သတင်းများ


ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသည့်ဘေးမှ လွတ်ကင်းနိုင်ရန်အတွက် ငါးဆယ်ကျွန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်) ကျောင်းအား ဒေသခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဖျက်သိမ်းနေမှုနှင့်ကြိုတင်ပြောင်းရွှေ့နေမှုများအားကြည့်ရှုစစ်ဆေး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့သဖြင့် ကမ်းနံဘေးရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းအား ဒေသခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဖျက်သိမ်းနေမှုနှင့်ကြိုတင်ပြောင်းရွှေ့နေမှုများဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင်အတူ စက်တင်ဘာလ ၂၃ရက်နေ့ နေ့လည်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးဆယ်ကျွန်းကျေးရွာအခြေခံပညာမူလတန်း(လွန်)ကျောင်းအား ဒေသခံတပ်ရင်း တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဖျက်သိမ်းနေမှုနှင့်ကြိုတင်ပြောင်းရွှေ့နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့မှ မြစ်ရေတိုက်စားမှုအခြေအနေများ၊ ကမ်းပြိုကာကွယ်ရေးဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရန်၊ စာသင်ကျောင်းဆောင်အားစနစ်တကျဖျက်သိမ်း၍ ပြန်လည်အသုံးပြုနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးဆယ်ကျွန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်) ကျောင်းရှိ ကျောင်းသားကျောင်းသူများအား ယာယီကျောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ဇလွန်မြို့နယ်၊ အောက်စုကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်းကျေးရွာရှိ ဝေပုလ္လကျောင်းသစ်သို့သွားရောက်ခဲ့ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကြည်ညို၍ သာသနာေရးဆိုင်ရာများ၊ ကမ်းပြိုကာကွယ်ရေးဆောင်ရွက်ပေးနေမှုအခြေအနေများတင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့်နဝကမ္မအလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ငါးဆယ်ကျွန်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီများ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအခြေအ နေများဆွေးနွေးခဲ့ကြပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်ပညာရေးမှူးတို့မှ ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူများအား ပညာသင်ကြားချိန်များထိခိုက်မှုမရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်နှင့်စာရေးကိရိယာများအားလည်းကောင်း၊ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများအားလည်းကောင်း၊ ယာယီကျောင်းဆောင်သစ်ဆောင်လုပ်နိုင်ရန်အတွက် သွပ်၊ သံ၊ ဘိလပ်မြေစသည့် ဆောင်လုပ်ရေးသုံးပစ္စည်းများအား ကျောင်းကော်မတီဝင်များလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
24-Sep-2023
သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများရောင်းချပေးနေမှုအခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများရောင်းချပေးနေမှုအခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၁၄) ရပ်ကွက်၊ ရွှေမင်္ဂလာ‌ဓမ္မာရုံ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ဆန်စက်ပိုင်အသင်း၊ မြို့နယ်ဆန်ကုန်သည်များ အသင်းတို့မှ ဧည့်မထဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်ဥ(၅)လုံးလျင် (၁၂၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပုသိမ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ဆီ ၁ပိသာ ၅၁၀၀ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးလျှင်ဆီ(၅၀)သားနှုန်းဖြင့်လည်းကောင်း ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများ ဝယ်ယူရာတွင်စနစ်တကျရှိစေရေး၊  ဆန်၊ဆီ စသည့် အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးနိုင်ရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်သည် အမှတ်(၃)ရပ်ကွက်ရှိ မြို့သစ်ဈေးသို့သွားရောက်၍ ဆန်၊ ဆီစသည့် အ​ခြေခံစားသောက်ကုန်များ၊ ဟင်းသီး၊ ဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ရောင်းချနေမှုနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်ဆင့် သယ်ယူပို့ဆောင်ရောင်းချရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များ၊ တစ်ဆင့်ပြန်လည်ရောင်းချမှုအ ခြေအနေများ၊ ဆီကုန်သည်များထံမှတစ်ဆင့်ဝယ်ယူ၍ ပြန်လည်ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ပြည်သူများထံသို့ ပြန်‌လည်ရောင်းချမှုအခြေအနေများ၊ ဆီလက်ကျန်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ ဈေးရောင်းချသူများနှင့် ရင်းရင်းနှီးနှီးအပြန်အလှန်​ ဆွေး​နွေး​မေးမြန်းခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​စျေးအတွင်း သန့်ရှင်း​ရေးလုပ်ငန်းများ စနစ်တကျ​ဆောင်ရွက်ကြရန်၊ ပြည်သူများအား သက်သာသောနှုန်းထားများဖြင့်ရောင်းချပေးနိုင်ရေး၊ သယ်ယူစရိတ်များသက်သာစွာ ဝယ်ယူရောင်းချနိုင်စေရေး၊ သန့်ရှင်းလတ်ဆက်၍ ကျန်းမာရေးနှင့်ညီညွတ် ဒေသထွက်ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များရောင်းချနိုင်စေရေးမှာကြားခဲ့ပြီး ​စျေးအတွင်းလှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ ကြောင်းသိရသည်။


Read More...
24-Sep-2023
ဟင်္သာတမြို့၊ သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတမြို့၊ သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် သူနာပြု -သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်၍ “ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်းများတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားများ ရှိသည့်အခါတိုင်း မိမိအနေဖြင့် တက်ရောက်အားပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးရှိ သူနာပြုသင်တန်းကျောင်း(၃)ကျောင်းမှ သူနာပြုနှင့်သားဖွားဒီပလိုမာသင်တန်းဆင်းမျာ းမွေးထုတ်ပေးနေသကဲ့သို့ အကူသူနာပြုသင်တန်းများမှလည်း သင်တန်းဆင်းများမွေးထုတ်ပေးလျက်ရှိရာ မိမိတို့တိုင်းဒေသကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သူနာပြုသင်တန်းကျောင်း ဟင်္သာတကို ၂၀၀၁ခုနှစ်စတင် ဖွင့်လှစ်ခဲ့ရာ သူနာပြု (၁၀ဝ၂)ဦးအားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်၍ ဆေးရုံအသီးသီး၌ သူနာပြုနှင့်သားဖွားများကို ဖြည့်ဆည်းပေးကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်သည့်အတွက် ပြည်သူလူထုအား ကျန်းမာရေးကို ဆောင်ရွက်ပေးနိုင်သည်ဟုပြောရမှာဖြစ်ပါကြောင်း၊ သူနာပြုများအနေဖြင့် လူနာများအပေါ်တွင်လည်း ဝါသနာ၊ စေတနာ၊ အနစ်နာစသည့်နာသုံးနာကိုအခြေခံ၍ အကြင်နာ၊ ဂရုဏာ၊ စာနာမှုများ စသည့် တို့နှင့်အတူ မိမိတို့အသက်မွေးဝမ်းကြောင်းပညာရပ်များကို ကောင်းစွာလေ့လာသင်ယူ၍ ပြည်သူများအား ပြုစုစောင့်ရှောက်ပေးရန်လိုအပ်ပါကြောင်း၊ သူနာပြုများသည် မည်သည့်အခြေအနေ မည်သည့်အချိန်အခါမျိုး၌ဖြစ်စေ ဘာသာလူမျိုးအဆင့်အတန်းမခွဲခြားဘဲ သူနာပြုသစ္စာအဓိဌာန်များ၌ ပါရှိသည့်အတိုင်း မိမိတို့၏လုပ်ငန်းတာဝန်များကို ဦးလည်မသုန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့မြင် နေရ၍ များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယခုသင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျရာနေရာဒေသများတွင် ပြည်သူများ ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ များစွာတိုးတက်ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် တိုင်းဒေသကြီးအတွက် လွန်စွာအားထားပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍   ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်းအုပ်ကြီး၊ ဟင်္သာတမြို့ပြည်သူ့ဆေးရုံ သူနာပြုအုပ်နှင့် ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်(စီမံ)၊ ကျောင်းအုပ်(သင်ကြား)တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း သင်တန်းသား သင်တန်းသူများ၏ “ဂရုဏာအလင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကာ သင်တန်းသား၊ သင်တန်းသူများနှင့် နေ့လည်စာများအတူတကွသုံးဆောင်ခဲ့ကြသည်။ ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူ(၅၂)ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းနိုင်ခဲ့ကြောင်းသိရသည်။


Read More...
23-Sep-2023
ကျုံပျော်မြို့နယ် (၁‌၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်မြို့နယ် (၁‌၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဆေးရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့အား ဆေးရုံဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆေးရုံကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ဆေးရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးကာ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝေပးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို ရင်းရင်းနှီးနှီးအားပေးစကားများ ပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
23-Sep-2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲ၌ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားေရာက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး အလှူရှင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားတွင် ရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် ၁၀၀ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။


Read More...
23-Sep-2023