သတင်းများ
၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Read More...
၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားတင်ပြရန်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေး နေ့အခမ်းအနားတွင် ခရိုင်အလိုက် သစ်သီးဝလံ၊ ပန်းမန်နှင့် MSMEs ကုန်ထုတ်ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ ကိုလည်း ကြိုတင်ပြုလုပ်လျှက်ရှိပြီး လွတ်လပ်ရေးနေ့တွင် ဗိုလ်လုပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကိုလည်းပြုလုပ်သွားမှာဖြစ်ပါကြောင်း၊ ခရိုင်အလိုက်ပြခန်းများနှင့် ဌာနဆိုင်ရာ ပြခန်းများ အနေဖြင့်လည်း တစ်ကြိမ်နှင့်တစ်ကြိမ်ပိုမိုတိုးတက်မှုရှိရန်လိုအပ်ပြီး ပြည်သူလူထုအား ပိုမိုအသိပညာများပေးရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် အားလုံးကစုစုစည်းစည်း ပူးပေါင်း ဆောင်ရွက်မှုကောင်းကောင်းဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီများကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ကော်မတီများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကော်မတီများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Read More...
02-Jan-2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် တက်ရောက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်သော ပုသိမ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ငဝန်ကျွန်းသာ(၁၁)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။ ဦးစွာ ငဝန်ကျွန်းသာ(၁၁)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံသို့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် ပုသိမ်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌတို့က ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့် အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းသစ်အားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည်(၈၁၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၈)လက်မ ရှိကြောင်းသိရသည်။
Read More...
02-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၏ တိုင်းသံဃာဆောင် (၄၇)နှစ်ပြည့်အလှူတော်မင်္ဂလာအခမ်းအနားအား တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီး၏ တိုင်းသံဃာဆောင် (၄၇)နှစ်ပြည့် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဆေးရုံ၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းသံဃာဆောင် ဥက္ကဋ္ဌဆရာတော် မြို့မ ဦးကောဝိဒ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းသံဃာဆောင်သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များတင်ပြလျှောက်ထားခဲ့ပြီး တာဝန်ရှိသူများအား သံဃာတော်များအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ဆေးဝါးနှင့် ဝေယာဝစ္စကိစ္စရပ်များအား ပြည့်စုံစွာဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းသံဃာဆောင် (၄၇)နှစ်ပြည့် အလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်ခဲ့ရာတွင် အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်နှစ်တာထာဝရ ငွေပဒေသာပင်အလှူရှင်များအား ဂုဏ်ပြုလွှာများနှင့် တိုင်းသံဃာဆောင်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းသံဃာဆောင် ဥက္ကဋ္ဌဆရာတော် မြို့မ ဦးကောဝိဒ အရှင်သူမြတ်က တိုင်းသံဃာဆောင်၏ ဆောင်ရွက်မှုများကို ရှင်းလင်းမိန့်ကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သံဃာဆောင်အတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးကိစ္စရပ်များကို တင်ပြလျှောက်ထားခဲ့ပြီးနောက် "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ တိုင်းသံဃာဆောင်(၄၇)နှစ်ပြည့် အောင်ပွဲသဘင်အလှူတော်မင်္ဂလာကို ရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုး၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။
Read More...
02-Jan-2024
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Read More...
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ဘိုကလေးမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နည်းပြဆရာဆရာမများ၊ စာသင်သားများ တက်ရောက်ကြပါသည်။
ဦးစွာ အခမ်းအနားကို အခြေခံပညာကျောင်းသား၊ ကျောင်းသူများက လူတိုင်းအတွက် ပညာရေးကိုယ်စားပြု "ဝထကလသ" တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် က " ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းအား နှစ်သစ်တွင် မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်နိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပုသိမ်မြို့နယ်၊ ဟင်္သာတ မြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ဘိုကလေးမြို့နယ်များတွင် ရက်(၄၀)တိုင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးတိုးတက် အားကောင်းသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျောင်းဖွင့်လှစ်မှု၊ ကျောင်းတက် ရောက်မှုအများဆုံး တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက် လျှက်ရှိပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအား ရှေ့ပြေးစီမံချက်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရာနှုန်းပြည့် စာတတ်မြောက်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးပေးမည်ဖြစ်ပါကြောင်း" အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။ ထို့နောက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများက "စာတတ်မြောက်ရေး ဝိုင်းကူပေး" တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းဒေသကြီးအခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် သင်ကြားပေးလျှက်ရှိသည့် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်များ၊ မြို့နယ်(၅)မြို့နယ်မှ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားနေလျှက်ရှိသည့် စာသင်သားများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က စာသင်သားများ အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် အခြေခံစာတတ်မြောက် ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ သင်ထောက်ကူပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး နည်းပြဆရာ၊ ဆရာမများ၊ စာသင်သားများအား ရင်းရင်းနှီးနှီနှုတ်ဆက်ခဲ့ပါသည်။
Read More...
01-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်တက္ကသိုလ်ပညာ့ရိပ်သာဖွင့်ပွဲအခမ်းအနားတက်ရောက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်ဝန်း တွင်ပြုလုပ်သည့် ပုသိမ်တက္ကသိုလ် ပညာ့ရိပ်သာဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Community Center တွင် အဖွင့်အမှာစကားပြောကြားရာတွင် ပုသိမ်တက္ကသိုလ်အား တက္ကသိုလ်၏ ခမ်းနားထည်ဝါမှုနှင့်လိုက်ဖက်သည့် ပုသိမ်ပညာ့ရိပ်သာကို ဖွင့်လှစ်ပေးနိုင်သည့်အတွက် မင်္ဂလာရှိသည့်နေ့ပင် ဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ပညာရေးစနစ်များနှင့်အညီ တက္ကသိုလ်များ၏ Mission များသည်ပြောင်းလဲတိုးတက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာများ၊ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ သုတေသနစာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တက္ကသိုလ်၏ အင်္ဂါရပ်များနှင့်အညီ အဆောက်အဦများ၊ လမ်းများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေးနှင့် အဆောက်အဦများ ရေရှည်တည်တံ့ ကောင်းမွန်စေရေး၊ အသုံးအဆောင်ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုစေရေး သန့်ရှင်းသာယာလှပသည့် တက္ကသိုလ်ပရဝုဏ်ဖြစ်စေရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်တက္ကသိုလ် ပညာ့ရိပ်သာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပုသိမ်တက္ကသိုလ် ပညာ့ရိပ်သာတွင် တစ်ခန်းလျှင် ၄၅၀ စတုရန်းပေ ကျယ်ဝန်းပြီး အခန်း ၃၂ ခန်းပါဝင်သည့် ရှစ်ခန်းတွဲလေးထပ်၊ (1 Bed Room) အဆောက်အဦ (၁)လုံး၊ တစ်ခန်းလျှင် ၈၀၀ စတုရန်းပေ ကျယ်ဝန်းပြီး အခန်း ၉၆ခန်းပါဝင်သည့် ရှစ်ခန်းတွဲလေးထပ်၊ (2 Bed Room) အဆောက်အဦ (၃)လုံး၊ တစ်ခန်းလျှင် ၁၂၀၀ စတုရန်းပေ ကျယ်ဝန်းပြီး အခန်း ၃၂ ခန်းပါဝင်သည့် ရှစ်ခန်းတွဲလေးထပ်၊ (3 Bed Room) အဆောက်အဦ (၁)လုံး တို့ဖြင့် စုစုပေါင်း အိပ်ခန်း ၁၆၀ ခန်း၊ GYM အဆောက်အဦ (၁)လုံး၊ Community Center အဆောက်အဦ (၁)လုံး၊ Outdoor Play Ground (၁)ခု ပါဝင်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ဆန်စက်ပိုင်အသင်း၊ မြို့နယ်ဆန်ကုန်သည်များ အသင်းတို့မှ ဆန်တစ်ပြည်လျှင် (၂၆၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်ဥ (၁၀)လုံးလျှင် (၂၂၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘဲဥ (၁၀)လုံးလျှင် (၂၈၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပုသိမ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ စားအုန်းဆီ ၁ ပိသာ ၅၅၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ဆီ(၅၀)သားနှုန်းဖြင့်လည်းကောင်း ပုသိမ်တက္ကသိုလ်အတွင်းရှိ ဝန်ထမ်းများအား ရောင်းချပေးနေ မှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများဝယ်ယူရာ တွင်စနစ်တကျ ရှိစေရေး၊ ဆန်၊ ဆီ စသည့် အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
Read More...
01-Jan-2024