သတင်းများ
၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၈ ခရိုင် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့၌ ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၈ ခရိုင် အသက် ၁၈နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တပ်မတော်မှအရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဘောလုံး အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ဗိုလ်လုပွဲအား ပုသိမ်ခရိုင်ကိုယ်စားပြုအသင်းနှင့် လပွတ္တာခရိုင် ကိုယ်စားပြု အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ရာပုသိမ်ခရိုင်အသင်းက လပွတ္တာခရိုင်အသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့်ခရိုင်အသင်းများမှ အားကစားသမားက နေရာယူကြပြီးနောက် တတိယဆုရရှိသည့်မအူပင်ခရိုင်မှ အားကစားသမားများအား ငွေသားဆုကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် လပွတ္တာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့်ပုသိမ်ခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးကြီးရဲမျိုးသန့်ကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်ကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကာ ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။
Read More...
30-May-2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မျိုးစေ့ထုတ်တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့၊သွင်းအားစုဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် တစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး ဆောင်ရွက်သော တောင်သူများအား မျိူးသန့်စပါး(CS)မျိုးများပေးအပ်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ခါတော်မှီပရိယတ္တိစာသင်တိုက် ဝံသာနုရက္ခိတဓမ္မာရုံ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မျိုးစေ့ထုတ်တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့၊သွင်းအားစုဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် တစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး ဆောင်ရွက်သော တောင်သူများအား မျိူးသန့်စပါး(CS)မျိုးများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍“စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ကြိုးစားဆောင်ရွက်လျှက်ရှိပြီး ယခုနှစ်တွင် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းတိုးတက်ထွက်ရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ဆန်စပါးဖူလုံပိုလျှံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေပါသေးကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းများရောက်ရှိမှာဖြစ်ပါကြောင်း၊ဧရာတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊တောင်သူများအနေဖြင့် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ တိုးတက်စိုက်ပျိုးပြီး စိုက်ပျိုးရေးစံပြတိုင်းဖြစ်ေအာင် ဝိုင်း၀န်းကြိုးပမ်း ပေးကြစေလိုကြောင်း” အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်၊ကန်ကြီးထောင့်၊သာပေါင်း၊ငပုတောမြို့နယ်များမှစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများ၊တောင်သူများထံသို့ မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ ယင်းနောက် ခါတော်မှီပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။
Read More...
30-May-2023
၂၀၂၃-၂၀၂၄ပညာသင်နှစ် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊သမီးများအားပညာသင်ထောက်ပံ့ကြေး၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂-၂၀၂၄ ပညာသင်နှစ် ၊ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း အဆင့် ဌာနဆိုင်ရာများ၊ကျောင်းသား၊ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား ကျောင်းသား၊ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊ ကျောင်းသူ ၁၁သိန်း၁သောင်းကျော်ရှိပြီး ယနေ့အထိ ၈၆ရာခိုင်နှုန်းကျော်အပ်နှံပြီးဖြစ်ပါကြောင်း၊ပညာရေးစနစ်သစ်၌ ပညာသင်ကြားရာတွင် အခက်အခဲမရှိစေရေးအတွက် နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများ အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် ဆင်းရဲနွမ်းပါးမှုရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်း ပညာသင်စရိတ်ထောက်ပံ့ငွေများလည်းပေးအပ်လျက်ရှိပါကြောင်း၊ ပညာကိုလားသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ဆရာ၊ဆရာမ သင်ကြားမှုအရည်အသွေး ပိုမိုပြည့်ဝစေရေး Grade-9နှင့် Grade-12 အား ရက်တိုသင်တန်းများပို့ချဆွေးနွေးခဲ့ပါကြောင်း၊၂၀၂၃-၂၀၂၄ပညာသင်နှစ်၌စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများလည်း ပေါ်ထွန်းလာပြီဖြစ်ပါကြောင်း၊ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်လာလျင် ကျောင်းတက်ရောက်မှုအများဆုံး၊ကျောင်းဖွင့်လှစ်မှုအများဆုံး၊ ပြီးခဲ့သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ဒုတိယရရှိခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြပါစေကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းအဆင့်များတွင် တက်ရောက်ပညာသင်ယူမည့်ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ အထက်တန်းအဆင့်တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊ကျောင်းသူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မူလတန်းအဆင့်တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊ကျောင်းသူများအား တိုင်းမှူး၏ ဇနီးကလည်းကောင်း ပညာသင်ထောက်ပံ့ကြေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့ပြီးနောက် ကျောင်းသား၊ကျောင်းသူလေးများက“ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။
Read More...
30-May-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၌ ပြုလုပ်သည့် ကျောင်းအပ်နှံရေး အခမ်းအနားအားတက်ရောက်
Read More...
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်ဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ် အား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ ကျောင်းအပ်နှံရေးနေ့အခမ်းအနားအား ရတနာတန်ဆောင်ခန်းမ၌ ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက“မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ပေးပြီးနောက် ဝန်ကြီးချုပ်က “၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယခုလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ် ထားပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ် ကူးပြောင်းမှုမြင့်မားစေရေး ရည်မှန်ချက်ထား ဆောင်ရွက်လျက်ရှိပြီး မိဘ၊ ဆရာ၊ အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများလည်း ရှိလာပြီဖြစ်၍ ထိုကျောင်းများ၌ မိမိတို့ဝါသနာ ပါသည့် ဘာသာရပ်များအား တက်ရောက်ပညာသင်ယူနိုင်ရေး အသိပညာပေးရန်လည်း လိုပါကြောင်း၊ မြန်မာ့ပညာရေးမျှော်မှန်းချက်များဖြစ်သည့် "ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေး၊ အသိ ပညာအတတ်ပညာပြည့်စုံသော ပညာတတ်များပေါများရေး၊ အရည်အသွေးရှိသော သင်ကြား သင်ယူမှုမြှင့်တင်ရေး၊ အသုံးချသုတေသနနှင့်တီထွင်ဆန်းသစ်မှုအားပေးရေး" ဆိုသည့် ရည်မှန်းချက်(၄)ရပ် ပေါက်မြောက်အောင်မြင်စေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းတက်ရောက်စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါက်တာကျော်စိုးနိုင်က ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ စာသင်ဆောင်များ ဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေး ကရိယာနှင့် ကျောင်းဝတ်ဆုံများ အခမဲ့ထောက်ပံ့ပေးအပ်မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကရိယာများနှင့် ကျောင်းဝတ်စုံများအား အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် ဂုဏ်ပြုနှုတ်ဆက်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး လှုပ်ရှားဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများအား ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကန်ကြီးထောင့် မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာ တောင်သူဒေါ်ခင်အုံးမြင့်၏ စိုက်ဧက(၅)ဧက၍ ပြုလုပ်သည့် တစ်နှစ်သုံးသီးစိုက် စပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်၍ တတိယသီးနှံ ပခန်းရွှေဝါနွေစပါးစံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက တောင်သူ ဒေါ်ခင်အုန်းမြင့်၏ လယ်မြေတွင် တစ်နှစ်သုံးသီး သီးနှံစိုက်ပျိုးထုတ်လုပ်မှုအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က " စပါးသီးနှံအပြင် ဆီထွက်သီးနှံနေကြာနှင့် အခြားသီးနှံများကိုလည်း သီးထပ်စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူ များအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရေး" လမ်းညွှန် မှာကြားခဲ့ပါသည်။ အဆိုပါတောင်သူ၏လယ်မြေမှ တတိယသီးနှံနွေစပါးတစ်ဧကလျှင် စပါးအခြောက် (၁၀၅)တင်းနှုန်း ထွက်ရှိခဲ့ကြောင်းသိရသည်။
Read More...
30-May-2023
မော်လမြိုင်ကျွန်းမြို့နယ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများအားမြောင်းမြခရိုင်၊ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲနှင့် ၂၀၂၃ - ၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ခြင်းနှင့် တောင်သူများသို့ မျိုးစပါးများလှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စုတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းအခမ်းအနားအား ယနေ့နေ့လည်ပိုင်း ဝဲဒေါင့်ကျေးရွာအုပ်စု၊ တောင်သူဦးအောင်တင်၏လယ်မြေ(၃) ဧက၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်များ၊တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထွန်စက်ကြီးဖြင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်းအားကြည့်ရှုအားပေးခဲ့ပြီး စပါး- ပဲ -နှမ်း သုံးသီးတိုးတက်စိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံခဲ့ကာ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများတောင်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး၊ ပိုက်ဆံလျှော်ပိုမိုတိုးချဲ့စိုက်ပျိုးစေရေးနှင့် သုံးသီးတိုးတက်စိုက်ပျိုးခြင်းများပိုမိုဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများအား မြောင်းမြခရိုင်၊မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေပေးအပ်ခြင်းနှင့် တောင်သူများသို့ မျိုးစပါးများလှူဒါန်းပေးအပ်ပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော်ရှိ တန်ဆောင်းတော်ကြီး၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြောင်းမြခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အောင် မြင်စေရေး ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းပြောကြားပြီး နယူးဧရာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက မျိုးကောင်းမျိုးသန့်အထွက်တိုးမျိုးစပါးများထုတ်လုပ်နိုင်မှုအခြေအနေ ဆက်လက်ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် စိုက်ပျိုးရေးလုပ်ငန်းများပိုမိုအောင်မြင်စေရေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများနှင့် MSMEလုပ်ငန်းများ၊ ကုန်ထုတ် သမဝါယမအသင်းများ တည်ထောင်လုပ်ငန်းဆောင်ရွက်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းတိုးရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ နည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းများဖြင့် ဆောင်ရွက်နေပါကြောင်း”အမှာစကားပြောကြားသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မြောင်းမြ၊အိမ်မဲ၊ဝါးခယ််မြို့နယ်များမှ တောင်သူကိုယ်စားလှယ်များအား နယူးဧရာ-၁စပ်မျိုးစပါး၊ဆာဖိုးသာ၊ဧရာမင်းမျိုးစပါးများလည်းကောင်း၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများနှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများအား မြောင်းမြ၊အိမ်မဲ၊ဝါးခယ်မမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံသို့ လည်းကောင်း အလှူရှင်ဦးကျော်စွာက (ဇီယာအလုံးသေး)ပန်းနှံကား မျိုးစပါး(၁၅၀၀)တင်းအား မြောင်းမြ၊အိမ်မဲ၊ဝါးခယ််မြို့နယ်များမှ တောင်သူများအားဆက်လက်လှူဒါန်းခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသည့် တောင်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Read More...
28-May-2023