကြီးမှ ကျောင်းဆောင်သစ်ဖွင့်ပွဲအမှတ်တရ အလံများပေးအပ်ခဲ့ရာ ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာသင်ဆောင်များအတွင်း ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ရောက်ရှိပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ကာ လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
24-May-2022

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း Daedong လယ်ယာသုံးပစ္စည်းပေးအပ်ပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် သမဝါယမသင်တန်းကျောင်း(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့် သမဝါယမအသင်း (၁၆)သင်းနှင့် စံပြကျေးရွာ (၃)ရွာသို့ Deadong လယ်ယာသုံးစက်ကရိယာ (၁၉) စီး ပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးဘတ်ဂျက်ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မည့် သမဝါယမအသင်းများအား ထောက်ပံ့ပေးမည့် Deadong ထွန်စက်များနှင့် အသင်းသားများပိုင်ဆိုင်သည့် လယ်ယာမြေများအား စနစ်တကျအဆင့်မြှင့်တင်ကာ စက်မှုလယ်ယာမြေအဖြစ် လယ်ဧကများကို အပြည့်အဝအကောင်အထည်ဖော် ဆောက်ရွက်ကြရန်လိုကြောင်း၊ သမဝါယမအသင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်ရန် အတွက် ပံ့ပိုးမှုများ ဆက်လက်ဆောက်ရွက်ပေးနိုင်ရေးဆောက်ရွက်လျက်ရှိပါကြောင်းနှင့် ထောက်ပံ့ပေးထားသည့် လယ်ယာသုံးစက်ကိရိယာများအား စနစ်တကျထိန်းသိမ်းအသုံးပြုကြပြီးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်စေရန်အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့်သမဝါယမ အသင်းများသို့ Deadong လယ်ယာသုံး စက်ကရိယာ ပစ္စည်းများ ပေးအပ်ခဲ့ကာ အသင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ Deadong လယ်ယာသုံး စက်များအားစမ်းသပ်မောင်းနှင်မှုကိုကြည့်ရှုအားပေးခဲ့ပါသည်။
Read More...
23-May-2022