သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကရင်စာပေယဉ်ကျေးမှုကော်မတီတို့ပူးပေါင်းကျင်းပပြုလုပ်သော (၂၇၅၉) နှစ်မြောက်အား ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ ၊ နံနက် (၈)နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊တိုင်းဒေသကြီးတရားသူကြီးချုပ် ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ကရင်အမျိုးသားပွဲတော် သဘာပတိအဖွဲ့ဝင်များ၊ လွှတ်တော်အရပ်ရပ်မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီများမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဒေသခံကရင်တိုင်းရင်းသားများနှင့် မိဘပြည်သူများတက်ရောက်ခဲ့ကြပါသည်။


Read More...
30-Dec-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအဖွဲ့နှင့်အတူ လပွတ္တာမြို့၌ ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ လပွတ္တာမြို့၌ ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...
30-Dec-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အဖွဲ့နှင့်အတူ လပွတ္တာမြို့၊ ပင်လယ်လေးတံတားဖွင့်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ လပွတ္တာမြို့၊ ပင်လယ်လေး တံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...
30-Dec-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၈/၂၀၁၉ ကြိမ်မြောက် ARIC အစည်းအဝေးတက်ရောက်
၈/၂၀၁၉ ကြိမ်မြောက် ARIC အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၊ ညနေ (၁၅၀၀)နာရီအချိန်တွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ARIC အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ (၂)လအတွင်း (၈)ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ကော်မတီစတင်ချိန်မှ ယနေ့အထိ လုပ်ငန်း (၄၁)ခု ခွင့်ပြုနိုင်ခဲ့ကြောင်း၊


Read More...
23-Dec-2019
ဒီဇင်ဘာ တတိယအပတ် လူထုအားကစားလ လူထု စုပေါင်း လမ်းလျှောက်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာတတိယအပတ် လူထုအားကစားလ လူထု စုပေါင်းလမ်းလျှောက်ပွဲကို နံနက်(၀၅:၄၅)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ စုရပ်မှ စတင်ပြီး မင်းကြီးလမ်း၊ ရွှေစေတီလမ်း၊ ကုန်သည်လမ်း၊ မြတ်လေးလမ်းမှ ကမ်းနားလမ်းအတိုင်း ရှုခင်းသာရင်ပြင်သို့ စုပေါင်းလမ်းလျှောက်ကြကာ စုပေါင်းကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ စုပေါင်းလမ်းလျှောက်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် အတူ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ မိဘ ပြည်သူများ စုစုပေါင်း အင်အား(၁၅၀၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ 


Read More...
23-Dec-2019