သတင်းများ
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ၊ (၇)ရက်နေ့ ၊ (၁၅၃၀)အချိန်တွင် ပုသိမ်မြို့၊ ကျောက်တိုင်အားကစား ကွင်း၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနတိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ခရိုင်အသင်းမှ (၁-၀) ဖြင့်အနိုင်ရခဲ့ပြီး ပထမဆုရရှိသော ပုသိမ်ခရိုင်အသင်းအား ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ်စား ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ တံခွန်စိုက်ဆုဖလားချီးမြှင့်ခဲ့ပြီး နေရာအလိုက်အကောင်းဆုံး အားကစားသမားများအား တစ်ဉီးချင်းဆုနှင့်ငွေသားဆုများကို ကောင်စီအဖွဲ့ဝင်(၂) ဉီးတင်အေးမှလည်းကောင်း၊ ပထမဆုရရှိသော ပုသိမ်ခရိုင်မှ အားကစား သမားများအား တစ်ဉီးချင်းဆုနှင့်ငွေသားဆုများကို ကောင်စီအဖွဲ့ဝင်(၃) ဉီးအုန်းမြင့်မှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် မြောင်းမြခရိုင်မှအားကစားသမားများအား တစ်ဉီးချင်းဆုနှင့် ငွေသားဆုများကို ကောင်စီအဖွဲ့ဝင်(၅)တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းမှ လည်းကောင်း ဆုများကို အသီးသီးချီးမြှင့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Read More...
07-May-2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သမိုင်းဝင်ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် လေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ၊ (၇)ရက်နေ့ ၊ (၀၉၃၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်သည် ကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်၊ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးစိန်လွင်၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များနှင့်အတူ လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာ၊ သမိုင်းဝင်ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အဖွဲ့သည် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်သည့်နေရာသို့ ရောက်ရှိ၍ ထူပါရုံဘုရားကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိသည့်အခြေအနေများအား တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးစိန်လွင်မှ ရှင်းလင်းတင်ပြရာတွင် ထူပါရုံဘုရားကမ်းပါမှာ (၂၂.၈.၂၀၁၉)ရက်နေ့တွင် ရုတ်တရက် သည်းထန်စွာရွာသွန်းခဲ့သောမိုးရေများသည် ဘုရားရင်ပြင်တော်ပေါ်တွင် ဖြတ်သန်းစီးဆင်းပြီး ကျောက်စီတမံအပေါ်ပိုင်း အနောက်ဘက်ရှိ အဆောက်အဦဟောင်း အခြေမြေသားတွင်းပေါက် များမှတစ်ဆင့် တမံအောက်ပိုင်းအတွင်းသို့ စီးဝင်စီးထွက်၍ ကမ်းပါကျွံကျပြိုကျခြင်း၊ ထူပါရုံ ဘုရားသည် မြို့ကိုကာရံထားသော တာတမံနှင့်မြစ်ကမ်းအကြား အနိမ့်ပိုင်းတွင်တည်ရှိခြင်း၊ ရေဝပ်အိုင်များရှိ၍ မြစ်ရေများချိန်နှင့် မိုးရွာသွန်းချိန်များတွင်ရင်ပြင်တော်အားဖြတ်ကျော် စီးဆင်းခြင်း၊ အောက်ဘက်စိမ့်ထွက်ရေများရှိနေခြင်းတို့ကြောင့် မြေသားအားနည်းသည့် နေရာများမှ ကမ်းပါအိကျ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း၊ ကမ်းပြိုမှုကာကွယ်ရန်အတွက် ထူပါရုံဘုရား ကမ်းထိန်းလုပ်ငန်း၊ ရင်ပြင်တော်ပတ်ပတ်လည်ရေမြောင်းပြုလုပ်ခြင်းများ အတွက် တင်ဒါအောင်ကုန်ကျစရိတ် ကျပ်(၃၁၅)သန်းနှင့်သောင်တူးဖော်ခြင်းလုပ်ငန်းများ အတွက် ကုန်ကျစရိတ် ကျပ်(၂၃.၆၁၃၆)သန်း စုစုပေါင်းကုန်ကျစရိတ် ကျပ်(၃၃၈.၆၁၃၆)သန်း ဖြစ်ပါကြောင်းရှင်းလင်းတင်ပြခဲ့ရာ ကောင်စီအဖွဲ့ဝင်(၁)မှ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပြီး မြစ်ကမ်းထိန်းလုပ်ငန်းများအား လှည့်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အဖွဲ့သည် ထူပါရုံစေတီတော်၊ ဦးဘစိုးဓမ္မာရုံတွင် ဆရာတော် ဦးဝိသုတအား ဖူးမျှော်ကြည်ညိုပြီး ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများကိုဆပ်ကပ်လှူဒါန်း၍ ဆုံးမသြဝါဒခံယူ ခဲ့ပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စုနှင့် ကြိုးကြာကွင်းကျေးရွာ အုပ်စုအတွင်း (၆.၅.၂၀၂၁)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ဝါးအိမ်(၁၈)လုံးနှင့် သစ်သားအိမ်(၁)လုံးပြိုလဲခဲ့ပြီး လေဘေးသင့်အိမ်ထောင်စု (၁၈)စုအား လူနေအိမ် ဝါးအိမ်(၁)လုံးလျှင် (၁)သိန်းကျပ်နှင့် သစ်သားအိမ်(၁)လုံးလျှင် (၂)သိန်းကျပ် စုစုပေါင်း ကျပ်(၁၉)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းများအား လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
07-May-2021
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၁/၂၀၂၁) ကျင်းပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ၊ (၅)ရက်နေ့ ၊ (၁၄၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး(၁/၂၀၂၁)ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်၊ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးသက်ပိုင်၊ Aung Shwe Thee Construction Company Limited အုပ်ချုပ်မှုဒါရိုက်တာ၊ Ayeyarwaddy Rising Star Company Limited ဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Read More...
05-Jun-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် စက်ရုံ၊ အလုပ်ရုံများ၏ဝန်ထမ်းရေးရာကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ၊ (၅)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်သည် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးအလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီးအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှဦးစီးမှူး၊ ဧရာဝတီတိုင်းဒေသကြီးစက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံ (၁)ရုံနှင့် မြောင်းမြမြို့နယ်အတွင်းရှိ MAPCO စက်ရုံတို့မှတာဝန်ခံများနှင့် တွေ့ဆုံ၍ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်သားအင်အားလျှော့ချခြင်း၊ ဝန်ထမ်းလစာရာနှုန်းလျှော့ချခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
05-May-2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၈)ရက်နေ့ ၊ (၁၅၃၀)အချိန်တွင် ပုသိမ်မြို့၊ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖလား (၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အရာရှိကြီးများ၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်ကိုယ်စား ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ပြီး ဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
28-Apr-2021