သတင်းများ


လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကူညီရေးအတွက် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့ များ ကုန်းလမ်း၊ ရေလမ်းခရီးစဉ်များတွင် အခက်အခဲမရှိစေရန် Information Centre များထားရှိ
လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကူညီရေးအတွက် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များနေ့စဉ် လာရောက်လျက်ရှိရာ စေတနာရှင် အလှူရှင်များအနေဖြင့် သွားလာရေး အခက်အခဲမရှိ လိုအပ်သည့်နေရာများသို့ အဆင်ပြေစွာ ရောက်ရှိနိုင်ရန် နယ်မြေကွပ်ကဲရေးအဖွဲ့များမှ (၆)ဘီးယာဉ်များ၊ စက်လှေများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


Read More...
22-Aug-2026
လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် စားရေရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများကို နေ့စဥ် ကွပ်ကွဲရေးရုံးများမှ ဖြန့်ဝေပေးပို့လျက်ရှိ
လေးမျက်နှာမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် စားရေရိက္ခာများ၊လူသုံးကုန်ပစ္စည်းများကို နေ့စဥ် ကွပ်ကွဲရေးရုံးများမှ ဖြန့်ဝေပေးပို့လျက်ရှိပြီး အလှူရှင်များ၊ကူညီကယ်ဆယ်ရေးအဖွဲ့များ ကုန်းလမ်း၊ ရေလမ်းခရီးစဉ်များတွင်အခက်အခဲမရှိစေရန် Information Centreများ၊ ကွပ်ကဲရေးရုံးများ ထပ်မံဖွင့်လှစ်ထားရှိကြောင်း ဟင်္သာတခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ မှသိရသည်။


Read More...
22-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များမှရေကြည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုး အင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရသည့် ရေကြည်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မအူကုန်ကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စုနှင့် ကြပ်ကွင်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများအားဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွှန့်၊ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့်ပရဟိတအဖွဲ့ဝင်များကယနေ့နံနက်ပိုင်း၌ စက်လှေဖြင့် သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာဆန်(၄)ပြည်အိတ် (၂၃၀)အိတ် ၊ ဆီပိဿာ(၂၀) ၊ ရေသန့် (၈၅) ကတ်၊တာ‌ပေါ်လင်(၂)လိပ်နှင့်ထောက်ပံ့ငွေများစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


Read More...
22-Aug-2026
ဝါးခယ်မမြို့နယ်တွင် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ MSME ကဏ္ဍဖွံ့ဖြိုးတက်ရေးအတွက် ထုတ်ကုန်များ အဆင့်တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန်များ အစားထိုး သုံးစွဲနိုင်ရေး၊ စွန့်ဦးတီထွင်လုပ်ငန်းများဆောင်ရွက်၍ Brand Founder များဖြစ်စေရေး၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးဆောင်ရွက်နိုင်‌ရေးကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့ပြစည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။


Read More...
22-Aug-2026
ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့် ကျုံပျော်မြို့၌ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ ထောက်ပံ့မှုများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်သည် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်က ကျုံပျော်မြို့၌ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည်။


Read More...
21-Aug-2026