သတင်းများ
ပုသိမ်မြို့၊ တိုင်းရင်းဆေးရုံတွင် ဖွင့်လှစ်ထားရှိသော Quarantine Center သို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ၊ (၂၁)ရက်နေ့ ၊ (၀၉၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ တိုင်းရင်းဆေးရုံတွင် ဖွင့်လှစ်ထားရှိသော Quarantine Center သို့ သွားရောက်၍ Covid-19 သံသယလူနာ ထားရှိကုသနေမှုအခြေအနေများနှင့် ဝန်ထမ်းများ၏လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကူညီထောက်ပံ့ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
21-May-2021
ကျုံပျော်မြို့နယ်၊ သောင်ကြီး-ဆိပ်ကြီးလမ်း၊ ဒါးကချောင်းကူးတံတားတည်ဆောက်ပြီးစီးမှု၊ ဟင်္သာတမြို့နယ်၊ ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတကမ်းနားတာအတွင်း ဖြတ်တာ အသစ်တည်ဆောက်ခြင်းနှင့် ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာ ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ၊ (၁၈)ရက်နေ့ ၊ (၀၈၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေး၊ ကောင်စီအဖွဲ့ဝင်(၅) ရဲမှူးကြီးတင်ဇော်ထွန်း၊ ကောင်စီ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလင်းထိုက်၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုနှင့် ခရိုင်/မြို့နယ် အဆင့်တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီး-ဆိပ်ကြီးလမ်း၊ မိုင်(၁/၂-၁/၃)၊ ဒါးကချောင်းကူးတံတားတည်ဆောက် ပြီးစီးမှုအခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလင်းထိုက်မှ တံတားဆိုင်ရာအချက်အလက်များအားရှင်းလင်းတင်ပြရာ ဒါးကချောင်းကူးတံတားသည် ၈.၁၂.၂၀၂၀ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး (၉၀%) တည်ဆောက်ပြီးဖြစ်ကြောင်း၊ ရန်ပုံငွေရရှိမှုမှာ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျပ်(၅၆.၅၀)သန်း (ပြည်ထောင်စုငွေလုံးငွေရင်း)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကျပ် (၃၀၀.၀၀)သန်း(ပြည်ထောင်စု ငွေလုံးငွေရင်း)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျပ် (၁၀၀.၀၀)သန်း(ပြည်ထောင်စုဖြည့်စွက်)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျပ်(၂၆၃.၀၀)သန်း(ပြည်ထောင်စုငွေလုံးငွေရင်း)ဖြစ်ကြောင်း၊ တံတားအမျိုးအစားမှာ အပေါ်ထည်- 18.3 m RC Girder ×5 Span သံကူကွန်ကရစ် ကြမ်းခင်းနှင့်လက်ရန်း၊ ကိုယ်ထည်- သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ အုတ်မြစ်- 1.0 m Æ Bored Pile Foundation ဖြစ်ကြောင်း၊ တံတား၏အရှည်မှာ (၉၁.၃၄)မီတာ (၃၀၀)ပေရှိပြီး ခွင့်ပြုယာဉ်အလေးချိန်မှာ (၂၀)တန်ဖြစ်ကြောင်း၊ ကျေးရွာစုစုပေါင်း(၈)ရွာ၊ အိမ်ခြေ(၇၀၁)အိမ်၊ လူဦးရေ(၃၃၃၉)ဦးတို့ အတွက် အကျိုးပြုမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည်(၁၀၃၀)အချိန်၌ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတကမ်းနားတာအတွင်း ဖြတ်တာအသစ်တည်ဆောက်ခြင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတိုင်းဦးစီးမှုးဦးကြည်ဆွေမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်း တင်ပြခဲ့ရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၀၅၀)အချိန်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ကျေးရွာ ကမ်းထိန်းလုပ်ငန်း၊ အခြေထိန်း Geo-Bag များ အလျား(၅၅၀)ပေ ချထားခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းမှ ရှင်းလင်းတင်ပြခဲ့ရာ ကမ်းထိန်းလုပ်ငန်းအား တိုင်းဒေသကြီး မူလခွင့်ပြုရန်ပုံငွေ(၁၇၃.၉)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၇.၁.၂၀၂၁ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ပြီး ၃၀.၅.၂၀၂၁ရက်နေ့တွင် လုပ်ငန်း ပြီးဆုံးမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်ကြရန်နှင့် လိုအပ် သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
18-May-2021
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်/မြို့ စည်ပင်သာရေးအဖွဲ့များ၏ (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ၊ (၁၇)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ မြို့တော် ခန်းမတွင်ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်/ မြို့စည်ပင်သာရေးအဖွဲ့များ၏ (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်/မြို့ အဆင့် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တာဝန်ခံအင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အမှာစကားပြော ကြားခဲ့ကာ အစည်းအဝေးပထမပိုင်းအား ခေတ္တရပ်နားခဲ့ပါသည်။ အစည်းအဝေးဒုတိယပိုင်းတွင် ကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောင်ရွက်မှု(တိုင်းချုပ်)အား ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်/မြို့ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများမှ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီအဖွဲ့ဝင်(၁)မှ မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
17-May-2021
အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်ခြင်း
Read More...
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရန်နှင့် အမျိုးသမီးငယ်များအား အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်ဟူသော ရည်ရွယ်ချက်(၂)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ၊ (၁၇)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့မှ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ သင်ခန်းစာနမူနာ ဒီဇိုင်းလက်ရာများအား လိုက်လံကြည့်ရှုခဲ့ကြ ပါသည်။ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် သင်တန်းသူ(၃၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၇.၅.၂၀၂၁)ရက်နေ့မှ (၁၇.၉.၂၀၂၁)ရက်နေ့အထိ (၁၈)ပတ်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Read More...
17-May-2021
ပုသိမ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၆)အခြေခံပညာမူလတန်း ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်းအခြေခံပညာကျောင်းများ သက်မှတ်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ၊ (၁၅)ရက်နေ့၊ နံနက်(၀၈၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်း ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပါသည်။ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ရာတွင် တပ်မတော်မှအရာရှိအရာခံစစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား(၂၀၀)ဦးတို့ဖြင့် ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်အရာရှိကြီးများ၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Read More...
30-Nov--0001