သတင်းများ


၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) အဝင် မုဒ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့ ကေသရီဆောင် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) အဝင်မုခ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့“ကေသရီ”အိပ်ဆောင်ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် တက္ကသိုလ်အဝင်မုခ်ဦးအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီး ခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) ကျောင်းသူ (၁၆၀)ဦးဆံ့ ၂၁၂ ပေ × ၁၃၂ ပေ RC နှစ်ထပ် "ကေသရီ”အိပ်ဆောင်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် “ကေသရီ”အိပ်ဆောင် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကာ အိပ်ဆောင်အားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦရေရှည်တည်တံ့ စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ကြရန်၊ အိပ်ဆောင်အတွင်း အပြင်သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ကြရန်နှင့် အဆောင်ဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အတွက် အရိပ်ရ အပင်များ၊ ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးထားရှိရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၂၀) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ (P.E.C)ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေ ပေးသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထုတ်ပေးနေမှုများ၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဌာန တာဝန်ရှိသူ များအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းအပ်နှံတက်ရောက် စေရေးအတွက် ရပ်ကွက်ကျေးရွာများအလိုက် အသိပေးဆောင်ရွက်ကြရန်နှင့် နေ့စဉ် ကျောင်းအပ်နှံစာရင်းများ အား တင်ပြကြရန်"  မှာကြားခဲ့သည်။


Read More...
23-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၁၈)နှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၈)ခရိုင်အသက်(၁၈)နှစ်​အောက် အမျိုးသားဘောလုံးပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံး အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့်  ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သည့်  ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်သည့် အတွက်  ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများသည် အားကစား သမားကောင်း ပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့် ဉာဏ်ရည် ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်ရပါကြောင်း၊ ဉာဏ်စွမ်းအားကောင်းမွန်မှု၊ မိမိအသင်းသားများနဲ့ ညီညွတ်စွာဆက်ဆံပေါင်းသင်းမှုစသည့် ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်တွေကိုပါ ဘက်စုံထောင့်စုံက အတွဲညီစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်နှင့် တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်" မှာကြားခဲ့သည်။  ဆက်လက်၍ စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုပြီးနောက် အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက်အား ရွတ်ဆိုခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက်  ဖျာပုံခရိုင်အသင်းနှင့် မြန်အောင်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ဖျာပုံခရိုင်အသင်းက မြန်အောင် ခရိုင်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။


Read More...
22-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးရေးသိပ္ပံကျောင်း(မြောင်းမြ)၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမ၌ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ဦးစွာ ကျောင်းအုပ် ဆရာမကြီးက ကျောင်းဆိုင်ရာအချက်အလက်များနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၌ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များစွာ လိုအပ်နေပါသေးကြောင်း၊ စိုက်ပျိုးရေးကွင်းများတွင် တောင်သူ ဦးကြီးများအား ပါဝင်ကူညီဆောင်ရွက် အသိပညာပေးရန်လည်းလိုအပ်ပါကြောင်း၊ ကျောင်းဖွင့် ရာသီဖြစ်သဖြင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ထားကြရန်လိကြောင်း၊ ယခုနှစ်ပညာသင်နှစ်တွင် တိုင်းဒေသကြီးအတွင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စိတ်ပါဝင်စားပြီး သင်ကြားပေးသည့် ကျောင်းများတွင် တက်ရောက်ရေး အသိပညာပေးဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်းတွင် စိုက်ပျိုးကြသည့် သီးနှံများနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလေ့လာ၍ လက်တွေ့သင်ကြားပြသပေးရန်နှင့် လိုအပ်ချက်များရှိပါကလည်း တင်ပြဆောင်ရွက်ကြရန်” ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန  နည်းပညာပြန့်ပွားရေးစင်တာ၌ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး တောင်သူနည်းပညာပေးသင်တန်းသို့ရောက်ရှိ၍ တောင်သူ များနှင့် တွေ့ဆုံခဲ့ပြီး “မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုနေပါသေးကြောင်း၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး အတွက် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများဖြင့် စိုက်ပျိုးရေးမှ တာဝန်ရှိ သူများ၊ အတွေ့အကြုံရှိသူများ၏ ဆွေးနွေးချက်များအား အလေးလိုက်နာ လုပ်ဆောင်ရန် လိုပါကြောင်း၊ အထွက်နှုန်းတိုးတက်ရေးအတွက် သမာရိုးကျ စိုက်နည်းစနစ်များဖြင့်မဟုတ်ဘဲ စိုက်ပျိုးရေးဦးစီးဌာနမှ ဆွေးနွေးပို့ချပေးသည့်နည်းစနစ်များနှင့် ပေါင်းစပ်၍ အောင်မြင်အောင် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း”ပြောကြားပြီး တောင်သူများအား ဆင်းသုခ၊ ပေါ်ဆန်းရင်၊ ဧရာမင်း၊ ပေါ်ဆန်းကြီး မျိုးသန့်မျိုးပွားမျိုးစေ့များအား ထောက်ပံ့ပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆိုင်ကလုန်းမုန်တိုင်း"မိုခါ" (MOCHA) လေဘေးသင့်ဒေသများသို့ ပေးပို့ လှူဒါန်းမည့် ငါးပိ(၁၀၀၀) ပိသာ၊ ငါးနီတူခြောက် (၁၀၀၀)ပိသာ၊ အိုင်အိုဒင်းဆား (၁၀၀၀)ပိသာ၊ ခေါက်ဆွဲခြောက် (၅၀၀)ဖာ၊ ကြက်ဥ/ဘဲဥ အလုံးရေတစ်သိန်း ထုပ်ပိုးပြီးစီး၍ သွားရောက်ပို့ဆောင်ရန်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးပို့လှူဒါန်းသည့်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် လိုအပ်သည့် နေရာများသို့ အမြန်ဆုံးရောက်ရှိစေရေး စနစ်တကျ ပို့ဆောင်ကြရန်မှာကြားခဲ့သည်။


Read More...
22-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ (၃) မိုင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ထင်းရှူးမြိုင်လမ်း နှင့်ပိတောက်လမ်းထောင့် ရှိ လပွတ္တာမြို့နယ်တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။  ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့နယ် တရားရုံးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကြပါသည်။ ဆက်လက်၍ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ Royal Ayar Creative & Construction Co., Ltd ကုမ္ပဏီဒါရိုက်တာက အဆောက်အဦတည်ဆောက်ခြင်း လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကို လပွတ္တာမြို့နယ်တရားသူကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဧည့်သည်တော် များထံ အထိမ်းအမှတ်ပစ္စည်းနှင့်အထိမ်းအမှတ်အလံငယ်များ ပေးအပ်ခဲ့ပြီး မြို့နယ်တရား သူကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည်သည်တော်များက တရားရုံးအဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှု ကြပါသည်။ လပွတ္တာမြို့နယ်တရားရုံး၊ ပင်မရုံးအဆောက်အဦသစ်မှာ အလျား ၁၈၀ ပေ အနံ ၇ဝ ပေ အကျယ်အဝန်းရှိပြီး သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အအုံဖြစ်ပြီး တရားစီရင်ရေး ဆိုင်ရာလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါသည်။


Read More...
22-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း(လပွတ္တာ)၌ ဖွင့်လှစ်သည့် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်၊ လက်ကိုင်ဖုန်းပြင်သင်တန်းဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(လပွတ္တာ)၌ ဆောက်လုပ်ရေး သင်တန်း အမှတ်စဉ်(၈)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၅)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၅)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၀)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲများအား ယနေ့နံနက်ပိုင်းက လပွတ္တာ(၃)မိုင်မြို့သစ်ရှိ အဆိုပါသင်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းများဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ယခုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းအားဖြင့် တိုင်းဒေသကြီးအတွက် များစွာအကျိုးပြုနေ ပါကြောင်းနှင့် လိုအပ်ချက်များကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သင်တန်းတက်မြောက်အောင်မြင်သွားသည့် လူငယ်များအနေဖြင့် အလုပ်အကိုင် အခွင့်လမ်းများ ရရှိသည့်အတွက် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ရခြင်းသည် များစွာအကျိုးရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲရေး၊ နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ သင်တန်းများတွင်လည်း နည်းပညာမြင့် သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှဆင်း၍ လက်တွေ့လုပ်ငန်းခွင်နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လိုအပ်ချက်များကိုလည်း အကြံပြုဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ သင်တန်းကာလ၌ ကြိုးစားဆောင်ရွက်သွားရန်လည်းလိုပါကြောင်းနှင့် သင်ကြားပေးသည့် အတတ်ပညာများကိုလည်း စနစ်တကျတတ်မြောက်အောင် သင်ကြားကြရန် လိုပါကြောင်း၊  သင်ယူတတ်မြောက်သည့် ပညာရပ်များဖြင့် မိမိတို့၏မိသားစု၊ မိမိတို့၏ ဒေသအတွက် ပြန်လည်အကျိုးပြုကြစေလိုကြောင်း" ပြောကြားပြီး သင်တန်းသားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အဝင်ဝန်ကြီးများနှင့်အတူ လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ရာ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး အတွက်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဒေသရာသီဥတုနှင့်ကိုက်ညီသည့်အထွက်နှုန်းကောင်း မျိုးစပါးများဖြင့်မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ မြေပြုပြင်ခြင်း၊ ရေလုံလောက်စွာရရှိရေးဆောင်ရွက်ပေးခြင်း၊ ကြဲခင်းစနစ်စိုက်ဧကများလျော့ချခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓါတ်မြေသြဇာ၊ ဇီ၀မြေသြဇာ၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)တို့အားမျှတစွာသုံးစွဲခြင်း၊ ရိတ်သိမ်းခြွေလှေ့ချိန် အလေအလွင့်နည်းပါးစေရေး အလေးထားဆောင်ရွက်ရေးတို့ကိုလည်း သက်ဆိုင်ရာ စိုက်တိုးမြှင်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် စနစ်တကျကြပ်မတ်ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ရန်လိုပါကြောင်းနှင့် စာရင်းဇယားဖြင့် စနစ်တကျမှတ်သားတင်ပြကြရန်”ပြောကြားခဲ့သည်။


Read More...
22-May-2023