သတင်းများ


(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရန်စခန်းသွင်းလေ့ကျင့်နေမှုများကိုကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်တက္ကသိုလ်၊ နန္ဒဆောင်တွင် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရန်စခန်းသွင်းလေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခြေခံပညာ (၁၀-၁၅)အမျိုးသမီး(ခေတ်ဟောင်းကာလပေါ်)၊ အခြေခံပညာ(၁၅-၂၀) အမျိုးသမီး(ခေတ်ဟောင်းကာလပေါ်)၊ ဝါသနာရှင်ဒုတိယတန်းအမျိုးသမီး(မဟာဂီတ)၊ အခြေခံပညာ(၁၀-၁၅)အမျိုးသား(ခေတ်ဟောင်းကာလပေါ်)၊ ဝါသနာရှင်ဒုတိယတန်းအမျိုးသား (ခေတ်ဟောင်းကာလပေါ်)၊ အဆို လေ့ကျင့် သီဆိုနေမှုအားလည်းကောင်းအခြေခံပညာ (၁၀-၁၅) အမျိုးသမီး (ဂီတာ)၊ အခြေခံပညာ(၁၅-၂၀)အမျိုးသမီး(စောင်း)၊  အခြေခံပညာ(၁၀-၁၅)အမျိုးသား (တယော)၊ အခြေခံပညာ (၁၅-၂၀)အမျိုးသား(ဂီတာ+တယော)၊ အခြေခံပညာ(၁၀-၁၅)အမျိုးသား (ဒုံမင်း)၊ ပြိင်ပွဲဝင်များ၏လေ့ကျင့်တီးခတ်မှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာ(၁၀-၁၅)အမျိုးသား(ဆိုင်းတစ်ဦးချင်း)၊ အခြေခံပညာ(၁၅-၂၀) အမျိုးသမီး(ဆိုင်းအဖွဲ့လိုက်)၊ အခြေခံပညာ(၁၀-၁၅)အမျိုးသမီး(ဆိုင်းအဖွဲ့လိုက်)၊ အခြေခံပညာ(၁၅-၂၀)အမျိုးသား(ဆိုင်းအဖွဲ့လိုက်) များ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကာ  “ယခင်နှစ်ထက်အောင် အောင်မြင်မှုများရရှိစေရန် ပိုမိုကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း ကျန်းမာရေးကိုလည်း အထူးဂရုစိုက်၍ နေထိုင်ကြ‌စေလိုကြောင်းနှင့် အခက်အခဲများရှိပါကလည်း တင်ပြပေးစေလိုပါကြောင်းနှင့် နည်းပြများ၏သင်ကြားပြမှုများကိုလည်း အလေးလိုက်နာမှတ်သားလေ့ကျင့်ရန်လည်းလိုပါကြောင်း” အားပေးအမှာစကားများပြောကြားခဲ့သည်။


Read More...
09-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်သူ့ဆေးရုံများ၌ ဆေးရုံတက်​ရောက်ကုသနေသည့်လူနာများအား ​ထောက်ပံ့​ငွေနှင့်စား​သောက်ဖွယ်ရာများ​ပေးအပ်၊ မွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေး
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ေမြာင်းမြမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်​ရောက်ကုသလူနာများအား ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ ပြည်သူ့ဆေးရုံကြီးသို့​သွားရောက်ကာ ​ဆေးရုံတက်​ရောက်ကုသလူနာများအား လိုက်လံကြည့်ရှု အား​ပေးစကားများ​ပြောကြားခဲ့ပြီး ​ဆေးရုံတက်​ရောက်ကုသ‌နေသည့် လူနာများအတွက် ထောက်ပံ့​ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍! ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍  ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများမေးမြန်းခဲ့ပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများအပြည့်အဝဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကာ ဝန်ထမ်းများအတွက် ကြက်ဥနှင့်ဆီများ ထောက်ပံ့ပေးခဲ့သည်။  ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊ သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ သံဃာေတာ်များ၊ လူပုဂ္ဂိုလ်များ ဘာသာသာသနာရေးဆိုင်ရာများစိတ် အေးချမ်းသာစွာပြုလုပ်နိုင်စေရေး တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျစီစဉ်ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့ရှိ ပိုင်ရှင်ဦးဆန်းလင်းအောင်နှင့် ဦးရဲထွဋ်တို့၏ အသားစားကြက် ကောင်ရေ(၁၇၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်မှု စာရင်းဇယားများ စနစ်တကျမှတ်သားဆောင်ရွက်စေရန်၊ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် များလျော့ချနိုင်ရေးဆောင်ရွက်ရန်နှင့် ဒေသထွက် တိရစ္ဆာန်အစာများပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးများထောက်ပံ့ပေးခဲ့သည်။ အဆိုပါ အသားစားကြက်မွေးမြးရေးခြံတွင် အသားစားကြက်များကို လေအေးပေးစနစ်ဖြင့်မွေးမြူထားရှိပြီး ၃၅ရက်ပြည့်မှစတင်၍ တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့ရှိ ပိုင်ရှင်ဦးငြိမ်းချမ်းဦး၏ ဥစားကြက်ခြံသို့သွားရောက်၍ ကြက်ခြံ(၇)ခြံတွင် ဥစားကြက်ကောင်ရေ(၁၆၀၀၀)မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကြက်ဥထုတ်လုပ်မှု၊ ဈေးကွက်ရောင်းချမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှထုတ်လုပ်မှုကုန်ကျစရိတ် များလျော့ချနိုင်ရေး ထုတ်လုပ်သူများ၊ ရောင်းဝယ်သမားများ၊ ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ဈေးကွက်သုတေသနပြုလုပ်ကြရမှာဖြစ်ပြီး ရရှိလာသည့်ရလဒ်များကို လက်တွေ့ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး မွေးမြူရေးခြံသုံးဆေးဝါးများထောက်ပံ့ပေးခဲ့သည်။ အဆိုပါဥစားကြက်ခြံတွင် ကြက်ခြံ(၇)ခြံ၌ ဥစားကြက် ကောင်ရေ (၁၆၀၀၀) မွေးမြူထားရှိပြီး တစ်နေ့လျှင်ကြက်ဥ ပျမ်းမျှ (၁၃၀၀၀) ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ဟင်္သာတနည်းပညာတက္ကသိုလ်၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူ ၉၆ဦးတို့သည် လေ့လာရေးခရီးစဉ်အနေဖြင့် ငါးမွေးမြူရေး၊ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် လေ့လာနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာများ အတူတကွသုံးဆောင်ခဲ့ကြသည်။  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌက သွင်းအားစု၊ ထုတ်လုပ်မှုနှင့်ဈေးကွက်၊ အလုပ်အကိုင်ရရှိမှု၊ ငါးအစာတောင့်စက်ရုံကုန်ကြမ်းလိုအပ်ချက်နှင့် လုပ်ငန်းတိုးတက်မှုအခြေအနေ၊ စားသောက်ကုန်ထုတ်လုပ်မှုစက်ရုံ ကုန်ကြမ်းလိုအပ်ချက်၊ စပါးခွံလောင်စာသုံးဘွိုင်လာ၊ Gasifierစနစ်ဖြင့်  လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံများအတွက် ရက်၊ လ၊ နှစ်အလိုက်စပါးခွံလိုအပ်ချက်နှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စက်ရုံလည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၌ စပါးတင်းသိန်းပေါင်း(၄)ထောင်ကျော်ထွက်ရှိပြီး စပါးခွံတန်ချိန်(၁၈) သိန်းကျော်နှင့် ဖွဲနုတန်ချိန် (၇)သိန်းကျော်တန်ထွက်ရှိပါကြောင်း၊ စက်ရုံအတွက် တစ်နှစ်လိုအပ်မည့် စပါးခွံတန်ချိန်(၅)သိန်းကျော်နှင့် ဖွဲနုတန်ချိန်(၂)သိန်းကျော်အတွက် လုံလောက်မှုရှိရာ အချိန်မီစုဆောင်းသိုလှောင်ရန်လိုအပ်ပါကြောင်း၊ အခြားကုန်ကြမ်းများဖြစ်သည့် စကွဲ၊ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်မျိုးစုံလည်းထွက်ရှိပါကြောင်း၊ စက်ရုံများရာနှုန်းပြည့်ပြီးစီး၍ ဇီဝမြေဩဇာနှင့် တိရစ္ဆာန်အစာထုတ်လုပ်နိုင်ပါက စိုက်ပျိုးရေး၊ မွေးမြူရေး တောင်သူများသက်သက်သာသာဖြင့် မြေဩဇာများဝယ်ယူအသုံးပြုနိုင်မည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း၊ စက်ရုံ၏တိုးတက်မှုအခြေအနေများသိရှိနိုင် ရေးနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေးလာရောက်ခြင်းဖြစ်ပါကြောင်း”အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စပါးခွံလောင်စာသုံး boiler ဖြင့် Turbine စနစ်အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား (၁၅)မဂ္ဂါဝပ် (၂)လုံး (၃၀)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံအတွက် စက်ပစ္စည်းများရောက်လာမှုနှင့် တည်ဆောက် ရေး၊ တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နေမှု၊ စပါးခွံများ စနစ်တကျသိုလှောင်နိုင်ရန် သိုလှောင်ရုံများတည်ဆောက်နေမှုများ၊ အေးခဲစက်ရုံတွင် automated cold storage warehouse စနစ်တည်ဆောက်ရန် အပူချိန်ထိန်း နံရံပြားများနှင့် Insulation ဖော့ပြားများအသုံးပြု၍ နောက်ဆုံးကြမ်းခင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ အအေးပေးစက်များတပ်ဆင်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးစေရန်၊ လျှပ်စစ်ထုတ်စက်ရုံများ အမြန်ဆုံးတည်ဆောက်တပ်ဆင်ပြီးစီးစေရေးမှာကြားခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
08-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ချောင်းသာမြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းသာမြို့၊ Azuraဟိုတယ်၌ ပြုလုပ်သည့် ‌ဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်၍ “ ကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ယခုလအတွင်းဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ လျှပ်စစ်လိုအပ်ချက်များအတွက် ဆိုလာစနစ်၊ လေအားလျှပ်စစ်စနစ်များဖြင့် လျှပ်စစ်လိုအပ်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိကမ်းခြေများသို့ ယခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအထိ ငွေဆောင်၊ ချောင်းသာဟိုတယ်ဇုန်များသို့ ပြည်တွင်းပြည်ပခရီးသွား(၇)သိန်းကျော်ဝင်ရောက်ခဲ့ပါကြောင်းနှင့် စည်ပင်လိုင်စင်ရယူထားသည့် တည်းခိုခန်းများတွင်လည်း (၄)သိန်းကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း(၁၁)သိန်းကျော်ဝင်ရောက်ခဲ့ပါကြောင်း၊ အောက်တိုဘာလ သည်ပွင့်လင်းရာသီဖြစ်၍ ခရီးသွားများပိုမိုဝင်ရောက်လာတော့မှာဖြစ်ပြီး ခရီးသွားလုပ်ငန်း များပိုမိုဖွံ့ဖြိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက်ခရီးသွားများ ပိုမိုကျော်လွန်ဝင်ရောက်အောင် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားများတစ်ခေါက်လာရောက်သည်နှင့် ထပ်ကာထပ်ကာလာရောက်ချင်စိတ်များဖြစ်ပေါ်စေရေး ဝန်ဆောင်မှုကောင်းများပေးဆောင်ရန်လိုပါကြောင်း၊ ခရီးသွားများသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပိုင်းအားနည်းမှုများအပေါ် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊  ကမ်းခြေသာယာလှပရေးများအပြင် ခရီးသွားလာသူများ အေးချမ်းစွာ အပန်းဖြေအနားယူနိုင် ရေးနှင့် စည်းကမ်းတကျ သွားလာလည်ပတ်နိုင်စေရေး၊ ထိခိုက်မှုတစ်စုံတစ်ရာမရှိစေရေးနှင့် လုံခြုံမှုအပြည့်အဝရရှိစေရန်အတွက်လည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊  ပြည်တွင်းပြည်ပ ခရီးသွားများ အနေဖြင့် အပန်းဖြေရုံသက်သက်မကဘဲ  တိုင်းဒေသကြီးရှိမြို့ကြီးများ၏ အထင်ကရနေရာများ၊ ရှေးဟောင်းအဆောက်အဦများနှင့် တခြားဆွဲဆောင်မှုရှိသည့်နေရာများရှာဖွေ၍ စိတ်ဝင်စားဖွယ်ရာ၊ လေ့လာလည်ပတ်စရာခရီးစဉ်အသစ်များ ဖော်ဆောင်ရန်လိုအပ်ပြီး ခွင့်ပြုချက်များ ရယူဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများ ပိုမိုသန့်ရှင်းသာယာလှပစေရေးနှင့် ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖိုးတိုးတက်စေရေး ဟိုတယ်ဇုန်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လည်း လိုပါကြောင်းနှင့် အကြံကောင်းဉာဏ်ကောင်းများရှိပါကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ချောင်းသာရုံးခွဲတာဝန်ခံက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာများကိုရှင်းလင်းတင်ပြပြီးနောက်  တွေ့ဆုံပွဲသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးအဖွဲ့သယံဇာတရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်းလျှပ်စစ်ဖြန့်ဖြူးပေးနေမှုနှင့် လေအားလျှပ်စစ်၊ ရေအားလျပ်စစ်၊ Solar စနစ်များဖြင့် လျှပ်စစ်ထုတ်လုပ်နိုင် ​ရေး ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။


Read More...
07-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် သဘော့ကန်တံတားတည်ဆောက်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး၊ ရွှေသောင်ယံမြို့၊ ပြည်သူ့ ဆေးရုံသို့​သွားရောက်ကာ ​ဆေးရုံတက်​ရောက်ကုသလူနာများအားထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၆)မှ ဆောင်ရွက်လျက်ရှိသည့် သဘော့ကန်တံတားတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ သွားရောက်ခဲ့ရာ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၆) တာဝန်ခံမှ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်မည့် အခြေအနေများရှင်းလင်းတင်ပြမှုအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအ လေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့သည်။  အဆိုပါတံတားသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ငရုတ်ကောင်း - ငွေဆောင်- ချောင်းသာ - ရွှေသောင်ယံ- မကျီးဇင် - ကျောက်ချွန် -ဂွလမ်း (ရွှေသောင်ယံ - မကျီးဇင်အပိုင်း)၌တည်ရှိပြီး တံတားပေအရှည် ၁၅၉ဝ ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆လက်မ၊ ရေလမ်းကင်းလွတ်အမြင့် ၁၂ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၈၂.၁၂ပေနှင့် တံတားခံနိုင်ဝန် HL-93ရှိကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် သပေါ့ကန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့ရာ ကျောင်းအုပ်ကြီးက ကျောင်းအတွက်လိုအပ်ချက်များကို တင်ပြခဲ့ရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဝက်သေကျေးရွာသို့သွားရောက်၍ ပုသိမ်မြို့ နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင် နွယ်ညိုချောင်း-သဲကျင်း-ပိုးလောင်းလမ်း၌ ဝက်သေ ​ေချာင်းကူးသစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့၊ ပြည်သူ့ဆေးရုံ သို့​သွားရောက်ကာ ​ဆေးရုံတက်​ရောက်ကုသလူနာများအား လိုက်လံကြည့်ရှု အား​ပေးစကားများ​ပြောကြားခဲ့ပြီး ထောက်ပံ့​ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍  ဧည့်မထဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့နှင့်ချောင်းသာမြို့စိုက်ပျိုးရေးဉီးစီးဌာန၊ ခြံထွက်ဟင်းသီးဟင်းရွက် အရောင်းဆိုင်နှင့် ပုသိမ်မြို့နယ်နှင့် ရွှေသောင်ယံမြို့ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းသူလုပ်ငန်းရှင်များမှ အခြေခံစားသောက်ကုန်၊ ဟင်းသီးဟင်းရွက်များ၊ ငါး၊ ပုစွန်များကိုလည်းကောင်း ဝန်ထမ်းများနှင့် ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။  အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းသာမြို့ပြည်သူ့ဆေးရုံ သို့​သွားရောက်ကာ ​ဆေးရုံတက်​ရောက်ကုသလူနာများအား လိုက်လံကြည့်ရှု အား​ပေးစကားများ​ပြောကြားခဲ့ပြီး ထောက်ပံ့​ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍  ဧည့်မထဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့နှင့်ချောင်းသာမြို့စိုက်ပျိုးရေးဉီးစီးဌာန၊ ခြံထွက်ဟင်းသီးဟင်းရွက် အရောင်းဆိုင်နှင့် ပုသိမ်မြို့နယ်နှင့် ရွှေသောင်ယံမြို့ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းသူလုပ်ငန်းရှင်များမှ အခြေခံစားသောက်ကုန်၊ ဟင်းသီးဟင်းရွက်များ၊ ငါး၊ ပုစွန်များကိုလည်းကောင်း ဝန်ထမ်းများနှင့် ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
07-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်အားတက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (၁၄၀ပေ×၃၀ပေ)RCနှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး နှစ်ထပ်ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းပြုလုပ်ရာ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့်အခမ်းအနား ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၄၀ပေ×၃၀ပေ) RCနှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်နိုင်ခဲ့သဖြင့် မင်္ဂလာရှိသောနေ့ဟု ပြောရမှာဖြစ်ပါကြောင်းနှင့် ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၈၇.၅၇ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့သည့်အတွက်လည်း အနှစ်သာရပြည့်ဝသည့် အခမ်းအနားတစ်ခုဖြစ်သည်ဟု ပြောရမှာလည်းဖြစ်ပါကြောင်း၊ ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရရှုံးခဲ့သူများ၊ ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် အောင်မြင်စွာဖြေဆိုနိုင်ရေးစည်းရုံးဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှု၊ ကျောင်းတက်ရောက်မှုနှင့် အတန်းစဉ်ကူးပြောင်းမှုအများဆုံးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှပင်တွန်းအားပေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်းနှင့်ပညာရေးကိုလိုလားသည့် ဒေသဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တက်ညီလက်ညီဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ရာနှုန်းပြည့်အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ ကျောင်းဆောင်သစ်ဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပညာရေးဌာနသို့ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ပြီးနောက်  အုန်းချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက တိုင်းဒေသကြီးပညာရေးမှူးထံသို့ ကျောင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအတွက်ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ကြီးလက်ခံရယူခဲ့ပြီးနောက် အခမ်းအနားကို ကျောင်းသား၊ ကျောင်းသားသူလေးများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်မှုအားကြည့်ရှုအားပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။


Read More...
07-Oct-2023