သတင်းများ


၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်းအားအောင်နိုင်ရေးအလံပေးအပ်တက်ရောက်
၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်းအားအောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အားကစား အောင်နိုင်ရေးအတွက်အကောင်းဆုံးအားကစားသမားများရွေးချယ်ပြီး လေ့ကျင့်သားပြည့်ဝစေရန်နှင့်ပြိုင်ပွဲစည်းကမ်းများနှင့်အညီ ကြိုတင်ပြင်ဆင်၍ နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ပါကြောင်း၊ တစ်ဦးချင်းကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် အောင်မြင်မှုရရှိစေရေးကြိုးစားကြမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး စားဘိလိယက်နှင့်စနူကာအသင်းအနေဖြင့်  အောင်မြင်မှုများရရှိရေးကြိုးစားကြရန်လိုပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်၊ လေ့ကျင့်မှုမပြက်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွက် အောင်မြင်မှုများရရှိစေရေး အစွမ်းကုန်ကြိုးစာကြရန်”‌ပြော ကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာ အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။  တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ စုစုပေါင်း ၁၅ ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရှိရသည်။


Read More...
19-Sep-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုက်ရာဌာနဆိုင်ရာများနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက video confrencing စနစ်ဖြင့်တက်ရာက်ကြပါသည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာကော်မတီများအလိုက် အစည်းအဝေးညွှန်ကြားချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများနှင့် သြဂုတ်လမှစ၍ ယာဉ်မတော်ဆမှုဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြပေးစေလိုကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်အသုံးပြုစေရေး၊ ထိခိုက်မှုများမှ အကာအကွယ်ပေးနိုင်သည့်အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုတ်များ ဝတ်ဆင်မောင်းနှင်စေရေးတို့အတွက် ခရိုင်၊မြို့နယ်၊ မြို့၊ ရပ်ကွက်ကျေးရွာများမထိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပးဆိုင်းဘုတ်များစိုက်ထူခြင်းများ ဆောင်ရွက်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများပါ ထိထိရောက်ရောက်ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများအားလုံးလိုက်ပါဆောက်ရွက်စေရေး ဌာနဆိုင်ရာများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ လမ်းဆုံလမ်းခွများ၊ ယာဉ်မတော်တဆမှုဖြစ်ပွားလေ့ရှိသည့်နေရာများ၊ လူစည်ကားရာနေများတွင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ထော်လာဂျီများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီစနစ်တကျသွားလာမောင်းနှင်ဆောင်ရွက်စေရေးစစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ လိုင်စင်မဲ့ယာဉ်များ၊ စည်းကမ်းပျက်ယာဉ်များ အသုံးပြုမှုမရှိစေရေးစစ်ဆေးကြပ်မက်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  ယာဉ်မတော်တဆမှုများလျော့နည်းပပျောက်စေရေး ဆောင်ရွက်ရမည့်နည်းလမ်းများဆွေးနွေးကြပြီး တိတိကျကျလိုက်နာဆောက်ရွက်ရန်နှင့်  သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်မှာကြားပါသည်။  ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ တွဲဘက်အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့ခွဲမှူးမှလည်းကောင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများတင်ပြဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများမှ အထွေထွေတင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကိုဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀% လျှော့ချနိုင်ရေးရည်မှန်းချက်ထားဆောင်ရွက်ရန်ပြောကြားခဲ့ပြီးလိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
19-Sep-2022
၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌  ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားသည် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းစဉ်များကို ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားပြီး လူသားများနှင့်ကမ္ဘာပေါ် ရှိသက်ရှိများကို ကောင်းမွန်သောအိုဇုန်းလွှာဖြင့်ဆက်လက်၍ အကာအကွယ်ပေးသွားနိုင်ရန်၊ အိုဇုန်းလွှာပျက်စီးမှုမရှိသောကမ္ဘာ့ပူနွေးမှုညွှန်းကိန်းနိမ့်ဒြပ်ပစ္စည်းများအစားထိုးအသုံးပြုခြင်းဖြင့် ပိုမိုအေးမြသည့်ကမ္ဘာကြီးဖြစ်လာစေရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကိုချမှတ်နိုင်ခဲ့ပြီး အိုဇုန်းလွှာပျက်စီးစေသည့်ဒြပ်ပစ္စည်းများဆိုင်ရာမွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကိုထပ်မံ ချုပ်ဆိုနိုင်ခဲ့ကာ စာချုပ်ပါအချက်များအားပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့ကြ၍ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၈နိုင်ငံ လက်မှတ်ရေးထိုးကာ စာချုပ်ပါကတိကဝတ်များအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ၂၀၀၈ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၁၈ခုနှစ်တွင်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့ကာ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးများအနေဖြင့်နှစ်စဉ် စက်တင်ဘာလ၁၆ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်မှာ "Montreal Protocol @35: global cooperation protecting life on earth" ၃၅နှစ်တာမွန်ထရီရယ်အောင်မြင်မှုခရီး သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်းပူးပေါင်းဆောင်ရွက်စို့ ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုပေါ်တွင် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုရှိပုံနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ယင်းသဘောတူစာချုပ်ပေါ်တွင်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်၊ ကမ္ဘာပေါ်ရှိနိုင်ငံများလက်ရှိကြုံတွေ့နေရသည့် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် ကမ္ဘာမြေပေါ်ရှိသက်ရှိများကိုကာကွယ်နိုင်ရန်ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဖွံ့ဖြိုးစေရန်လိုအပ်ကြောင်း အသိအမှတ်ပြုစေလိုခြင်းဖြစ်ပါကြောင်းနှင့် လူသားများနှင့် ကမ္ဘာပေါ်ရှိ သက်ရှိများကိုကောင်းမွန်သောအိုဇုန်းလွှာဖြင့် ဆက်လက်၍ အကာအကွယ်ပေးသွားနိုင်ရန်၊ ကမ္ဘာ့လေထုလွှာအတွင်းအိုဇုန်းလွှာပျက်စီးစေသည့်ဒြပ်ပစ္စည်းများမရောက်ရှိစေရန်နှင့် ကောင်းမွန်သာယာလှပပြီး သန့်ရှင်းသည့်ကမ္ဘာကြီးကိုပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်သစ်များအားလက်ဆင့်ကမ်းပေးနိုင်စေရန်အတွက် တက်ရောက်လာသူများအနေဖြင့်တစ်ဦးတစ်ယောက်ခြင်းအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းများဖြင့်သော်လည်းကောင်း သက်ရှိများအတွက်သာမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ အရေးပါသည့်အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ”ပြောကြားသည်။  ဆက်လက်၍ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံမှ ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ ထို့နောက် ၂၀၂၂ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး Video Clip ပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး အထိမ်းအမှတ်မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ်ပြသထားသောပြခန်းများကိုလှည့်လှည်ကြည့်ရှုခဲ့ကြပါသည်။


Read More...
19-Sep-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည်ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများကြိုဆိုပွဲနှင့် ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းအချိန်တွင်  ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများကြိုဆိုပွဲတက်ရောက်ခဲ့ပါသည်။ ဦးစွာ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများမှ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကြိုဆိုအမှာစကားပြောကြားရာ" ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးနှင့်ရင်းနှီးမြှုပ်နှံရမှဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆရာ၊ဆရာမများဖြစ်လာကြရန်အတွက် သင်တန်းများပို့ချပေးခြင်းဖြစ်ပြီး လက်တွေ့နယ်ပယ်တွင်ဆက်လက်လေ့လာသင်ယူကြရမှာဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် ပညာလည်းသင်လူကိုလည်းပြုပြင်ပေးကြရန်၊ လောကကို ပညာဖြင့်အလှဆင်သူများ ဖြစ်ကြရန်၊ လောကကိုဂရုဏာဖြင့်ဖြေဖျောက်သူများဖြစ်ကြရန်၊ အများအကြိုးကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တက်သူများဖြစ်ကြရန်၊စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့်နာသုံးနာအပြင် ဆရာ၊ဆရာမ များ၏စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားရေးအတွက်အစဉ်လေ့လာသင်ယူနေကြသည့် ထာဝရကျောင်းသားကြီးများဖြစ်ကြရန် ၊ကျောင်းသူ၊ သားများ၏ အတုယူစရာ စံနမူနာပြများ ဖြစ်စေရေး ဆရာကျင့်ဝတ်နှင့်အညီ ပြုမှုနေထိုင်ကြရန်၊ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ဆရာမများ​ဖြစ်စေရေးကြိုးစားကြရန် နှင့် သင်တန်းမှ သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာသင်ယူဆည်းပူးကြရန် မှာကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ ယနေ့တွင် တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး ပညာရေးဒီဂရီကောလိပ်များတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၈/၂၀၂၂) ကျောင်းသားကျောင်းသူများကြိုဆိုပွဲများဖွင့်လှစ်ခဲ့ကြပြီး ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားကျောင်းသူ ၁၀၄၉ဦး၊  မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားကျောင်းသူ ၃၉၂ဦးနှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားကျောင်းသူ ၅၆၂ဦး တက်ရောက်လျက်ရှိကြကာ ယခုလ (၁)ရက်နေ့မှအောက်တိုဘာလ (၃၁)ရက်နေ့အထိသင်ကြားပို့ချသွားမှာဖြစ်ကြောင်းသိရှိရသည်။  ဆက်လက်၍ ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများ၊ (၆)ခရိုင် အမျိုးသားဘောလုံးအသင်း အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ အားကစား သမားများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့်ယှဉ်ပြိုင်ကစားနိုင်ရေး၊ တိုင်းဒေသကြီးကိုယ်စားပြု  ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများကလည်း အားကစားသမားကောင်းပီသစွာ ဇွဲ၊ စိတ်ဓာတ်ကိုအရင်းခံ၍ အနိုင်မခံအရှုံးမပေးယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ အားကစားအဆင့်အတန်းပိုမိုမြင့်မားလာစေရေး ရာသီအလိုက်၊ သက်တမ်းအလိုက်၊ အခြေခံပညာအလိုက်၊ အဆင့်မြင့်ပညာအလိုက်စသည် အားကစားပွဲများကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ဘောလုံးအားကစားသည် ခွန်အားနဲ့ဉာဏ်ရည်ကို စနစ်တကျ မှန်ကန်စွာလှုပ်ရှားရမှု၊ ဇွဲရှိမှု၊ ယှဉ်ပြိုင်မှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊စိတ်ဓာတ်ကြံ့ခိုင်မှု စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုတို့ဖြင့် ယှဉ်ပြိုင်ကစားရခြင်းဖြစ်တာကြောင့် မိမိဒေသရဲ့ဂုဏ်သတင်းကိုအားကစားဖြင့် မြှင်တင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် မိမိတို့၏ တိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြား၍ ၂၀၂၂ခုနှစ်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက် စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်ယှဉ်ပြိုင်ကစားကြသည့် ဘောလုံးအကယ်ဒမီ(ပုသိမ်)အသင်းနှင့် ဖျာပုံခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို (ပုသိမ်၊ ဟင်္သာတ၊မြောင်းမြ၊မအူပင်၊ဖျာပုံ၊ လပွတ္တာ)ခရိုင်(၆)ခရိုင်နှင့် ဘောလုံးအကယ်ဒမီ(ပုသိမ်)၊စုစုပေါင်းအသင်း(၇) သင်းဖြင့် ၁၅.၉ ၂၀၂၂ရက်နေ့မှ၂၄ .၉.၂၀၂၂ ရက်နေ့အထိကျင်းပပြုလုပ် သွားမှာ ဖြစ်ကြောင်းသိရှိရပါသည်။


Read More...
15-Sep-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုပေးပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲစဉ်ယှဉ်ပြိုင်ကစားကြသည့် ကျုံပျော်ခရိုင်အသင်းနှင့် မအူပင်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျုံပျော်ခရိုင်အသင်းမှ ၂ဂိုးဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။  ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် လပွတ္တာခရိုင်အသင်းမှအားကစားသမားတစ်ဦးချင်းအား တိုင်းဒေသကြီးဥပဒေချုပ်မှလည်းကောင်း၊ ဒု တိယဆုရရှိသည့် မအူပင်ခရိုင်အသင်းမှ အားကစားသမားတစ်ဦးချင်းအား တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း၊ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းမှ အားကစားသမားတစ်ဦးချင်းအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးအားကစားသမား(၅)ဦးအား သယံဇာတရေးရာဝန်ကြီးမှလည်းကောင်းတစ်ဦးချင်းဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တတိယဆုရရှိသည့် လပွတ္တာခရိုင်အသင်းအား တတိယဆုဖလားကို စီးပွားရေးရာဝန်ကြီးမှလည်းကောင်း၊ ဒုတိယဆုရှိသည့် မအူပင်ခရိုင်အသင်းအား ဒုတိယဆုဖလားကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ မှဆုဖလားချီးမြှင့်ခဲ့ကြကာ  တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းအား ပထမဆုဖလားနှင့် ချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
12-Sep-2022