သတင်းများ


ဧရာဝတီတိုင်းဒေသကြီး၏ မြန့်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးသည့်အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၏ မြန့်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်‌ဆေးသည့်အခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြိုင်ပွဲဝင်များနှင့် အကဲဖြတ်ဒိုင်များ  တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“၂၃ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊အက၊အရေး၊အတီးဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား စခန်းသွင်းလေ့ကျင့်ပေးလျှက်ရှိရာ ပြိုင်ပွဲဝင်မည့်ပုံစံအတိုင်း အရည်အချင်း စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ လေ့ကျင့်သား ပိုမိုပြည့်ဝလာသည်နှင့် ဆုတံဆိပ်များ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် စခန်းသွင်းလေ့ကျင့်နေစဉ် ကာလအတွင်း ကျန်းမာရေးကိုလည်း အထူးဂရုပြုနေထိုင်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊အက၊အရေး၊အတီး၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့၏အနုပညာစွမ်းရည်အား အစွမ်းကုန်ဖော်ထုတ်၍ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရယူနိုင်ပါစေကြောင်း”ပြောကြားသည်။ ဆက်လက်၍ (ဝါသနာရှင် ဒုတိယတန်း (အဆို)မဟာဂီတ)၊ (ဝါသနာရှင် ပထမတန်း(တစ်ဦးချင်းအက))၊ (အဆင့်မြင့်ပညာရှင်(အတီး)ဂီတာ၊မယ်ဒလင်)၊(ဝါသနာရှင်ပထမတန်း(ဆိုင်းအဖွဲ့လိုက်)(ကျား)၊ (ဝါသနာရှင်ဒုတိယတန်း(ဆိုင်းအဖွဲ့လိုက်)(မ)နှင့် (ဝါသနာရှင် ဒုတိယတန်း(အတီး)မယ်ဒလင်)တို့၏ အရည်အချင်းစစ် အနုပညာစွမ်းရည်များပြသခဲ့ကြပြီး အကဲဖြတ်ဒိုင်များက တစ်ဦးချင်းပြည်လည်သုံးသပ်ဆွေးနွေးခဲ့တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။


Read More...
26-Sep-2022
တိုင်းဒေသကြီးအတွင်း နေကြာသီးနှံသီးထပ်စိုက်ပျိုးနိုင်ရေးနှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ နေကြာသီးနှံသီးထပ်စိုက်ပျိုးနိုင်ရေးနှင့်ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဆောင်းနေကြာသီးထပ်စိုက်ပျိုးနိုင်ရန်အတွက် မိုးနေကြာ မျိုးစေ့ထုတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထပ်မံလိုအပ်မည့် နေကြာမျိုးများအား အချိန်မီ စုဆောင်းရန် လိုပါကြောင်း၊  Contract Farming စနစ်ဖြင့် အကျိုးတူဆောင်ရွက်မည့်သူများရှာဖွေရမည့်အပြင် ရေလိုအပ်သည့်အချိန်တွင် ရေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နေကြာဆီစက်များ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးလျှက်ရှိသည့်တောင်သူများနှင့် တွေ့ဆုံဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ဆောင်မည့်အခြေအနေများအား တင်ပြဆွေးနွေးရန်လိုပါကြောင်း၊ ကော်ဖီစိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအား အသိပညာပေးရန်လိုပါကြောင်း”ပြောကြားသည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊စီးပွားရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က နေကြာသီးထပ်စိုက်ပျိုးနိုင်ရေး မြေနေရာစုဖွဲ့မှု မျိုးလိုအပ်ချက်များနှင့် မျိုးစေ့စုဆောင်ရရှိမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့် သက်ဆိုင်ရာဌာနများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားဆွေးနွေးခဲ့ကြောင်းသိရသည်။


Read More...
25-Sep-2022
၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့် ဂုဏ်ထူးဆောင်/ထူးချွန်ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဂုဏ်ပြုချီးမြှင့်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၂ခုနှစ်“ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်နှင့်ဂုဏ်ထူးဆောင်/ထူးချွန်ဆုရရှိသူများအားဂုဏ်ပြုပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ နယ်မြေခံလေတပ်စခန်းဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပြည်သူလူထုအကျိုးအား ဆောင်ရွက်ပေးနေကြသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း ကဏ္ဍသည်အလွန်အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊‌ ရှေးဦးပြုစုပေးခြင်းဖြင့် လူနာ၏ထိခိုက်ဒဏ်ရာနှင့် နာကျင်ခံစားမှုများအား လျော့နည်းသက်သာစေပြီး အသက်ရှင်သန်စေရန် အခွင့်အလမ်းများ ပိုမိုရရှိစေမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် အကူအညီလိုအပ်သူများ အတွက် အကူအညီများပေးခြင်း ၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုး ကြုံတွေ့မှုများတွင် ကူညီပေးခြင်း၊ စေတနာသွေးလှူရှင်လုပ်ငန်းများနှင့် အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက် ပေးလျက်ရှိခြင်းစသော လူမှုကရုဏာ အကူအညီများကို ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့ခြင်းများအတွက် ကျေးဇူးတင်ပါကြောင်းနှင့်ဆက်လက်၍ စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ ၂၀၂၂ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့  ယခုနှစ်ဆောင်ပုဒ်ဖြစ်သော “ ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာသင်ယူပါ” "Lifelong First Aid Learning"အတိုင်း လူမှုအသိုင်းအဝိုင်းအတွင်း လူသားချင်းစာနာမှုကို အခြေခံသောရှေးဦးပြုစုခြင်း အလေ့အကျင့်ကောင်းများဖြင့် နိုင်ငံ့အကျိုးပြု၊ တိုင်းဒေသကြီး အကျိုးပြု၊ ပြည်သူ့ အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို ရှေးဦးပြုစုခြင်း အတတ်ပညာရပ်များ သင်ယူကြပြီး ယခုထက်ပိုမို စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက် သွားကြရန်တိုက်တွန်းပါကြောင်း”ပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် မှတ်တမ်း Videoပြသသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံကြက်ခြေနီအသင်းကချီးမြှင့်သည့် ရှေးဦးပြုစုခြင်းဆိုင်ရာ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးဆု ရရှိခဲ့သည့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအား ထပ်ဆင့်ဂုဏ်ပြုဆုနှင့် အကြိမ် (၆၀) နှင့်အထက် စေတနာသွေးလှူရှင်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဂုဏ်ထူးဆောင် အမှုဆောင်နှင့် ဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင် များအားဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား နယ်မြေခံလေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ရှေးဦးပြုစုခြင်းဖြင့် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည့်တပ်ဖွဲ့ဝင်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအားလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့ကလည်း‌ကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်ပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


Read More...
25-Sep-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၆ နှစ်အောက် အမျိုးသား‌ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ချီးမြှင့်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင်အသက်၁၆နှစ်အောက် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့ ညနေပိုင်းတွင် ကိုးသိန်းဘောလုံးအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ဘောလုံးဝါသနာရှင် ပြည်သူများတက်ရောက်ကြည့်ရှုအားပေးသည်။ ဗိုလ်လုပွဲတွင် ဘောလုံးအကယ်ဒမီအသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ခရိုင်အသင်းက‌ ဘောလုံးအကယ်ဒမီအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားအားပြုလုပ်ရာ ဆုရရှိသည့်ခရိုင်များမှ အားကစားသမားများက နေရာယူကြပြီး ဒုတိယဆုရရှိသည့် ဘောလုံးအကယ်ဒမီအသင်းမှ အားကစားသမားများအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှအားကစားသမားများအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊နေရာအလိုက်အကောင်းဆုံး အားကစားသမားဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်းအသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား ဂုဏ်ပြုဆုဖလားချီးမြှင့်ပေးခဲ့သည်။အဆိုပါဘောလုံးပွဲအားယခုလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိကျင်းပခဲ့ကြောင်းသိရသည်။


Read More...
24-Sep-2022
ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ်၊ မြို့၊ ရပ်ကွက်၊ကျေးရွာများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) လုပ်ကိုင်လည်ပတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်ဦးရပ်ကွက်ရှိ လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီမြတ်ကြီး ပရဝဏ်အတွင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအားကြည့်ရှု စစ်ဆေးပြီး အမှိုက်နှင့်ခြုံနွယ်များနေ့စဉ်ရှင်းလင်းဆောင်ရွက်ရေးနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့အားမှာကြားသည်။ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဂင့်ချွန်မုန့်လုပ်ငန်း၊ ဂွတ်ရှယ် ကြက်အူချောင်း၊ ဝက်အူချောင်းလုပ်ငန်း၊ ရွှေကညင်ပုသိမ်ထီးလုပ်ငန်း၊ ATW ကြက်စာ၊ဝက်စာလုပ်ငန်း၊ ပုသိမ် ကွန်ပျူတာပန်းထိုးစက်ရုံနှင့် ရွှေမြင်းပျံ ပုသိမ်ဟာလဝါလုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်လည်ပတ်မှုအခြေအနေများအား မေးမြန်းရာ တာဝန်ရှိသူများ၏ ဖြေကြားတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က စားသုံးကုန်များထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ရေး၊ဓာတုဆိုးဆေးများအသုံးမပြုရေး၊ပြည်သူများ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရေးအတွက်အလေးထားဆောင်ရွက်ရေး၊ပုသိမ်ထီးများကို ပြည်တွင်း ပြည်ပခရီးသွားများအတွက်ခိုင်ခံ့မှုနှင့်အရည်အသွေးကောင်းမွန်ရေးအလေးထားဆောင်ရွက်ရေး၊ဝက်စာ၊ကြက်စာများ ထုတ်လုပ်မှု လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရေး၊ပြည်တွင်းထုတ်ကုန်များအား ပြည်ပထုတ်ကုန်များနှင့်ယှဉ်ပြိုင်နိုင်သည်အထိ အရည်အသွေးကိုအဓိကထားဆောင်ရွက်ရေး၊တစ်လအတွင်းထုတ်လုပ်မှုအား စနစ်တကျမှတ်တမ်းထားရှိရေး၊စက်ရုံများတွင်လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေးတို့အားမှာကြားသည်။ ဆက်လက်၍  ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ “မြို့အင်္ဂါရပ်နှင့်အညီ လမ်းတိုင်း၊ရပ်ကွက်တိုင်းသန့်ရှင်းသာယာလှပရေးအား အလေးထားဆောင်ရွက်ရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် ပြည်သူများသန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေရေး စည်းရုံးရန်၊ တက္ကသိုလ်ဝင်စာမေးပွဲစနစ်ဟောင်းတွင် ဝင်ရောက်ဖြေဆိုသူများအနေဖြင့် စာသင်ဝိုင်း၊ စာဖတ်ဝိုင်းများသို့ ရောက်ရှိလာစေရေးဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်နှင့်ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံနိုင်ရေးကြပ်မတ်ရွက်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း စနစ်တကျမောင်းနှင်သွားလာနိုင်ရေးအတွက် နေ့စဉ်စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း”မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


Read More...
24-Sep-2022